တယ်လီကွန်းလိုင်စင်သစ်အတွက် ဖက်စပ်လုပ်ငန်းတွင် မြန်မာနှင့် ဗီယက်နမ် စစ်တပ်ပိုင်လုပ်ငန်းများ ပါဝင်မည်

Viettel ကို ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနက အပြည့်အဝပိုင်ဆိုင် ထိန်းချုပ်ထားသည်။

Viettel ကို ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနက အပြည့်အဝပိုင်ဆိုင် ထိန်းချုပ်ထားသည်။

ရန်ကုန်၊ မတ် ၂၆

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် မိုဘိုင်းဖုန်း အော်ပရေတာအဖြစ် လိုင်စင်လျောက်ထားရေး လုပ်ငန်းစဉ်များတွင် မြန်မာနှင့် ဗီယက်နမ်မှ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ ပါဝင် ဆောင်ရွက်ကြမည် ဖြစ်သည်။

စတုတ္ထမြောက် တယ်လီကွန်းလိုင်စင် လေ ျှာက်ထားရေးအတွက် တပ်မတော်ပိုင် ကုမ္ဗဏီနှင့် ပြည်တွင်းရှိ အများပိုင်ကုမ္ဗဏီ ၁၁ ခုပါဝင်သည့်အဖွဲ့နှင့် ဖက်စပ်လုပ်ငန်း ဖွဲ့စည်းရေး စတင် ဆွေးနွေးရန် ဗီယက်နမ်နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာနပိုင် Viettel အား ခွင့်ပြုပေးလိုက်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအောက်ရှိ  ဖက်စပ်လုပ်ငန်းဖွဲ့စည်းရေးနှင့် တင်ဒါရွေးချယ်ရေး လုပ်ငန်းကော်မတီက မတ် ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ဖက်စပ်လုပ်ငန်းဖြစ်သည့် Myanmar National Telecom Holding Public Limited အား ထူထောင်ရေးအတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ပြည်တွင်းကုမ္ဗဏီ ၁၁ ခု ပါဝင်သည့် ပြည်တွင်းအထူးအဖွဲ့ Domestic SPV ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် လုပ်ငန်းစဉ်တွင် ပါဝင်ရန် အစိုးရပိုင်လုပ်ငန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဖိတ်ခေါ်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက ကျောထောက်နောက်ခံပြုထားသည့် Star High Public Company Limited  အား ရွေးချယ်ခဲ့သည်ဟု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်စပ်လုပ်ငန်း တည်ထောင်ရာတွင် Star High က အစိုးရရှယ်ယာပိုင်ရှင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

“လက်ရှိ တယ်လီကွန်းကွန်ယက်နှင့် ဆက်စပ်နေသည့် တာဝါတိုင် ၁,၀၀၀ ကျော်နှင့် ဖိုင်ဘာကေဘယ်လိုင်း ကီလိုမီတာ ၁၃,၀၀၀ ခန့်အား အသုံးပြုနိုင်ခြင်းအားဖြင့် စတုတ္တအော်ပရေတာကွန်ယက် တည်ဆောက်ရေးကို Star High  က လက်ခံ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သလို စီးပွားဖြစ် စတင်နိုင်ရေးအား အရှိန်မြန်စေမည် ဖြစ်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်တွင် Star Higt နှင့် ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမရှိသော်လည်း တပ်မတော်ပိုင် MecTel မိုဘိုင်းဖုန်းကွန်ယက်နှင့် အတူတူပင် ဖြစ်သည်ဟု ယူဆရသည်။ MecTel သည် မြန်မာဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) အောက်တွင် စီဒီအမ်အေ မိုဘိုင်းဖုန်း ကွန်ယက်တစ်ခု တည်ဆောက်လုပ်ကိုင်နေပြီး တပ်မတော်လက်အောက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ပိုင်ဆိုင်ထားသည်။

ဖက်စပ်လုပ်ငန်းအား ပြည်တွင်းလုပ်ငန်းရှင်များပါဝင်သည့် Domestic SPV၊ မြန်မာအစိုးရရှယ်ယာပိုင်ရှင်ဖြစ်သည့်  Star Higt  နှင့် Viettel တို့ ပါဝင်ဖွဲ့စည်းမည်ဖြစ်သည်။ Domestic SPV နှင့် Star High တို့က လုပ်ငန်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ကာ Viettel က ၄၉  ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

လုပ်ငန်းအတွက် စိတ်ပါဝင်စားမှုအဆိုပြုလွှာများအား ပြီးခဲ့သည့် ဒီဇင်ဘာလက ဖိတ်ခေါ်ခဲ့ရာ နိုင်ငံတကာ တယ်လီကွန်းလုပ်ငန်းကြီး ငါးခုအပါအဝင် ကုမ္ဗဏီ ခုနစ်ခုက ပြန်ကြားခဲ့ကြသည်။ ဖက်စပ်လုပ်ငန်းတွင် ပါဝင်လိုကြောင်း အဆိုပါပြုလွှာများအား မတ် ၁၈ ရက်နေ့ နောက်ဆုံးထားကာ တင်သွင်းရန် အဆိုပါကုမ္ဗဏီအားလုံး အသိပေးခဲ့ပြီးနောက် Viettel က အဆိုပြုလွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကော်မတီက အဆိုပြုလွှာအား စစ်ဆေး သုံးသပ် တွေ့ဆုံမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ဖက်စပ်လုပ်ငန်းတွင် ပါဝင်နိုင်ရေးအတွက် ဆက်လက်ဆွေးနွေးရန် Viettel အား ခွင့်ပြုပေးခဲ့သည်။

Viettel အား ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက အပြည့်အဝ ပိုင်ဆိုင် ထိန်းချုပ်လုပ်ကိုင်နေပြီး ဗီယက်နမ်နိုင်ငံတွင် အကြီးဆုံးသော မိုဘိုင်းဖုန်း ကွန်ယက်ဖြစ်သည်။

တယ်လီကွန်းလိုင်စင်တင်ရေးအတွက် လိုအပ်မည့် စီးပွားရေးနှင့် နည်းပညာဆိုင်ရာဆွေးနွေးမှုများအား Domestic SPV၊ Star High နှင့် Viettel တို့က စတင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုများသည် လာမည့် မေလတွင် ပြီးစီးရန် ကော်မတီက သတ်မှတ်ထားပြီး ဇွန်လတွင် ဖက်စပ်လုပ်ငန်း လက်မှတ်ရေးထိုးရန်နှင့် လိုင်စင်အတွက် လျောက်လွှာတင်ရန် သတ်မှတ်ထားသည်။

မြန်မာ့မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)က လက်ဝါးကြီးအုပ်ထားမှုကို ပြီးဆုံးစေရန်အတွက် မိုဘိုင်းဖုန်းအော်ပရေတာ လိုင်စင်နှစ်ခု ချထားပေးရန်၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရက  နိုင်ငံတကာတင်ဒါ ခေါ်ဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နော်ဝေနိုင်ငံမှ တယ်လီနောနှင့် ကာတာနိုင်ငံမှ အော်ရီဒူးတို့အား တယ်လီကွန်းလိုင်စင်များ ချထားပေးခဲ့သည်။

ထိုအချိန်မှ စတင်ပြီး နိုင်ငံတွင်း မိုဘိုင်းဖုန်း ပျံနှံမှုနှုန်း တရှိန်ထိုးမြင့်တက်လာခဲ့ရာ ယခင် ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်အကုန်တွင် ၇၇ ဒသမ ၇ အထိ ရောက်ရှိသွားခဲ့သည်။

သတင်း- ဆန်းဦး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.