ရန်ကုန်က ခရစ်ယာန် ဘာသာဝင်တွေ

မြန်မာနိုင်ငံမှာ ခရစ်ယာန်သာသနာဟာ လူနည်းစုသာ ကိုးကွယ်တဲ့ ဘာသာတရားဖြစ်ပေမယ့် ရိုးရာဓလေ့နဲ့ လူမှုအသိုက်အဝန်းမှာ နက်နက်နဲနဲ အမြစ်တွယ် နေပါတယ်

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဓာတ်ပုံများ – မာရို ဗာလီ

ပဲခူးမြို့ကို ရောက်ရှိလာတဲ့ ပထမဆုံး ရိုမန်ကတ်တလစ် ဘာသာရေး ဘုရားရှိခိုးကျောင်းတွေထဲက တစ်ခုဖြစ်ပြီး Adoniram Judson သမ္မကျမ်းစာကို မြန်မာဘာသာပြန်ခဲ့တဲ့ Anglican Holy Trinity Cathedral မူကြိုကျောင်းက ဆရာမ Denise Augustine အတွက် အီစတာ ကြက်ဥတွေက အရေးကြီးပါတယ်။

“အမေများ ပြန်လည်စုစည်းခြင်း ရန်ပုံငွေအတွက် ကျွန်မတို့ ခြင်းတောင်းတစ်ခုမှာ ကြက်ဥ နှစ်လုံးထည့်ရောင်းပါတယ်”လို့ သူက တိတိကျကျ ပြောပါတယ်။ တစ်ချို့ဆရာမတွေကတော့ ခေတ္တ အိပ်စက်အနားယူနေတဲ့ မူကြိုကလေးတွေကို “Jesus Loves You” ဆိုတဲ့ သီချင်းကို ဆိုပြနေတာ တွေ့ရပါတယ်။ မတ် ၂၅ ရက်က ကျရောက်ခဲ့တဲ့ ကောင်းသော သောကြာနေ့ (Good Friday) အကြောင်းနဲ့ Youth Choir Sunday School အကြောင်းကို Augustine နဲ့အတူ အခြား အကြီးတန်းဆရာမ နှစ်ယောက်နဲ့ ကျွန်တော် စကားစမြည် ပြောဆိုခဲ့ကြပါတယ်။

စေတီပုထိုးတွေနဲ့ ဘုရားရှိခိုးကျောင်းတွေရှိတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ရှိတာထက်စာရင် အင်္ဂလန်နိုင်ငံရဲ့ နယ်ဘက်က အိမ်တစ်လုံးလို့ ထင်ရတဲ့ အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ ဘုရားရှိခိုးကျောင်း ခြံဝန်းကြီးဟာ နှစ်ပေါင်း ၁၃၀ သက်တမ်း ရှိပြီဖြစ်ပါတယ်။

Maro Verli / Frontier

Maro Verli / Frontier

မြန်မာနိုင်ငံမှာ ခရစ်ယာန်တွေက လူနည်းစုဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်အများစုက ကရင်၊ ချင်း၊ ကချင်နဲ့ အခြားလူနည်းစု တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီလို လူနည်းစုသာ ရှိပေမယ့်လည်း အီစတာပွဲတော်နဲ့ ဘုရားသီချင်း လေ့ကျင့်သီဆိုခြင်း၊ ခရစ်စမတ်ကိတ် ရောင်းချခြင်းအစရှိတဲ့ ဓလေ့တွေဟာ ရာစုနှစ်ပေါင်းများစွာ၊ အင်ပါယာပေါင်းများစွာနဲ့ အုပ်ချုပ်သူ အဆက်ဆက်ကို ကြံကြံခံ ဖြတ်ကျော်လာခဲ့တာ အမှန်ပါပဲ။

အသက် ၇၀ ပိုင်းကို ရောက်နေပြီဖြစ်တဲ့ ဆရာမသုံးဦးစလုံးက ဒီလိုရိုးရာဓလေ့တွေရဲ့  တန်ဖိုးကို သိရှိနားလည်ကြပါတယ်။

