နေပြည်တော်မှာကြာကြာနေသင့်တဲ့အကြောင်းရင်းများ

ရန်ကုန်ကိုအမြန်ပြန်စရာမလိုဘဲ ရက်နဲနဲပိုနေနိုင်ခဲ့ရင် မြန်မာနိုင်ငံရဲ့မြို့တော်သစ်မှာ  အချိန်ပေးခြင်းဖြင့်  အခြားသူတွေ  မသိရှိသေးတဲ့   တောင်ကုန်းပေါ်မှာစက်ဘီးစီးရတာ ၊ပေါင်းလောင်းမြစ်ထဲဖောင်မျှောတာနဲ့ မြို့ရဲ့စိတ်ဝင်စားစရာနေရာတွေကိုလေ့လာနိုင်ခြင်းစတဲ့ အရသာတွေကို ရရှိနိုင်မှာပါ။

ဂျိုး ဂေးရေ့စကီး
    

သင်ဟာမြန်မာနိုင်ငံမှာ နေထိုင်နေတဲ့နိုင်ငံခြားသားတစ်ယောက်ဖြစ်ရင် နေပြည်တော် ကိုရောက်မယ်ဆိုရင်တောင် အချိန်ကြာကြာနေကြည့်ဖူးမှာ မဟုတ်လောက်ပါဘူး။ တော်တော် များများကတော့ တစ်ညနှစ်ညလောက်ဘဲနေပြီး ပြန်လာလေ့ရှိပါတယ်။ တချို့တွေဆိုရင် အစည်းအဝေးတွေပြီးတာနဲ့ ပြန်ဖို့စီစဉ်တတ်ကြပါတယ်။နောက်တစ်ကြိမ် နေပြည်တော်ကို သွားဖို့ရှိလာခဲ့မယ်ဆိုရင်တော့ တစ်ရက်၊နှစ်ရက်  ပိုနေစေချင်ပါတယ်။
    နေပြည်တော်ဟာ တခြားနေရာတွေနဲ့ မတူဘူးဆိုတာတော့ သံသယဖြစ်စရာမလိုပါဘူး။ ကျယ်ဝန်းတဲ့လမ်းမကြီးတွေ တစ်ဘက်တစ်ချက်က ဟိုတယ်တွေ၊ပုံစံတူတည်ဆောက်ထားတဲ့ ဝန်ကြီးရုံးတွေကတော့ အားလပ်ရက်ကို ပျော်မွေ့ဖို့ ဖိတ်ခေါ်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့တော်ကတော့  ထူထပ်တဲ့ တောအုပ်တွေနဲ့ခပ်ဝေးဝေးမှာတည်ထားလို့ ဒီမရောက်ခင်ကကြားဖူးခဲ့ပါတယ်။ နေပြည်တော်ကို ဗဟိုချက်ထားပြီး အနီးအနားမှာ မြို့နယ်တွေနဲ့ ဝန်းရံထားတဲ့ ပုံစံတည် ဆောက်ထားတာပါ။ ရှည်လျားလှတဲ့ ကွန်ကရစ်လမ်းမကြီးတွေအဝိုင်းတွေနဲ့ပေါ့။ မော်တော်ဆိုင်ကယ်နဲ့ လည်ပတ်ခြင်းက ပိုမိုစူးစမ်းနိုင်ပြီး လေ့လာစရာလည်းပိုများပါတယ်။
  အရှေ့ဘက်မှာဆိုရင် ပျဉ်းမနားမြို့ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက  သစ်ထုတ်မြို့ဟောင်းလေးမှာ အခြေစိုက်ခဲ့ပါသေးတယ်။ မြို့လယ်ခေါင်မှာအရိပ်ရအပင်တွေနဲ့ အုံ့ဆိုင်းနေတဲ့ ရေကန်လေး တစ်ခုရှိပြီး ဒေသခံတွေကရှမ်းကန်လို့ခေါ်ပါတယ်။ ပျဉ်းမနားက လိမ္မော်သီး နဲ့ အခြားဒေသထွက်သီးနှံတွေဝယ်ခြမ်းဖို့ အကောင်းဆုံးနေရာ လည်းဖြစ်ပါတယ်။ ပျဉ်းမနားမြို့ရဲလမ်းတွေဟာ စည်းကားနေလေ့ရှိပါတယ်။ မော်တော်ဆိုင်ကယ် တွေရပ်ထားတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ ရန်ကုန်မှာတွေ့ မြင်နေကြအတိုင်းမဟုတ်တဲ့ အထပ်မြင့် အဆောက်အအုံတွေကို တွေ့မြင်ရမှာဖြစ်တယ်။
