“အရင်တုန်းကပျော်စရာကောင်းတဲ့ ဒီပတ်ဝန်းကျင်တွေပေါ့။ အရင်လိုပျော်ပျော်ရွှင်ရွှင်နေဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ တချို့ကလည်းမနေချင်တော့ဘူးတဲ့၊ရွာပြောင်းမယ်၊ အဲဒီလိုမျိုးကြားရတာပေါ့နော်။”
မေလ ၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က ကောင်းတပ်ရွာမှာဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဟာ မိနစ်ပိုင်းအတွင်းမှာ တစ်ရွာလုံးကို ရွာပျက်တစ်ခုသဖွယ် ပျက်စီးစေခဲ့ပြီး လူဆယ်ချီသေဆုံးခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ရပ်ဆိုးကြီးပြီး တစ်လကျော်ကြာချိန်မှာ ပြန်လည်ထူထောင်ရေးတွေ စတင်နေပါပြီ။ ဒါပေမယ့် ဆုံးရှုံးမှုကြီးမားခဲ့တဲ့ ကျန်ရစ်သူဒေသခံတွေအတွက် အိမ်အသစ်၊ ခေါင်မိုးအသစ်တွေဟာ ပျက်စီးသွားတဲ့ လူမှုအသိုက်အဝန်းနဲ့ စိတ်ဒဏ်ရာတွေကို ပြန်ကုစားနိုင်ပါ့မလားဆိုတာ မသေချာနေပါဘူး။ ဖြစ်ရပ်ဆိုးကြီး နောက်ကွယ်က အမှန်တရားနဲ့ တရားမျှတမှုကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
ရှင်သန်ကျန်ရစ်သူတွေ ပြောပြတဲ့ ကောင်းတပ်ရွာအကြောင်း ဒီတစ်ပတ်ဒို့အသံအစီအစဉ်မှာ နားဆင်နိုင်ပါပြီ။