မြန်မာနှင့် တိုက်ရိုက်ကုန်သွယ်မှု ပြန်လည်ထူထောင်ရန် အမေရိကန် ကျောက်မျက်အသင်း ရည်ရွယ်ထား

အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်ကုန်သွယ်မှု ပြန်လည်ထူထောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်ကျောက်မျက်အသင်း (AGTA) ဥက္ကဋ္ဌ Mr Jeffery Bilgore နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာကျောက်မျက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြသည်။

“ကျွန်တော်တို့ ဒီကိုလာတွေ့တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ကျောက်မျက်ရတနာကဏ္ဍဟာ ကမ္ဘာ့ဘယ်နိုင်ငံနှင့်မဆို တန်ဖိုးချင်းယှဉ်နိုင်တယ်ဆိုတဲ့အကြောင်းနဲ့ ကုန်စည်ကူးသန်းမှုကပဲ ဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူပြုမှာ ဖြစ်ပြီးတော့ ဒီမိုကရေစီကိုလည်း ပိုမို ရင့်သန်လာစေမှာဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြသဖို့ပါပဲ” ဟု ၎င်းက နိုဝင်ဘာ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ မြန်မာကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများအား ဖယ်ရှားပေးတော့မည်ဟု အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက စက်တင်ဘာ ၁၅ ရက်နေ့တွင် ကြေညာပြီးနောက် အမေရိကန်ကျောက်မျက်လုပ်ငန်းမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခြင်း ဖြစ်သည်။

အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးပါက မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြားများကို ဝယ်ယူတင်သွင်းမှု မပြုရန် ၂၀၀၈ ခုနှစ်ကတည်းက ချမှတ်ထားသည့် ပိတ်ပင် တားမြစ်ထားမှုလည်း ပါဝင်သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ မေ ျှာ်လင့်တာက လုပ်ငန်းစနစ် မူဘောင်သစ်တွေ ချမှတ်ဖို့၊ ကျွန်တော်တို့ဆီမှာ ဘယ်လို လုပ်ငန်းလုပ်ဆောင်ကြတယ်ဆိုတာ အသိပညာပေးရာကနေ နှစ်ဖက်အတူ ဖွံ့ဖြိုးလာစေဖို့ ဖြစ်ပါတယ်” ဟု Jeffery Bilgore ကပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ပတ္တမြားထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် အရည်အသွေးကောင်း ကျောက်စိမ်းအများအပြား ထုတ်လုပ်နေသည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ကျောက်စိမ်းအများစုကို တရုတ်နိုင်ငံသို့သာ တင်ပို့ရောင်းချနေသည်။

ယခင်အစိုးရလက်ထက်က ကျောက်အရိုင်းတုံးများ တူးဖော် ရောင်းချခြင်းကိုသာ ဦးစားပေးခဲ့ပြီး ကျောက်မျက်ဈေးကွက် နိုင်ငံတကာနှင့် ပြိုင်ဆိုင်နိုင်လာရန်အတွက် တန်ဖိုးမြှင့်ကျောက်မျက်လုပ်ငန်း တည်ထောင်ရန်လိုအပ်သည်ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဝင်းကပြောသည်။

“မြန်မာနိုင်ငံရဲ့ တန်ဖိုးမြှင့် ကျောက်မျက်ရတနာထုတ်ကုန် စုစုပေါင်းက တစ်နှစ်လုံးမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ပဲရှိတယ်။ ထိုင်းဆိုရင် တစ်ဘီလျံလောက် ဝင်ငွေရှိတာ” ဟု ၎င်းကပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Witness က ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ကျောက်မျက်လုပ်ငန်းဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းသည် ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပဲ ဒေါ်လာ ၃၁ ဘီလျံ တန်ဖိုးရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ပမာဏသည် မြန်မာနိုင်ငံ စုစုပေါင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ထက်ဝက်ခန့်ရှိနေသော်လည်း ပြည်သူများနှင့် နိုင်ငံတော်ဘဏ္ဍာအဖြစ် ဝင်ရောက်လာခြင်းမရှိဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.