ရှေးဟောင်းမြို့တော်မှာ ဆိုင်ကယ်အစီးရေ ၂၀၀ ကျော် အပျော်တမ်း စီးနင်းလှည့်လည်

စာသားနှင့် ဓာတ်ပုံများ – ရဲမွန်

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုလည်းဖြစ်တဲ့ ပုဂံမှာ စက်တင်ဘာ ၃၀ ရက်နေ့က ဆိုင်ကယ်အစီးရေ ၂၀၀ ကျော် အပျော်တမ်းလှည့်လည် စီးနင်းခဲ့ကြပါတယ်။

The Distinguished Gentleman’s Ride လို့ အမည်ပေးထားတဲ့ ဆိုင်ကယ်စီးပွဲကို နိုင်ငံတကာမြို့ကြီးတွေမှာ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယခုနှစ်မှာတော့ ပုဂံမှာလည်း ပါဝင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

typeof=

အဲဒီဆိုင်ကယ်စီးနင်းပွဲကို ၁၉၅၅ ခုနှစ်က နိုင်ငံပေါင်း ၃၁ နိုင်ငံကို ဆိုင်ကယ်တစ်စီးတည်းနဲ့ လှည့်လည်ခဲ့ပြီး ယခုအခါ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်တင်တင်စိန်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် သူရဲ့ ဆိုင်ကယ်စီး အတွေ့အကြုံတွေကို ပွဲတက်ရောက်သူတွေထံ ဝေမျှခဲ့ပါတယ်။

typeof=

”မတွေ့တာကြာတဲ့ မိသားစုကို ပြန်တွေ့သလို ခံစားရတယ်။ အင်မတန် ပျော်ပါတယ်။ နိုင်ငံအတွင်းပ တ်နေတဲ့ သားတွေ၊ သမီးတွေအနေနဲ့ သတိဝိရိယနဲ့ ပတ်ပါ။ လမ်းအခြေအနေ မကောင်းဘူး။ လူတွေက စည်းကမ်းမရှိဘူး။ မော်တော်ဆိုင်ကယ်ကို မလေးစားကြဘူး”လို့ ဒေါ်တင်တင်စိန်က Frontier ကိုပြောပါတယ်။

အဲဒီလို ဆိုင်ကယ်အပျော်တမ်းစီးပွဲကို ပုဂံမှာ ကျင်းပနိုင်ဖို့အတွက် ပွဲပြုလုပ်မယ့်နေ့အထိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့  ခက်ခက်ခဲခဲ ညှိနှိုင်းစီစဉ်ခဲ့ရတယ်လို့ ပွဲစီစဉ်သူ ကိုစိုင်းက ပြောပါတယ်။

typeof=

ဆိုင်ကယ်စီးပွဲမှာ ဆိုင်ကယ်အမျိုးအစားပေါင်းစုံ ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဆိုင်ကယ်စီးနင်းသူတွေဟာ လူကြီးလူကောင်းပုံစံ ဝတ်ဆင်ပြီး သူတို့အလှဆင်ထားတဲ့ ဆိုင်ကယ်တွေနဲ့ ပါဝင် စီးနင်းခဲ့ကြတာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ သက်မွန်မြင့်နဲ့ အွန်ဆိုင်းတို့လည်း ပါဝင် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

typeof=

The Distinguished Gentleman’s Ride ကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံ စီးနင်းပွဲကို ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက မြို့ပေါင်း ၆၄ မြို့မှာ ဆိုင်ကယ်သမား ၂၅၀၀ ကျော် ပါဝင်စီးနင်းခဲ့ကြပါတယ်။

typeof=

မြန်မာနိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ စတင်စီးနင်းခဲ့ကြပြီး ဆိုင်ကယ်သမား ၁၆၀ ကျော် ပါဝင်စီးနင်းခဲ့ကြပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar