ဒင်နီဖဲန်စတာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းအပေါ်တွင် ဖရွန်းတီးယားမြန်မာ၏ ထုတ်ပြန်ချက်

ဖရွန်းတီးယားမြန်မာ

လွန်ခဲ့သည့်ရက်သတ္တပတ် မေ ၂၄ရက်နေ့တွင် အသက် ၃၇နှစ်အရွယ် ဖရွန်းတီးယားမြန်မာ၏ စီမံခန့်ခွဲမှု အယ်ဒီတာ၊ အမေရိကန်နိုင်ငံသား ဒင်နီဖဲန်စတာသည် ကွာလာလမ်ပူမြို့တော်သို့ ထွက်ခွာမည့် လေယာဉ်ပေါ်တက်ခါနီးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ထဲ၌ ရှိနေသည်ဟု ကျွန်ုပ်တို့နားလည်ထားသည်။

နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းခဲ့သော်လည်း ဖရွန်းတီးယားသတင်းဌာနအနေဖြင့် ဒင်နီဖမ်းဆီးထိန်းသိမ်းခံရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ အာဏာပိုင်များနှင့်အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သူ့အနေဖြင့် မည်သည့်ပုဒ်မများကို ရင်ဆိုင်နေရကြောင်း ကျွန်ုပ်တို့မသိရသည့်အပြင် သူနှင့် အဆက်အသွယ်မရရှိသေးပေ။သူ့အားဖမ်းဆီးထိန်းသိမ်းထားရခြင်းနှင့်ပတ်သက်၍ အာဏာပိုင်များထံမှ မည်သည့်သတင်းအချက်အလက်မျှမရရှိသေးပေ။ 

ဒင်နီသည် ဖရန့်တီးယားတွင် ၂၀၂၀ခုနှစ် ဩဂုတ်လ၌ စတင်လုပ်ကိုင်ခဲ့ပြီး တန်ဖိုးထားရသော လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံသားများနှင့် ဖရွန်းတီးယား၏အယ်ဒီတာ တာဝန်အပေါ်   လွန်စွာဂရုတစိုက်ရှိသူ၊ ဂရုဏာတရားရှိသူ၊ အမျှော်အမြင်ရှိသူတစ်ဦးဖြစ်သည်။ ဒင်နီမှာ တိကျသည့် အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပဲ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းအတွက် ကျွန်ုပ်တို့အနေဖြင့် အံ့ဩစိတ်ပျက်မိပါသည်။

ဒင်နီသည် အမှားတစ်စုံတစ်ရာပြုလုပ်ထားခြင်းမရှိသည့်အတွက် ၎င်းအားခြွင်းချက်မရှိ ချက်ချင်းလွတ်ပေးရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။ယခုကဲ့သို့ ခက်ခဲသည့်အချိန်ကာလတွင် ကျွန်ုပ်တို့၏အတွေးများသည် ဒင်နီ၏မိသားစု၊သူငယ်ချင်းများနှင့်အတူရှိနေပြီး ဒင်နီအားကူညီနိုင်ရန် မိမိတို့တတ်နိုင်သည့် မည်သည့်အရာကိုမဆို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar