ဧဒင်က ဒေါ်လာသန်း ၁၃၀ အကုန်အကျခံကာ ပုဂံနှင့် ငပလီတွင် ဟိုတယ်သစ်များ တည်ဆောက်မည်

မြန်မာနိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးလုပ်ငန်းစုများထဲမှ တစ်ခုဖြစ်သည့် ဧဒင်အုပ်စုက Hilton Worldwide Holdings နှင့် ပူးပေါင်းကာ ဟိုတယ်နှစ်လုံး တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ခန့် သုံးဆွဲမည်ဟု ခန့်မှန်းထားကြောင်း Nikkei Asian Review  က နိုဝင်ဘာ ၂၅ ရက်နေ့တွင် ရေးသားထားသည်။

အစီအစဉ်အရ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာနှစ်ခုဖြစ်သည့် ပုဂံနှင့် အင်းလေးတို့တွင် အခန်းပေါင်း ၁၅၀ မှ ၂၀၀ ကြားရှိမည့် ဟိုတယ်နှစ်လုံးကို ၂၀၁၈ ခုနှစ်တွင် အစောဆုံးထား ဖွင့်လှစ်နိုင်မည်ဟု ဧဒင်အုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က ပြောကြားကြောင်း သတင်းတွင် ရေးသားထားသည်။

အင်းလေးတွင် ဖွင့်လှစ်မည့် ဟိုတယ်ကို Hilton အမှတ်တံဆိပ်ဖြင့် ဖွင့်လှစ်ဖွယ်ရှိကာ ပုဂံတွင် ဖွင့်လှစ်မည့် ဟိုတယ်မှာမူ မြန်မာနိုင်ငံအတွက် ပထမဆုံးသော Conrad ဇိမ်ခံဟိုတယ် ဖြစ်လာဖွယ်ရှိသည်ဟု သတင်းတွင် ရေးသားထားသည်။

အမေရိကန်ကုမ္ပဏီ နှင့် ၂၀၁၄ ခုနှစ်က စတင်ပူးပေါင်း လုပ်ကိုင်စဉ်က စတင်ကာ  နေပြည်တော်နှင့် ငပလီတို့တွင် ဧဒင်က ဟိုတယ်များ ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။

စင်ကာပူနိုင်ငံ Keppel Land ထံမှ ပြီးခဲ့သည့် အောက်တိုဘာလတွင် ဝယ်ယူခဲ့သည့် မန္တလေးရှိ ဟိုတယ်ကိုလည်း Hilton အဖြစ် ပြောင်းလဲရန် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ဟိုတယ်လုပ်ငန်းစုဖြစ်သည့် ဧဒင်က စီစဉ်နေသည်။

ဧဒင်က အသေးစားဟိုတယ်များကိုမူ သင်္ဂဟနှင့် Link အမှတ်တံဆိပ်များဖြင့်  ဖွင့်လှစ် လုပ်ကိုင်နေသည်။ ထို့ပြင် ဂျပန်အိမ်ခြံမြေကုမ္ပဏီနှင့် ပူးပေါင်းကာ ဟိုတယ်များ ထပ်မံတည်ဆောက် လုပ်ကိုင်နိုင်မည့် အလားအလာများကို လေ့လာနေသည်ဟု ဦးချစ်ခိုင်က ပြောကြားသည်။

ဧဒင်အုပ်စုကို ၁၉၉၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ကာ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများအပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကိုပါ လုပ်ကိုင်နေသည်။

၎င်းတို့သည် ယခင်စစ်အစိုးရ ခေါင်းဆောင်များနှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့ပြီး နေပြည်တော်တွင် သမ္မတအိမ်တော်နှင့် တပ်မတော် စစ်သမိုင်းပြတိုက် တည်ဆောက်ရေးကဲ့သို့ စီမံကိန်းများ တည်ဆောက်ခွင့်ရရှိခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.