မိုင်းလားတွင် သင်းခွေချပ်ဈေးကွက် အကြီးအကျယ် ထွန်းကားနေ

သင်းခွေချပ်များကို အသားနှင့် အကြေးခွံအတွက် တရားမဝင် ရောင်းဝယ်မှုများမှာ တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် မိုင်းလားတွင် အကြီးအကျယ် ဖြစ်ပွားနေသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး စောင့်ကြည့်သည့် အဖွဲ့တစ်ခုက ပြောကြားသည်။

ပြည့်တန်ဆာခန်းများ၊ လောင်းကစားရုံများနှင့် တောရိုင်းတိရစ္ဆာန်များ ရောင်းချသည့် ဈေးကွက်တည်ရှိပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် မိုင်းလားမြို့တွင် သင်းခွေချပ်ဈေးကွက် ကြီးထွားနေမှုကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် TRAFFIC က လေ့လာပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် Global Ecology and Conservation စာစောင်တွင် ဖော်ပြခဲ့သည်။

လေ့လာမှုအား ပြုလုပ်ခဲ့သူက ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မိုင်းလားသို့ လေးကြိမ်သွားရောက်ခဲ့စဉ် နံနက်ခင်းဈေးနှင့် တောရိုင်းတိရစ္ဆာန်များ ရောင်းချသည့် ဈေးကွက်တွင် လေ့လာချက်အရ အဆိုပါ မြို့သည် သင်းခွေချပ် ကုန်သွယ်မှုတွင် အဓိကကျသော နေရာတစ်ခုဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ၎င်း၏ ခရီးစဉ်များအတွင်း အကြေးခွံများထည့်ထားသော အိတ် ၄၂ အိတ်၊ အရေခွံ ၃၂ ချပ်၊ ဝိုင်ထဲတွင် စိမ်ထားသည့် သင်းခွေချပ်အကောင်ပေါက် ၁၆ ကောင်အပြင် သင်းခွေချပ် ၂၇ ကောင်ကိုလည်း ပေါ်ပေါ်ထင်ထင် ရောင်းချနေသည်ကို တွေ့ခဲ့ရသည်။

မိုင်းလားတွင် ရောင်းချနေသည့် သင်းခွေချပ်များမှာ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများမှ အပြင် အာဖရိကမှပါ ဖြစ်ဖွယ်ရှိသည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်နှစ်များတွင် ကြံ့ချိုများ၊ ရေမြင်းသွားများကိုပါ ဈေးကွက်ထဲတွင် တွေ့လာရသောကြောင့် ဖြစ်သည်။

အဆိုပါမြို့သည် ရှမ်းပြည်နယ်၊ အထူးဒေသ ၄၊ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်ကာ တရုတ်နိုင်ငံ ဈေးကွက်အတွက် အဓိကထား ရောင်းဝယ်နေကြခြင်းဖြစ်သည်။ တရုတ်ဈေးကွက်တွင် သင်းခွေချပ်များအား ဝယ်လိုအား မြင့်မားနေသည်။

သင်းခွေချပ်များအား ရောင်းဝယ်မှုကို မြန်မာနိုင်ငံတွင် ဥပဒေအရ တားမြစ်ထားသည်ဟု TRAFFIC က ပြောကြားသည်။

မျိုးုသုန်းလုနီးပါးဖြစ်နေသာ အပင်နှင့် တိရိစ္ဆာန်များ ရောင်းဝယ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (CITES) အရလည်း အာရှသင်းခွေချပ်အားလုံးကို ကာကွယ်ပေးထားပြီး ရောင်းဝယ်မှုများအား ခွင့်ပြုထားခြင်း မရှိပေ။

“ဝယ်လိုအား ရှိနေခြင်းနဲ့ တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်တဲ့ ရာဇဝတ်ကွန်ယက်တွေကြောင့် အာရှရဲ့ သင်းခွေချပ်မျိုးစိတ် လေးမျိုးလုံးဟာ မျိုးတုန်းလုနီးပါး ဖြစ်နေပါပြီ”ဟု TRAFFIC ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွန်ကြားရေးမှုး ခရစ်ရှက်ဖါဒ်က ပြောသည်။

“ဒီလို ထူးခြားလှတဲ့ တိရိစ္ဆာန်လေးတွေ အမြဲထာရဝ ပျောက်ကွယ်သွားခြင်းက ကာကွယ်နိုင်ဖို့ဆိုရင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေကို အာရှနိုင်ငံတွေက အစိုးရတွေအချင်းချင်း ပူးပေါင်းတားဆီးကြဖို့ လိုအပ်နေပါပြီ” ဟု ၎င်းကပြောသည်။

သင်းခွေချပ်များအား တရားမဝင် ရောင်းဝယ်နေကြမှုများနှင့် နယ်စပ်ရှိ တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုများအား ဒေသအာဏာပိုင်များနှင့် ပူးပေါင်း တားဆီးရန်လည်း မြန်မာအစိုးရကို TRAFFIC က တိုက်တွန်းခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.