“(ဦးနေဝင်းက) မောင်းမထုတ်ပေမယ့် ဖိအားပေးတော့ လူတွေ စွန့်ခွာခဲ့ကြတာပေ့ါ”လို့ ဆရာမ Augustine က ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပွားခဲ့တဲ့ ခရစ်စမတ်ပွဲတွေရဲ့  အခြေအနေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ “သူလည်း အာဏာရလာရော ကျွန်မအမျိုးတွေရော၊ ကျန်တဲ့သူတွေ အကုန်ပြန်သွားခဲ့ရတယ်”လို့ သူကဆိုပါတယ်။

သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ Rita Wemys ကတော့ ယုံကြည်ချက်တစ်ခုကြောင့် အစိုးရဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ရတဲ့ သူ့အဖေအကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီလိုမျိုး ခွဲခြားဆက်ဆံခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြဖို့ မေးတော့ တတိယမြောက် ဆရာမဖြစ်တဲ့ Maurie Lal က “ရှင်သိချင်ရင်တော့ ပထမဆုံး ဦးနေဝင်းကို အသက်ပြန်သွင်းမှ ရမယ်”လို့ ခပ်ပြတ်ပြတ်ပဲ တုန့်ပြန်ခဲ့ပါတယ်။

Maro Verli / Frontier

Maro Verli / Frontier

အခု ဒုတိယသမ္မတဖြစ်လာတဲ့ ဦးဟင်နရီ ဗင်ထီးယူဟာ ချင်းဘက်ပတစ် ဘာသာဝင် ဖြစ်ပါတယ်။ သူဟာ အန်ဂလိုလူမျိုးမဟုတ်ပေမယ့် ခရစ်ယာန်ဘာသာဝင် သုံးရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်းခန့်သာရှိတဲ့ မြန်မာနိုင်ငံမှာ ဒုတိယသမ္မဖြစ်လာတာကို ဆရာမတွေကတော့ ထောက်ခံ အားပေးကြပါတယ်။ မြန်မာနိုင်ငံ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ကောင်စီအဖွဲ့ဝင် မြန်မာ ဘက်ပတစ်အဖွဲ့ရဲ့  ကြေညာချက်အရ ဘက်ပတစ်ဘာသာဝင်အရေအတွက်က ၁ ဒသမ ၆ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ကက်တလစ်ဘာသာဝင်တွေရဲ့ အရေအတွက်ကိုတော့ ခန့်မှန်းရခက်လိမ့်မယ်လို့ ရန်ကုန်မြို့လည်မှာရှိတဲ့ စိန့်မေရီ ဘုရားကျောင်းမှာ လက်ထောက် ဖာသာအဖြစ် တာဝန်ယူထားတဲ့ ဖာသာ ပီတာ စောထွန်းထွန်းက ဆိုပါတယ်။ သူကတော့ အရေအတွက်ကို သန်းနဲ့ချီမရှိနိုင်ဘူးလို့ဆိုပြီး မဘသ လို့လူသိများတဲ့ အဖွဲ့က ဖိအားပေး ပြဌာန်းစေခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး ဥပဒေတွေက ဘာသာရေးအကူးအပြောင်းတွေကို ခက်ခဲစေခဲ့တယ်လို့ ပြောပါတယ်။

