ထပ်တိုးဘတ်ဂျက် ကျပ် ၂,၄၆၄ ဘီလျံကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

နေပြည်တော်၊ ဒီဇင်ဘာ ၉

၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ခွဲဝေသုံးစွဲသည့် ဘဏ္ဍာငွေ ဥပဒေကြမ်းအရ ကျပ် ၂,၄၆၄ ဘီလျံ တောင်းခံထားမှုကို ပြည်ထောင်စု လွှတ်တော်က ဒီဇင်ဘာ ၉ ရက်က အတည်ပြုပေးခဲ့သည်။

ဗဟိုအဖွဲ့အစည်းများ၏ နောက်ထပ်ခွင့်ပြုသည့် သုံးငွေများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအတွက် နောက်ထပ်ခွင့်ပြုသည့် သုံးငွေများ၊ ပြည်ထောင်စု ဘဏ္ဍာငွေ စာရင်းပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ နောက်ထပ် ခွင့်ပြုသည့် သုံးငွေများ၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့အစည်းများ၏ နောက်ထပ်ခွင့်ပြုသည့် သုံးငွေများ၊ နေပြည်တော်ကောင်စီ၏ နောက်ထပ်ခွင့်ပြုသည့် သုံးငွေများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နောက်ထပ်ခွင့်ပြုသည့် သုံးငွေများ ပါဝင်သည့် အဆိုပါ ဥပဒေကြမ်းကို တင်သွင်းလာသည့် ပြဌာန်းချက်များအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်သည့် ပြည်ထဲရေးဝန်ကြီးဌာနက တရုတ်ဘဏ် ချေးငွေဖြင့် ဝယ်ယူတင်သွင်းခဲ့သော ရဲကား အစီး ၉၀၀ ကျော်နှင့် ပတ်သက်ပြီး ချည်ပြီး တုပ်ပြီးမှ လွှတ်တော်ထံ တင်ပြခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့မှုကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဒီဇင်ဘာ ၉ ရက်နေ့က ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် တရုတ်မော်တော်ယာဉ် အစီး ၉၀၀ ကျော် ဝယ်ယူရန် တရုတ်ဘဏ်မှ ကျပ် သန်း ၅၃၀၀ ကျော် ချေးယူပြီး ကားများ ဝယ်ယူပြီးမှ လွှတ်တော်၏ ခွင့်ပြုချက်ကို တောင်းခံခြင်းမှာ ခွင့်မပြု၍ မရအောင် ချည်ပြီး တုပ်ပြီးမှ ဆောင်ရွက်ခြင်းဖြစ်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီဇင်ဘာ ၈ ရက်က ထောက်ပြ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စု လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ (၂၀၁၅ မတ်လ ၉ ရက်) မှာ တရုတ် ပို့ကုန်သွင်းကုန်ဘဏ် EximBank of China ကနေပြီး ချေးယူခြင်းနဲ့စပ်လျဉ်းပြီး အတည်ပြု ပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ၂၀၁၅ မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက ဒီချေးငွေကို အတည်ပြုပေးခဲ့ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ခွင့်ပြုချက်အရ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်လို့လွှတ်တော်ကိုယ်စားလှယ် တင်ပြသလို အားလုံး ချည်ပြီး တုပ်ပြီးမှ လွှတ်တော်ကို တင်ပြခြင်းမဟုတ်ပါဘူး” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.