    နေပြည်တော်နားက နောက်ထပ်မြို့နယ်တစ်ခုက လယ်ဝေးမြို့ပါ။ရန်ကုန်မန္တလေးလမ်းဟောင်းက မြို့ကိုဖြတ်သွားတာဖြစ်ပြီး လမ်းမကြီးပေါ်မှာ ကုန်တင်ကားအကြီး စားတွေကို တွေ့ရမှာဖြစ်သလို ကျွဲတွေနွားတွေလည်းမြင်ရမှာပါ။ လယ်ဝေးမြို့ရဲ့ ညဘက်လည်ပတ်စရာတွေထဲမှာ ယဉ်ကျေးပျူဌာတဲ့ ဝန်ထမ်းတွေရှိတဲ့ ဘီယာဆိုင်များလည်းပါပါတယ်။ သီချင်းဆိုပြီးဖျော်ဖြေတဲ့ စားသောက်ဆိုင်ကောင်းကောင်းတွေလဲရှိပါတယ်။ ဒါပေမယ့် လယ်ဝေး ဟာ နေ့ဖက်မှာ ပိုပြီး ကြည့်ကောင်းပါတယ်။ ကြည်လင်တဲ့ မနက်ခင်းတွေမှာဆိုရင် စပါးခင်းတွေကိုဖြတ်ပြီး ငေးကြည့်လိုက်ရင်မြောက်ဖက်အဆုံးမှာ ရိုးမအစပ်ကတောင်ကုန်းတွေကို တွေ့မြင်ရပါလိမ့်မယ်။ မြို့တော်ရဲ့တံခါးပေါက်တစ်ခုဆိုတာမေ့လုနီးပါးပါပဲ။
    နေပြည်တော်ကို ပြောင်းရွှေ့တဲ့အခါ ကံကောင်းစွာနဲ့ လယ်ဝေးက မြန်မာမိသားစုတွေနေတဲ့ အိမ်မှာ ငှားရမ်းနေထိုင်နိုင်ခဲ့ပြီး အဲဒီမိသားစုရဲ့ သားအကြီးဆုံးကတော့ ရိုးမအစပ်မှာ နေထိုင်သူဖြစ်တယ်။ သားအကြီး ဆုံးရဲ့ ဘေးအိမ်ကသား မင်္ဂလာဆောင်မှာ ကျွန်တော့်ကို ဖိတ်ကြားခဲ့တဲ့အတွက် မင်္ဂလာပွဲရဲ့ ဓလေ့တွေကို လေ့လာနိုင် ခဲ့ပါတယ်။ ညနေခင်းတွေ တောင်ကုန်းတွေပေါ်တက်ပြီး နေဝင်သွားတာကို ကြည့်ရတာ မေ့မရစရာပါဘဲ။ မင်္ဂလာဆောင်ကို ရွာကလူငယ်အတွဲတွေဟာ ကရင်ဝတ်စုံတွေနဲ့ လာဆင်နွှဲကြ တယ်။ သီချင်းတွေဖွင့်ထားပြီး ဝါးခွက်နဲ့ ထည့်ထားတဲ့ ဆန်အရက်တွေလဲတိုက်ပါတယ်။ အဲ့ဒီမင်္ဂလာဆောင်ကတော့ နေပြည်တော် နယ်မြေအတွင်းမှာ ဖြစ်ပြီး ကျွန်တော်ကြုံဖူးသမျှ မြန်မာနိုင်ငံက မင်္ဂလာဆောင်တွေထဲမှာ ပျော်စရာအကောင်းဆုံးဖြစ်တယ်။

A Karen wedding in the hills east of the city, but still within Nay Pyi Taw Union Territory. (Mallory Graves | Frontier)

