ကုန်သွယ်မှု မြှင့်တင်ရေး ထိုင်းက နေပြည်တော်တွင် ဆွေးနွေးမည်

နေပြည်တော်တွင် ယခုရက်သတ္တပတ်တွင်း ကျင်းပမည့် အစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သွယ်မှုအား သိသိသာသာ တိုးမြင့်လာအောင်နည်းလမ်းများ ရှာကြံရန် ထိုင်းနိုင်ငံက ဆွေးနွေးသွားမည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုကို ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံမှ ၁၂ ဘီလျံကြားအထိ တိုးမြင့်လာအောင် မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်ကို နှစ်နိုင်ငံ ပူးတွဲကုန်သွယ်မှုကော်မရှင် အစည်းအဝေးတွင် စဉ်းစားကြမည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီး အပီရာဒိ တန်တရာပွန်က ပြောကြားကြောင်း ဇန်နဝါရီ ၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားထားသည်။

၂၀၁၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာဒေါ်လာ ၈ ဒဿမ ၆ ဘီလျံရှိခဲ့သည့်အနက် ထိုင်းနိုင်ငံဘက်မှ တင်ပို့မှုမှာ ဒေါ်လာ ၄ ဒဿမ ၂၄ ဘီလျံရှိခဲ့သည်ဟု သတင်းစာက ရေးသားထားသည်။

ဇန်နဝါရီ ၁၄ နှင့် ၁၅ ရက်နေ့များတွင် ကျင်းပမည့် အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှတ်နှံမှုဆိုင်ရာများ ဆွေးနွေးကြမည်ဟု မစ္စအပီရာဒိက ပြောသည်။

ပုဂ္ဂလိကနှင့် အစိုးရဘက်မှ အဖွဲ့ဝင်များ ပါဝင်မည့် ပူးတွဲစီးပွားရေးကောင်စီကို တည်ထောင်ရေးအတွက်လည်း ထိုင်းဘက်က အဆိုပြုမည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သတင်းစာက ရေးသားထားသည်။

ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ကုန်စည်သယ်ယူ ပို့ဆောင်ရေးဆိုင်ရာများအပြင် ဘဏ္ဍာရေးနှင့် ဘဏ်စနစ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာရန် နည်းလမ်းများကို ထိုင်းနှင့် မြန်မာ ကုန်သွယ်ရေးဝန်ကြီးများ ပူးတွဲ အဖြေရှာကြမည်ဟုလည်း ပြောကြားသည်။

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးကို အရှိန်မြှင့်တင်နိုင်ရန်လည်း ဆွေးနွေးကြမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းကာ ဈေးကွက်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်သွားရန်အပြင် နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ ပေးရန် ထိုင်းနိုင်ငံက အဆိုပြုမည်ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာသည် ထိုင်းနိုင်ငံ၏ ဆဋ္ဌမမြောက် ကုန်သွယ်ဖက်ဖြစ်သလို တကမ္ဘာလုံးတွင် အဆင့် ၁၇ တွင် တည်ရှိနေသည်ဟု သတင်းစာက ရေးသားထားသည်။

နောက်ဆုံးရရှိသည့် စာရင်းများအရ ၂၀၁၅ ခုနှစ်၏ ပထမ ၁၀ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၆ ဒဿမ ၅၈ ဘီလျံရှိခဲ့ပြီး ၂၀၁၄ ခုနှစ် အလားတူ ကာလကထက် ၁ ဒဿမ ၁၅ ရာခိုင်နှုန်း လျော့ကျသွားသည်။

ထိုင်းနိုင်ငံမှ တင်ပို့မှုမှာ ဒေါ်လာ ၃ ဒဿမ ၄၄ ဘီလျံဖြစ်ပြီး တင်သွင်းမှုမှာ ဒေါ်လာ ၃ ဒဿမ ၁၅ ဘီလျံဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.