နှစ် ၂၀ အတွင်း ပထမဆုံးအဖြစ် ပြည်တွင်း ဆန်စားသုံးမှုစစ်တမ်း ကောက်ယူမည်

ရန်ကုန်မြို့ရှှိ ဆန်ဆိုင်တစ်ဆိုင်။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်မြို့ရှှိ ဆန်ဆိုင်တစ်ဆိုင်။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်

မြန်မာနိုင်ငံတွင် ဆန်စားသုံးမှုစစ်တမ်းအား နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကောက်ယူရန် စီစဉ်နေသည်ဟု မတ် ၂၇ ရက်နေတ် Global New Light of Myanmar သတင်းစာတွင် ရေးသားထားသည်။

စစ်တမ်းအား ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် ပူးပေါင်းကာ ကောက်ယူသွားမည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း၏ တာဝန်ရှိသူတစ်ဦးက သတင်းစာအား ပြောကြားသည်။

စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၄၆ ဦးက နှစ်လကြာ စစ်တမ်းကောက်ယူမှုကိုယခုလကုန်တွင် စတင်ဖွယ်ရှိသည်ဟု အသင်း၏ တာဝန်ရှိသူ ဦးအောင်သန်းဦးကပြောသည်။

အချက်အလက်များကို မြို့ပေါ် ၁,၇၅၀ နေရာနှင့် ကျေးလက်တွင် ၂,၂၅၀ နေရာတွင် ကောက်ယူမည်ဖြစ်ကာ ကျပ် ၄၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

စစ်တမ်း၏ အချက်အလက်များက ပြည်တွင်း စားသုံးမှုနှင့် ပြည်ပတင်ပို့မှုကို ချိန်ဆစေနိုင်ရန် အထောက်အကူပြုစေမည်ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ယခုဘဏ္ဍာနှစ် မတ် ၁၈ ရက်နေ့အထိ ဆန်တန်ချိန် ၁ ဒသမ ၄၇ သန်းအား ပြည်ပသို့ တင်ပို့ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧက ၁၈ သန်းခန့်ရှိပြီး နှစ်စဉ် ဆန်တန်ချိန် ၁၁ ဒသမ ၅ သန်း ထုတ်လုပ်နေသည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ စာရင်းဇယားများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ဦးချင်း ဆန်စားသုံးမှုအများဆုံးဖြစ်ကာ လူတစ်ဦးက တစ်နှစ်လ ျှင် ၁၉၀ ကီလိုဂရမ်မှ ၂၁၀ ကီလိုဂရမ်အထိ စားသုံးနေသည်။

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.