4G ကွန်ရက်ကို သုံးဆပိုမိုမြန်ဆန်လာစေရန် အဆင့်မြှင့်တင်မည်ဟု အူရီဒူးက ကြေညာ

လက်ရှိ 4G ကွန်ရက်ကို အသုံးပြုပြီး မိုဘိုင်းမှတဆင့် အင်တာနက် ချိတ်ဆက်အသုံးပြုသည့်အခါ ရရှိသော အင်တာနက်အမြန်နှုန်းထက် ၃ ဆ ပိုမို မြန်ဆန်စေရန် အဆင့်မြှင့်တင်သွားမည်ဟု အူရီဒူးမြန်မာက ယနေ့ ကြေညာလိုက်သည်။

နည်းပညာအဆင့်မြင့်ထားသော ကွန်ရက်သည် 4×4 MIMO နည်းပညာကို 256 QAM နည်းပညာနှင့် License Assisted Access (LAA) နည်းပညာတို့ဖြင့် စုစည်းပေါင်းစပ်ထားခြင်းကြောင့် ဖြစ်နိုင်ေခြေရှိသော download နှုန်းသည် ၅၀၀Mbps အထိ ရရှိနိုင်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်အစောပိုင်းတွင် ပိုမိုကောင်းမွန်သော ကွန်ရက် စွမ်းဆောင်မှုကို သတ်မှတ်ထားသော နေရာများရှိ အူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသူများအတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

ယခုနှစ်အကုန်တွင် မြို့နယ်ပေါင်း ၂၀၀ ခန့်ရှိ လူဦးရေ ၁၅ သန်းကျော်သည် အူရီဒူး၏ အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို အသုံးပြုနိုင်မည်ဖြစ်သည်ဟုဆိုသည်။

“အူရီဒူး၏ ရည်မှန်းချက်ပန်းတိုင်က သုံးစွဲသူတွေအတွက် ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ အမြန်နှုန်းကို ဝန်ဆောင်မှုပေးပြီး သူတို့ရဲ့ နေ့စဉ် ဒေတာအသုံးပြုမှု အတွေ့အကြုံကို ပြီးပြည့်စုံစေခြင်းဖြင့် အူရီဒူးသုံးစွဲသူတွေအားလုံး အူရီဒူးရဲ့ အင်တာနက်စွမ်းအားကို ပိုမိုပျော်ရွှင်နှစ်ခြိုက်စွာ ရရှိခံစားစေလိုတာပဲ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Vikram Sinha က ပြောကြားသည်။

ကွန်ရက်အတွက် အဆက်မပြတ် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သောကြောင့် 5G ကွန်ရက် ပေါ်ထွက်လာစေရေးအတွက်လည်း တစ်စတစ်စ ပြောင်းလဲတိုးတက်လာမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အူရီဒူးမြန်မာအနေဖြင့် ထင်ရှားသောကုမ္ပဏီနှစ်ခုဖြစ်သည့် Nokia နှင့် ZTE တို့နှင့် ပူးပေါင်းပြီး အဆင့်မြင့်နည်းပညာ အသုံးပြုထားသည့် ကွန်ရက်ကို ဖြန့်ကြက်ချိတ်ဆက်သွားမည်ဟု အူရီဒူးက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar