မြန်မာနိုင်ငံမှာရှိတဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းတွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသမှာရှိတဲ့ ကလေးငယ်တွေအတွက် လုံခြုံစွာနေထိုင်နိုင်တဲ့နေရာတွေအဖြစ် ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေက သူတို့ရဲ့မိခင်ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေကို ဆုံးရှုံးရသလို မွေးရပ်မြေပြန်ဖို့လည်း စိတ်မဝင်စားတော့ပါဘူး။ ဒီတစ်ပတ်မှာတော့မိတ်ဖက်မီဒီယာဖြစ်တဲ့ Frontier Myanmar မဂ္ဂဇင်းနဲ့ ဒို့အသံတို့ဟာ ရှမ်းပြည်နယ်ကနေ လာကြတဲ့ကလေးတွေအများဆုံးရှိတဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းတစ်ကျောင်းကို သွားရောက်လေ့လာခဲ့ပြီး သူတို့ရဲ့အနာဂတ်မျှော်လင့်ချက်တွေနဲ့ သူတိုရဲ့ယဉ်ကျေးမှုတွေအတွက် စိန်ခေါ်မှုတွေကို နားထောင်ခဲ့ပါတယ်။
တံတားပိတ်ထားတာကြောင့် ခရီးသွားတွေဟာ တံတားအောက်နေ လှေတွေ ဖောင်တွေနဲ့ ဒုဋ္ဌဝတီမြစ်ကို ဖြတ်ပြီး နေ့စဉ်သွားလာနေရပါတယ်။ မိုးတွင်းကာလ မြစ်ဖြတ်ကူး ခရီးသွားရင်း အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
Frontier တင်ဆက်သည်။