ကယားပြည်နယ်မြို့တော်၌ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်ဆံအသုံးပြု ဖြိုခွဲ

အေအက်ဖ်ပီ

ကယားပြည်နယ်ရဲ့မြို့တော်မှာ အငြင်းပွားဖွယ် ရုပ်တုသစ်တစ်ခု စိုက်ထူမှုကို ကန့်ကွက်တဲ့ ဆန္ဒပြသူထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ရာဘာကျည်ဆံတွေအသုံးပြုပြီး ပြည်ထောင်စုနေ့ နံနက်ပိုင်းက ဖြိုခွဲခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက အေအက်ဖ်ပီကို ပြောပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေတဲ့ရုပ်တုကို ကန့်ကွက်မှုတွေ အပြင်းအထန်ရှိနေတဲ့ကြားကပဲ မြို့တော် လွိုင်ကော်မှာ ဖေဖော်ဝါရီလ အစောပိုင်းက စိုက်ထူခဲ့ပါတယ်။

ဗြိတိသျှကိုလိုနီလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ လွတ်လပ်ရေးဖခင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြပါတယ်။

ဒါပေမယ့် လွတ်လပ်ရေးမရရှိခင် ၁၉၄၈ ခုနှစ်မှာ လုပ်ကြံခံခဲ့ရခဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားတွေက ဗမာကြီးစိုးရေးဝါဒသွပ်သွင်းမှုအဖြစ် ရှုမြင်ထားမှုတွေလည်း ရှိနေပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းမှာ လူထောင်ပေါင်းများစွာဟာ ကယားပြည်နယ်လွှတ်တော်ရှေ့ကို ချီတက်ခဲ့ကြပါတယ်။ ဒါပေမယ့် သံဆူးကြိုးတွေကာထားတဲ့နောက်မှာ အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံတွေဝတ်ပြီး တန်းစီရပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို တားဆီးခဲ့ပါတယ်။

လူအုပ်ထဲကို ရဲတွေက ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ မျိုးလှိုင်ဝင်းက အေအက်ဖ်ပီကို တယ်လီဖုန်းကတစ်ဆင့် ပြောပါတယ်။

“လက်နက်မပါတဲ့သူတွေကို သူတို့က တိုက်ခိုက်တဲ့တာ။ ဒီမိုကရေစီအစိုးရလက်အောက်မှာ ဒါမျိုးတွေ မဖြစ်သင့်ဘူး” လို့ သူကပြောပါတယ်။

ရာဘာကျည်ဆံထိမှန်ခဲ့သူတွေရဲ့ ဒဏ်ရာတွေက သွေးတွေကို ဆရာဝန်တွေက ကုသပေးနေတာတွေကို ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။ ဒဏ်ရာရရှိသူအများစုဟာ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြပါတယ်။

၂၀၁၇ ခုနှစ်ကလည်း မွန်ပြည်နယ်မှာရှိတဲ့ တံတားတစ်စင်းကို ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခဲ့တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

“ကျွန်တော်တို့ သူရဲကောင်းတွေရဲ့ ရုပ်တုတွေပဲ စိုက်ထူချင်တာပါ။ ဗိုလ်ချုပ် (အောင်ဆန်း) ရုပ်တုမဟုတ်ပါဘူး” လို့ မျိုးလှိုင်ဝင်းကပြောပါတယ်။

ကယားပြည်နယ်ရဲတပ်ဖွဲ့ထံ အေအက်ဖ်ပီက ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

အခုဆန္ဒပြမှုတွေကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုအတွက် ကျင်းပကြတဲ့ ပြည်ထောင်စုနေ့မှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ရုပ်တုတည်ဆောက်မယ့် အစီအစဉ်ကို စပြီး ကြေညာခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လကနေ စတင်ပြီး လက်ရှိအချိန်အထိ ဆန္ဒပြသူ ၈၂ ဦး ဖမ်းဆီးခံထားပြီးဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ် နှစ်ပတ်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“အဆိုပါဆန္ဒပြပွဲများသည် ငြိမ်းချမ်းပြီး ဥပဒေနှင့်အညီဖြစ်သည်” ဟု Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် မက်သရူးစမတ်က ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ နှိပ်နင်းမှုတွေ ရပ်တန့်ဖို့လည်း အစိုးရကို တောင်းဆိုထားပါတယ်။

“သူတို့ရဲ့ လူ့အခွင့်အရေးကို ကျင့်သုံးမှုအတွက ်မည်သူတစ်ဦးတစ်ယောက်မျှ တရားရုံး၊ ဒါမှမဟုတ် အချုပ်ခန်းသံတိုင်တွေနောက်မှာ အချိန်မကုန်ဆုံးသင့်ပါဘူး” လို့ စမတ်က ပြောပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.