ကျောက်စိမ်းလုပ်ငန်းအား ကြီးကြီးမားမား ပြောင်းလဲစေမည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို တက်ကြွလှုပ်ရှားသူများ ချီးကျူး

ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် ကျောက်စိမ်းလုပ်ငန်းကို ကြီးမားစွာပြောင်းလဲရန် အစိုးရက ဆုံးဖြတ်လိုက်ခြင်းမှာ လူု့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ရန်နှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် ထူးခြားဆန်းသစ်သော အခွင့်အလမ်းတစ်ခုအဖြစ် လှုပ်ရှားတက်ကြွသူများက ချီးကျူးလိုက်သည်ဟု Thomson Reuters Foundation က ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်လိုက်သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် လူအများ ပိုမိုပါဝင်နိုင်သည့် စီးပွားရေးအခြေအနေတစ်ခု ဖန်တီးရေးအတွက် နောက်ထပ် လုပ်စရာများရှိနေသေးသည်ဟု လှုပ်ရှားတက်ကြွသူများက ဆိုသည်။ မြန်မာနိုင်ငံ ကျောက်မျက်ဥပဒေအတွက် နည်းဥပဒေများ မပြဋ္ဌာန်းနိုင်သေးမီ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ တူးဖော်ခြင်းအတွက် ပါမစ်များ သက်တမ်းတိုးမည် မဟုတ်သလို ပါမစ်အသစ်များကိုလည်း အစိုးရက ထုတ်ပေးမည်မဟုတ်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

“ဒါကတော့ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုပါ” ဟု ဗြိတိသျှအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Witness မှ အကြီးတန်းစည်းရုံးလှုံ့ဆော်သူ မစ္စတာဂျူမဲန်ကပ်ဘာက ကြေညာချက်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်က ကျောက်စိမ်းလုပ်ငန်းတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံရှိပြီး မြန်မာ့စီးပွားရေးထုတ်ကုန်တန်ဘိုး၏ ထက်ဝက်နီးပါးရှိသည်ဟု Global Witness က ခန့်မှန်းကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကျယ်ပြန့်စွာ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ ထိုနှစ်က ကျောက်မျက်အဓိကဝယ်ယူသည့် တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၁၂ ဘီလျံအထိ ရှိခဲ့ပြီး တင်ပို့မှုအများစုမှာ နယ်စပ်မှ တရားမဝင် ဖြတ်ကျော် တင်ပို့နေခြင်းဖြစ်သည်ဟု Global Witness က ဖော်ပြခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်ကို ဗဟိုပြုနေသည့် ကျောက်စိမ်းရောင်းဝယ်မှုကို စစ်ဘက်မှ အထက်လွှာများ၊ မူးယစ်ရာဇာများနှင့် ခရိုနီကုမ္ပဏီကွန်ရက်များက ထိန်းချုပ်ထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ လုပ်ငန်းအပေါ် ထိန်းချုပ်ရေး အားပြိုင်မှုတစ်ခုမှာ တပ်မတော်နှင် ကေအိုင်အေကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၏ အကြောင်းရင်းတစ်ခု ဖြစ်သည်ဟုလည်း ရိုက်တာက ရေးသားခဲ့သည်။

အစိုးရ၏ ယခုကြေညာချက်မှာ ကျောက်မျက်လုပ်ငန်းအား ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် တံခါးဖွင့်လိုက်ခြင်းဖြစ်သည်ဟု အမေရိကန်အခြေစိုက် အကူအညီပေးသည့်အဖွဲ့ဖြစ်သည့် Natural Resource Governance Institute ၏ မြန်မာနိုင်ငံဆိုင်ရာ  မန်နေဂျာမစ္စတာ မက်သယူး ဆယ်လ်မန်က ပြောသည်။

“အခုဆိုရင် တာဝန်သိပြီး စဉ်ဆက်မပြတ် တိုးတက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် မူဘောင်ချဖို့ အခွင့်အရေး ရှိနေပါပြီ။ ဒါဟာ ပိုမိုကျယ်ပြန့်ပြီး ပိုမိုပါဝင်တဲ့ စီးပွားရေးရဲ့ အစိတ်အပိုင်းပါ” ဟု ဆယ်လ်မန်က ရိုက်တာကို ပြောကြားသည်။

ကျောက်စိမ်းလုပ်ငန်းမှ အကျိုးအမြတ်များကို ပွင့်လင်းမြင်သာသည့် နည်းလမ်းဖြင့် မျှဝေရန် သဘောတူညီချက်တစ်ခုနှင့်အတူ ကြေညာချက်အား လိုက်နာဆောင်ရွက်ရန် လှုံ့ဆော်သူများက အစိုးရကို တိုက်တွန်းခဲ့သည်။

သဘာဝအရင်းအမြစ်များကို တာဝန်ခံသော စီမံခန့်ခွဲမှုကို အဆင့်မြင့်တင်မည့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအဖွဲ့တစ်ခုဖြစ်သည့် Extractive Industries Transparency Initiative တွင် ပါဝင်သူသည့် မြန်မာနိုင်ငံအနေဖြင့် ပါမစ်ကိုင်ဆောင်ထားသူများ၊ ကျောက်စိမ်းကုမ္ပဏီပိုင်ရှင်များနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များ၊ အသေးစိတ် ရောင်းချမှုမှတ်တမ်းများကို ထုတ်ပြန်သင့်သည်ဟုလည်း NRGI က ပြောကြားခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.