ဘာသာရေး ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး ဆရာမ Augustine လောက် အကောင်းမမြင်သူကတော့ ၂၀၁၄ ခုနှစ်မှာ ဖာသာဖြစ်လာတဲ့ ဖာသာပီတာပဲ ဖြစ်ပါတယ်။ “စာရွက်ပေါ်မှာတော့ အားလုံးကောင်းတာပေါ့။ အားလုံးက တန်းတူညီတူညီမျှသလိုပဲ။ ဒါပေမယ့် လက်တွေ့မှာ ခက်ခဲနေတုန်းပါပဲ”လို့ သူကဆိုပါတယ်။ “ဘုရားရှိခိုးကျောင်းဆောက်ဖို့ တရားဝင် ခွင့်ပြုစာလိုပါသေးတယ်။ ဥပဒေအရ ခွင့်ပြုရင်တောင်မှ ဗျူရိုကရက်တစ်ဆန်ဆန် အရာရှိတွေကြောင့် ဖြစ်နိုင်ခြေမရှိပါဘူး။ ခရစ်ယာန်ဘုရားကျောင်းတွေတင်မက၊ မွတ်စလင် ဗလီတွေလည်း အပါအဝင်ပဲ”လိုသူက ပြောကြားခဲ့ပါတယ်။

Maro Verli / Frontier

Maro Verli / Frontier

ဒါပေမယ့် မြန်မာဘက်ပတစ်အဖွဲ့ရဲ့  အထွေထွေအတွင်းရေးမှူး Yam Kho Pau ကတော့ အကောင်း မြင်ပါတယ်။ သူဟာ Holy Trinity က ဆရာမတွေအတိုင်း စစ်တပ်ကနေ ခရစ်ယာန်ဘာသာဝင်တွေကို အစိုးရဝန်ထမ်းဖြစ်ခွင့် ပိတ်ပင်တာမျိုး၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ ဖျက်စီးပြီး စေတီဆောက်တာမျိုးတွေကို ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘုရားရှိခိုးဖို့ ဘုရားကျောင်းတွေမှာသာ တရားဝင် ခွင့်ပြုထားပြီး အိမ်မှာဘုရားရှိခိုးတာကို တားမြစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ခရစ်ယာန်တွေဟာ အမြဲတမ်းဘုရားရှိခိုးနေတော့ အဲဒီပြဌာန်းချက်ကို မရှောင်လွှဲနိုင်ခဲ့ပါဘူး”လို့ သူကပြောပါတယ်။

ဒါပေမယ့် ဒီလိုမလိုက်နာခဲ့တဲ့အတွက် ဖမ်းခံခဲ့ရှိတယ်လို့ မသိထားကြောင်း Yam Kho Pau ကဆိုပြီး ဒီပြဌာန်းချက်က အာဏာပိုင်တွေ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး ကစားကွက် ပုံဖော်တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဟာ အရမ်းနူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးတဲ့ ဘာသာ တရားပါ”လို့ သူကပြောပါတယ်။ ဝေးလံတဲ့ ကျေးလက်ဒေသတွေမှာ အုပ်စုကွဲပြီး ပဋိပက္ခဖြစ်နိုင်တာမျိုးတွေရှိပေမယ့် အခြားနေရာတွေမှာတော့ ဘာသာတရားအားလုံးက ဟန်ချက်ညီညီနဲ့ အတူယှဉ်တွဲ နေထိုင်ကြတယ်လို့ သူကဆိုပါတယ်။

ဦးနေဝင်းလက်ထက်က စစ်ကိုင်းတိုင်းက ရွာတစ်ရွာမှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ Yam Kho Pau ဟာ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာကို မှတ်မိနေခဲ့ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရိုးရာဓလေ့ပွဲတော်မှာ ပါဝင်ခဲ့ကြသလို ရဟန်းသံဃာတွေက ခရစ်ယာန်ကလေးငယ်တွေနဲ့ ၎င်းတို့ကို တရားရိပ်အေး တိုက်ကျွေးခဲ့ကြတာကိုလည်း အမှတ်ရခဲ့ပါတယ်။