A Karen wedding in the hills east of the city, but still within Nay Pyi Taw Union Territory. (Mallory Graves | Frontier)

နေပြည်တော်မြို့တွင်းနဲ့ မြို့စွန်မြို့ဖျားနေရာတွေကို သွားလာရလွယ်ကူပေမယ့် မင်္ဂလာဆောင်အိမ်က ဆွေမျိုးတွေကကျွန်တော်တို့ကို ပြန်ပို့ပေးခဲ့ပါတယ်။ ကျယ်ဝန်းတဲ့ နေ ပြည်တော် နယ်မြေအတွင်းမှာ တက္ကစီခတွေဈေးကြီးတဲ့အတွက် မော်တော်ဆိုင်ကယ်နဲ့သွား လာရတာပိုအဆင်ပြေပါတယ်။
    ဆိုင်ကယ်တစ်စီးကို တစ်ရက် ကျပ် ၁၅၀ဝ၀ နဲ့ ငှားပြီး ပေါင်းလောင်းမြစ်နဲ့ မြို့လမ်းမ ပေါ်ကိုဖြတ်စီးပြီး ရှု့ခင်းတွေကိုခံစားနိုင်ပါတယ်။ ဆိုင်ကယ်ကိုလှေခွင်းတောင်ဘုရား အောက်ခြေမှာရှိတဲ့ စားသောက်ဆိုင်တွေမှာရပ်ထား၊ တာယာတစ်ကွင်း ငှားပြီးဆည်ထဲက ရေစီးမှာ မျောပါကစားရတာလဲ အပူပိုင်းဒေသရဲ့အပူရှောင်တဲ့ နည်းတစ်ခုဖြစ်တယ်။
    အကယ်၍တည်းနေကျ ဟိုတယ်ဇုန်မှာမဟုတ်ဘဲ အခြားတစ်နေရာမှာ တည်းချင်တယ် ဆိုရင် နေပြည်တော်ရဲ့ အနောက်မြောက်ဖက်မှာရှိတဲ့ ငလိုက်ကန်သာအပန်းဖြေ စခန်းကိုရွေးချယ်နိုင်ပါတယ်။
အပန်းဖြေစခန်းကနေပြည်တော် ကိုရောက်နေတာနဲ့မတူတဲ့ခံစားမှုမျိုးတော့ပေးစွမ်းနိုင်ပါတယ်။ အဲ့နားတဝိုက်မှာ တစ်ခါတစ်ရံ လမ်းကြောင်း ယာဉ်တန်းတွေတွေ့ရသလို တစ်ခါတစ်ရံ သစ်သားနဲ့ လုပ်ထားတဲ့ နွားလှည်း တွေလဲတွေ့နိုင်ပါတယ်။
    အကယ်၍မင်းမှာပိတ်ရက်အပိုမရှိဘူးဆိုရင် ဟိုတယ်ကနံနက်စာဘူဖေးစားပြီးရင် နေပြည်တော်က လက်ဖက်ရည်ဆိုင်တွေသွားပြီး မြည်းစမ်းသင့်ပါတယ်။ရှော့ပင်းစင်တာ တွေမှာ ဆိုင်ခွဲတွေရှိတဲ့ Keystone လက်ဖက်ရည်ဆိုင်ကို ပြည်ထောင်စုလွှတ်တော်တွင်းမှာတွေ့နိုင်ပြီးလွှတ်တော်ကိုယ်စားလှယ်တွေ အမြဲလာရောက်စားသောက်လေ့ရှိတယ်။
    သပြေကုန်းဈေးနားက မဟာဆန် လဖက်ရည်ဆိုင်ကလည်း ကော်ပြန့်နဲ့ မုန့်လက်ကောက်ကြော်ကနာမည်ကြီးပြီး ဝိုင်ဖိုင်အခမဲ့သုံးနိုင်ပါတယ်။ ဒီဆိုင်က အစိုးရဝန်ထမ်းတွေကြားမှာ ရေပန်းစားပါတယ်။ အကယ်၍ အစိုးရ ဝန်ထမ်းတွေနဲ့တွေ့ဆုံဖို့ ချိန်းထားတာမျိုးရှိရင်တောင် သူတို့ကို အဲ့ဒီဆိုင်မှာ မထင်မှတ်ဘဲ တွေ့ရနိုင်ပါတယ်။ မုန့်ဟင်းခါးကိုစားကြည့်ဖို့အကြံပြုလိုပါတယ်။

