ရိုးမရန်ကုန် မာရသွန်ပြိုင်ပွဲ၌ ကင်ညာနိုင်ငံသားများ အနိုင်ရရှိ

ပြည်တွင်းပြည်ပက ပါဝင်ယှဉ်ပြိုင်သူဦးရေ ၉,၀၀၀ ကျော်ရှိခဲ့တဲ့ ၇ ကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲရဲ့ မာရသွန်အပြည့်နဲ့ မာရသွန်တစ်ဝက်ပြိုင်ပွဲတွေမှာ ကင်ညာနိုင်ငံသားအများစု အနိုင်ရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့တဲ့ အဲဒီမာရသွန်ပြိုင်ပွဲရဲ့ အမျိုးသား မာရသွန်အပြည့် ပြိုင်ပွဲမှာ ကင်ညာနိုင်ငံက Peter Ket က စံချိန် ၂ နာရီ ၃၀ မိနစ် ၁၃ စက္ကန့်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကင်ညာနိုင်ငံသားတွေပဲဖြစ်ကြတဲ့ Hillary Kipkering နဲ့ Knockkipchirchir Kigen တို့က ဒုတိယနဲ့တတိယအသီးသီး ရရှိသွားကြပါတယ်။

မာရသွန်အပြည့် အမျိုးသမီးပြိုင်ပွဲမှာတော့ ကင်ညာ u Margaret Wangui က စံချိန် ၂ နာရီ ၅၂ မိနစ် ၃၅ စက္ကန့်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ သူ့နောက်မှတော့ ကင်ညာက Mercy Jelimo က ဒုတိယနဲ့ မြန်မာနိုင်ငံက မြင့်မြင့်က တတိယအသီးသီး ရရှိကြပါတယ်။

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို မာရသွန်အပြည့် (၄၂ ကီလိုမီတာ)၊ မာရသွန်တစ်ဝက် (၂၁ ကီလိုမီတာ)၊ စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) နဲ့ ၃ ကီလိုမီတာ အပျော်တမ်း အပြေး/လမ်းလျှောက်ပြိုင်ပွဲဆိုပြီး ခွဲခြားကျင်းပခဲ့တာဖြစ်ပါတယ်။

အမျိုးသား၊ အမျိုးသမီး မာရသွန်တစ်ဝက် ပြိုင်ပွဲတွေမှာလည်း ပထမ၊ ဒုတိယနဲ့ တတိယဆုတွေအားလုံးကို ကင်ညာနိုင်ငံသားတွေကပဲ ရရှိသွားကြပါတယ်။

ဆုကြေးတွေအနေနဲ့ကတော့ အမျိုးသား၊ အမျိုးသမီး မာရသွန်အပြည့်အတွက် ပထမ အမေရိကန်ဒေါ်လာ ၂,၇၀၀၊ ဒုတိယ ဒေါ်လာ ၁,၄၀၀ နဲ့ တတိယ ဒေါ်လာ ၉၀၀ တို့ ဖြစ်ကြပြီး အမျိုးသား၊ အမျိုသမီး မာရသွန်တစ်ဝက်ပြိုင်ပွဲအတွက်ကိုတော့ ပထမ ဒေါ်လာ ၁,၆၀၀၊ ဒုတိယ ဒေါ်လာ ၉,၀၀ နဲ့ တတိယဒေါ်လာ ၅၀၀ စီ ပေးအပ်တာဖြစ်ပါတယ်။

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် (YYIM )ကို Yoma Strategic Holdings Ltd (Yoma Strategic)၊ First Myanmar Investment Public Company Limited (FMI) နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့ ပူးပေါင်းစီစဉ်ကျင်းပတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ တစ်ခုတည်းသော အကြီးမားဆုံး မာရသွန်အပြေးပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ ယခုနှစ်မှာ “Run for Children” ဆိုသည့် ဆောင်ပုဒ်နဲ့ ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲကြီးက ရရှိလာတဲ့ ရန်ပုံငွေတွေကို ပရဟိတအဖွဲ့အစည်း ငါးဖွဲ့ထံ ထောက်ပံ့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.