Maro Verli / Frontier

Maro Verli / Frontier

အသက် ၂၃ နှစ်အရွယ်ရှိ Hazel Samson ကတော့ သူ့ရဲ့ နေ့စဉ်ဘဝမှာ ခရစ်ယာန်တစ်ဦးဆိုတာထက် အိန္ဒိယနွယ်ဖွားတစ်ဦးလို ခွဲခြားဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။ မူလတန်းကျောင်းဆရာမတစ်ဦးဖြစ်တဲ့ သူဟာ ရန်ကုန်က အီမယ်နျူအယ်လ် ဘက်ပတစ်ဘုရားရှိခိုးကျောင်းကိုတက်ပြီး နေ့စဉ်နေ့တိုင်း သမ္မကျမ်းစာ ဖတ်လေ့ရှိသူဖြစ်ပါတယ်။ သူအကြိုက်နှစ်သက်ဆုံး အပိုဒ်ကတော့ Psalm 121 ဖြစ်ပြီး ခရစ်ယာန် မဟုတ်တဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီက မေးခွန်းတွေ ပြန်ဖြေရတာလည်း ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။

“ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်လာဖို့ ကျွန်မမိဘတွေက တွန်းအားမပေးခဲ့ပါဘူး၊ မွတ်စလင်ပဲ ဖြစ်ဖြစ်၊ ဟန္ဒူဖြစ်ဖြစ် ကိုယ်ယုံကြည်ရာကိုးကွယ်နိုင်တယ်လို့ ကျွန်မအဖေက ပြောခဲ့ပါတယ်”လို့ Laban ကဆိုပါတယ်။ မိဘတွေယုံကြည်ချက်အတိုင်း ဘာလို့ လိုက်နာခဲ့တာလည်းဆိုတဲ့ မေးခွန်းကိုတော့ “ဘုရားသခင်က ကျွန်မနဲ့အတူ အမြဲရှိနေတယ်။ ပြီးတော့ သမ္မကျမ်းစာကတစ်ဆင့် ကျွန်မကို အမြဲစကားပြောနေတယ်လို့ ကျွန်မခံစားရပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ခိုင်မာတဲ့ ခရစ်ယာန်ဘာသာတိုင်းက သက်ဝင်ယုံကြည်မှုချည်း သက်သက် ရှိကြတာ မဟုတ်ပါဘူး။ Holy Trinity Cathedral ကျောင်းက ကလေးအများစုက ဗုဒ္ဓဘာသာဝင် မိသားစုတွေက ဖြစ်တယ်လို့ Lal ကဆိုပါတယ်။ အင်္ဂလိပ်စာကောင်းတာ၊ အနောက်တိုင်း ယဉ်ကျေးမှုရှိတာနဲ့ စည်းကမ်းကောင်းတာတွေကြောင့် ခရစ်ယာန်ကျောင်းတွေက နာမည်ကြီးပါတယ်။

“ကျွန်မတို့ ကလေးတွေကို သင်ကြားတဲ့အချိန်မှာ ကျွန်မတို့ရဲ့  သည်းခံနိုင်မှု၊ စေတနာ မေတ္တထားမှုတွေဟာ ပေါ်လွင်ခဲ့တယ်”လို့ Lal ကပြောပါတယ်။

Lal ရဲ့ ဘုရားရှိခိုးတဲ့အဖွဲ့တွေကို လူတွေဟာ တစ်ဦးချင်း အတွေ့အကြုံနဲ့ ဘာသာပြောင်းတာထက်စာရင် လက်ထပ်ထိမ်းမြားမှု (သို့) အဖွဲ့စည်းတွေကနေတစ်ဆင့် ဝင်ရောက်ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း “ကျွန်မတို့ အခုရော၊ အရင်ကရော ပြောင်းတဲ့သူ နည်းနည်းတော့ ရှိပါတယ်”လို့ သူက ပြောပါတယ်။

အန်ဂျလီကန်တွေဟာ အခြား ခရစ်ယာန်ဂိုဏ်းတွေလိုပဲ ခိုင်မာတဲ့ မိသားစုအသိုင်းအဝိုင်းက ဖြစ်ကြပါတယ်။ ကျောင်းဆရာမသုံးဦးစလုံးက အန်ဂျလီကန် မိသားစုတွေက ဖြစ်ကြပြီး ကိုလိုနီခေတ်ကာလက အနောက်တိုင်း အဆက်အနွယ်တွေကနေ ဆင်းသက်လာခဲ့ကြတာ ဖြစ်ပါတယ်။

