ရန်ကုန်-ဖူးခက် တိုက်ရိုက်ခရီးစဉ်ကို MNA စတင်ပြေးဆွဲ

ရန်ကုန်မှ ထိုင်းနိုင်ငံ ဖူးခတ်သို့ တိုက်ရိုက်ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က မတ် ၂၅ ရက်နေ့မှ စတင်ပြီး တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲနေပြီဖြစ်သည်။

အပန်းဖြေစခန်းများနှင့် ကမ်းခြေများကြောင့် ထင်ရှားသည့် ဖူးခတ်သို့ ပြေးဆွဲမည့် အဆိုပါခရီးစဉ်တွင် ခရီးသည် ၁၀၀ လိုက်ပါစီးနင်းနိုင်မည့် Embraer E190 နှင့် Boeing 737 – 800 NG အမျိုးအစား လေယာဉ်ကို အသုံးပြုမည်ဖြစ်ကာ အသွားအပြန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၁၀ မှ စတင်မည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ဒီခရီးစဉ်ဟာ ကျွန်တော်တို့ မြန်မာအမျိုးသား လေကြောင်းလိုင်းအနေနဲ့ သုံးနှစ်အတွင်းမှာ ဆဌမမြောက် ပျံသန်းတဲ့ မြို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဒေသအတွင်းမှာ စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်၊ ဗုဒ္ဓဂါယာနဲ့ ဖူးခက်ကို ပြေးဆွဲပျံသန်းနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံပိုင်လေကြောင်းလိုင်းအနေနဲ့ သုံးနှစ်အတွင်းမှာ ကြိုးစားပြီးတော့ တိုးချဲ့ ပျံသန်းနေခြင်းဖြစ်ပါတယ်” ဟု MNA ၏ အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းက မတ် ၂၅ ရက်နေ့တွင် ကျင်းပသည့် အခမ်းအနားတွင် ပြောကြားသည်။ 

ခရီးစဉ်စတင်ပျံသန်းခြင်း အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 တွင် ကျင်းပခဲ့သည်။

လေဆိပ်ကို စီမံကွပ်ကဲနေသည့် Yangon Aerodrome Company Limited (YACL) ၏ Chief Operating Officer ဖြစ်သူ Mr. Jose Angeja ကလည်း ယခုခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ်သစ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အခမ်းအနားတွင် ပြောကြားသည်။

“ဒီခရီးစဉ်သစ်ဟာ စီးပွားရေးအခွင့်အလမ်းသစ်တွေ အများကြီး ပေါ်ထွန်းလာစေတဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တစ်ခုပါ။ မြန်မာနိုင်ငံသားတွေအနေနဲ့ အရှေ့တောင်အာရှမှာ အကျော်ကြားဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ဖူးခက်ကို တိုက်ရိုက်သွားရောက် လည်ပတ်နိုင်ပြီဖြစ်ပြီး ဖူးခက်က ခရီးသည်တွေအနေနဲ့လည်း ကျွန်တော်တို့နိုင်ငံကို လာရောက်လည်ပတ်နိုင်ဖို့ အခွင့်အရေးတွေ ရရှိလာပြီဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.