A popular swimming spot on the Sittaung River. (Joe Gayeski | Frontier)

A popular swimming spot on the Sittaung River. (Joe Gayeski | Frontier)

မြို့တွင်းမှာ အစဉ်အလာအတိုင်းရှိတဲ့ အရာတွေအပြင် ထူးခြားပြီးကွဲထွက်တဲ့ နေရာ တွေလည်းရှိပါတယ်။ ကျောက်မျက်ပြခန်းကလဲ စိတ်ဝင်စားစရာ ကောင်းပြီး ၁၆၀ ဟက်တာရှိတဲ့ အမျိုးသားဥယျာဉ်ကြီးမှာလည်း မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေရဲ့ ပုံစံငယ်တွေကို ပြုလုပ်ပြသထားပါတယ်။
    ဥပ္ပါသသန္တိစေတီတော်ကရွှေတိဂုံဘုရားနဲ့ ဆင်တူတည်ထားတာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးစေတီတော်ကလည်းထီးတော်တင်ပြီးပါပြီ။ အကျော်ကြားဆုံး မြင်ကွင်းကတော့ လွှတ်တော်အပြင်ဖက်မှာရှိတဲ့ နေပြည်တော်ရဲ့ လမ်း၂၀ သွား လမ်းမကျယ်ကြီးဖြစ်ပြီး ရန်ကုန်အစား မြို့တော်အဖြစ် မပြောင်းခင် ဒါတွေကို ဘယ်လိုလျှိ့ဝှက်တည်ဆောက်ခဲ့လဲဆိုတာက သင့်ကို အံ့ဩစေမှာပါ။
    ရန်ကုန်ကလူတွေအမြဲပြောဆိုလေ့ရှိတဲ့ နေပြည်တော်ရဲ့ ထင်ရှားတဲ့အချက် တွေလဲရှိပါ သေးတယ်။ အထူးသဖြင့် ဘရာဇီး ၊ ကန်ဘာရာနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ခဲ့တဲ့ မြို့တော်တွေနဲ့ နှိုင်းယှဉ်ရင်ဖြစ်ရိုးဖြစ်စဉ်အတိုင်း မဟုတ်ဘဲ ထူးကဲမှုတွေရှိ တယ်လို့ အပြောများကြတယ်။
  မေးခွန်းထုတ်စရာတွေများပြီး အထက်စီးဆန်တဲ့ လူ့အဖွဲ့အစည်းအတွက် တည်ဆောက်ခဲ့လို့ တစ်ခါတစ်ရံမှာ နေပြည်တော် ဟာ ဥပေက္ခာပြုခံရလေ့ရှိပါတယ်။ ပျဉ်းမနား၊ လယ်ဝေးနဲ့ ဝန်ကြီးဌာနတွေ ဝန်းရံနေတဲ့ အခြား မြို့နယ်လေးတွေက သေးငယ်ပေ မယ့် နေရအဆင်ပြေပါတယ်။သူတို့မှာ လေ့လာစရာမြင်ကွင်းတွေနဲ့ နားထောင်စရာ ပုံပြင် တွေလဲ အများအပြားရှိပါတယ်။
    ရန်ကုန်မှာနေခဲ့တဲ့ တစ်နှစ်ထက် လယ်ဝေးမှာနေခဲ့တဲ့ တစ်နှစ်အတွင်း မြန်မာ့နိုင်ငံရေး အကြောင်းကို ပိုပြီးလေ့လာနိုင်ခဲ့ပါတယ်။ သင်လည်းနည်းနည်းကြာကြာ ပိုနေနိုင်မယ်ဆိုရင် မြို့တော်မှာ လည်ပတ်ကြည့်ရှု့ရင်းလေ့လာစရာ တွေ့ရှိလာမှာပါ။

စိမ်း ဘာသာပြန်ဆိုသည်။

ခေါင်းစီးဓာတ်ပုံ:Mallory Graves | Frontier

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.