Maro Verli / Frontier

Maro Verli / Frontier

Laban လိုပဲ ယေရှုဘုရားကို ယုံကြည်တဲ့ ခရစ်ယာန်မိသားစုတွေက ပေါက်ဖွားလာပြီး ခရစ်ယာန် ရိုးရာဓလေ့တွေကို ကိုးကွယ်သူပမာဏကို ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။

ဖာသာ Yam Kho Pau က သာမန် ခရစ်ယာန်တွေလို့ ကိုယ်တိုင် နာမည်ပေးထားသူတွေဟာ လူနည်းစုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျေးလက်ဒေသတွေမှာ သာမာန် ခရစ်ယာန်ဘာသာရှိတာကို တွေ့ရလိမ့်မယ်”လို့ သူကဆိုပြီး ဆင်းရဲပြီး သူတို့ရဲ့ ဘုရားရှိခိုးသူတွေကို သမ္မကျမ်းစာလာ ခိုင်မာတဲ့ဘာသာတရားကို လမ်းပြပေးနိုင်တဲ့ ဘုရားရှိခိုးကျောင်းတွေအကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ “တစ်ချို့ ဘုရားကျောင်းလေးတွေမှာဆို သင်းအုပ်ဆရာတော်တောင် မရှိပါဘူး”လို့ သူက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ခရစ်ယာန်ဖြစ်ရတာဟာ ရိုးရှင်းပြီး သက်ဝင်ယုံကြည်မှုနဲ့ လိုက်နာကျင့်သုံးမှုပဲ လိုတယ်လို့ ဖာသာ ပီတာက ယုံကြည်ထားပါတယ်။ “ကျွန်တော်တို့ဟာ လူနည်းစုတွေပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်း နီးနီးကပ်ကပ်ကို သိကြပါတယ်။ ဒါပေမယ့် သက်ဝင်ယုံကြည်မှုကတော့ သာမန်အဆင့်မှာ မဟုတ်ပါဘူး”လို့ သူက ဆိုပါတယ်။

Holy Trinity က ဆရာမတွေကတော့ အဲဒါနဲ့ပတ်သက်ပြီး သိပ်စိတ်မပူကြပါဘူး။ သူတွေက ဘုရားကို ယုံကြည်ပြီး တနင်္ဂနွေနေ့တိုင်း တွေ့နေရတဲ့ မျက်နှာသစ်တွေအတွက်လည်း ဝမ်းသာကြပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကဆုံးသွားတဲ့ Lal ရဲ့ ခင်ပွန်းက ဆုံးပါးသွားတဲ့အထိ ဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူအသက်သေဆံုံးခါနီး အချိန်အထိ ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေဆီက တရားဓမ္မတွေကို နာကြားခဲ့ပြီး သေဆုံးချိန်မှာတော့ ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်က ရေဝေးသုသာန်မှာ ခရစ်ယာန် ဓလေ့အတိုင်း သြင်္ဂိုလ်ခဲ့ပါတယ်။

“သူက ငါဗုဒ္ဓဘာသာကို ရွေးရမလား ခရစ်ယာန်ကိုရွေးရမလားလို့ မေးခဲ့တယ်။ ကျွန်မက ဒါကတော့ ရှင့်ရွေးချယ်မှုပဲလို့ ပြောခဲ့တယ်” လို့ lal က ပြန်ပြောင်း ပြောပြပါတယ်။ “သူ့ရဲ့ နှလုံးသားကတော့ ခရစ်ယာန်ဖြစ်နေမှာပါ။ သူပြောင်းလဲသွားခဲ့လို့ ဘုရားသခင်က သူ့ကိုခေါ်ဆောင်သွားခဲ့တာလို့ ကျွန်မထင်ပါတယ်”လို့ သူကဆိုပါတယ်။

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.