ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း၌ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

သတင်း – အေအက်ဖ်ပီ

လူတစ်သန်းနီးပါးနေထိုင်‌သော ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာ နှစ်ဦးထံ၌ ကိုဗစ် ၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း မေ ၁၄ ရက်က တာဝန်ရှိသူများကပြောကြားသည်။

နောက်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ‌ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ကက်တလင် ဘာကာရူက တစ်ဦးမှာ ရိုဟင်ဂျာဖြစ်ပြီး အခြားတစ်ဦးမှာ စခန်းအနီးနေထိုင်သော ဒေသခံတစ်ဦးဖြစ်ကြောင်းထုတ်ပြန်သည်။

၎င်းက အမြန်စစ်ဆေးရေးအဖွဲ့များဖွဲ့၍ လူနာနှင့်ထိတွေ့မှုရှိခဲ့သူများကို ဖော်ထုတ်လျက်ရှိကြောင်းပြောသည်။

လွန်ခဲ့သည့်နှစ်နှစ်‌ကျော်က မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေးတိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ခုနစ်သိန်းခွဲခန့်ရှိကာ ‌ကော့ဇ်ဘဇား၌ ဒုက္ခသည် နှစ်သိန်းနီးပါးနေထိုင်လျက်ရှိကြောင်း၊ ဖြစ်ကတတ်ဆန်းနေထိုင်ကာ သန့်ရှင်းမှုမရှိသည့် ဒုက္ခသည်စခန်းများတွင် ဗိုင်းရပ်စ်ပိုးများ ကူးစက်ပြန့်ပွားနိုင်ကြောင်း အစောပိုင်းကပင် ကျန်းမာရေးတာဝန်ရှိသူများက သတိပေးလာခဲ့သည်။

ဒေသခံကျန်းမာရေးညှိနှိုင်းရေးမှူး အဘူတိုဟာဘူအီယန်က ပိုးတွေ့ရှိသူများကို သီးခြားထားရှိကုသလျက်ရှိကာ ရောဂါကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကာ ပိုးစစ်ဆေးရှာဖွေမှုများကိုလည်း တိုးချဲ့လုပ်ကိုင်နေကြောင်းဆိုသည်။

“ဒုက္ခသည်စခန်းက လူသိပ်ကိုများလွန်းနေပါတယ်။ ကံဆိုးလှစွာပဲ ကိုဗစ်ပိုးက ဒီမှာ အတော့်ကို မြန်မြန်ကြီး ကူးစက်ပြန့်ပွားလိမ့်မယ်” ဟု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံတမန် မစ္စတာ ဆမ်ဘရောင်းဘက်ကပြောကြားသည်။

ဧပြီလအစောပိုင်းကတည်းက ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုများ ဖြစ်ပွားလာပြီးနောက် ကော့ဇ်ဘဇားခရိုင်တဝိုက်ကို အသွားအလာကန့်သတ်ထားခဲ့ပြီး စခန်းများအတွင်းသို့ ယာဉ်အဝင်အထွက်များကိုလည်း တင်းကျပ်စွာစိစစ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့က စခန်းတွင်းအကူအညီပေးသည့်အဖွဲ့အစည်းများကိုလည်း ၈၀ ရာခိုင်နှုန်းထိ လျှော့ချခဲ့သည်။

ပြီးခဲ့သောစက်တင်ဘာလကတည်းက အင်တာနက်ဖြတ်တောက်ထား၍ ကပ်ရောဂါဆိုင်ရာ သတင်းမှားများ စခန်းတွင်းပျံ့နှံ့နေခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များကထုတ်ပြန်သည်။

ပထမဆုံး ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိမှုကို ဘင်္ဂလားဒေ့ရှ်၌ မတ်လဆန်းကပင် အတည်ပြုထုတ်ပြန်ခဲ့သည်။ ယင်းကပ်ရောဂါမှာ ထိုစဉ်ကပင် ပိုမိုဆိုးရွားလာကာ လူ ၁၉,၀၀၀ ကို ပိုးကူးစက်၍ ၂၈၃ ယောက်သေဆုံးကြောင်း ကြေညာခဲ့သည်။ ကျွမ်းကျင်ပညာရှင်တို့က ထိုအရေအတွက်မှာ လွန်စွာလျှော့ချကြေညာခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

အစိုးရက မတ်လ ၁၆ ရက်မှစတင်ကာ အသွားအလာကန့်သတ်ပြီး ဗိုင်းရပ်စ်ပိုးမပြန့်ပွားအောင် ထိန်းချုပ်ကြိုးပမ်းခဲ့သည့်တိုင် မကြာခင်ရက်များက သေဆုံးမှုများအထူးများပြားလာကာ ဗုဒ္ဓဟူးနေ့က ပိုးကူးစက်မှု စံချိန်တင်မြင့်မားလာခဲ့သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.