အူရီဒူးမြန်မာက အမှုဆောင်အရာရှိချုပ် အတည်ပြု ခန့်အပ် 

အူရီဒူးမြန်မာ၏ ယာယီအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူနေသည့် Mr. Vikram Sinha အား အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် အတည်ပြု ခန့်အပ်လိုက်ပြီဟု အူရီဒူးမြန်မာက ပြောကြားသည်။

ဆက်သွယ်ရေးကဏ္ဍတွင် လုပ်သက်အနှစ် ၂၀ ခန့် အတွေ့အကြုံရှိသည့် ၎င်းသည် အူရီဒူးမြန်မာတွင် ပြီးခဲ့သည့် သြဂုတ်လက စတင်ပြီး အမှုဆောင်အရာရှိချုပ်အဖြစ် ယာယီတာဝန်ယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်အတွက် ရလဒ်များ ကျဆင်းခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ Rene Meza ပြီးခဲ့သည့် သြဂုတ်လတွင် နုတ်ထွက်သွားသည့်အတွက်  Vikram က တာဝန်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

၎င်းအား အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ရန် အူရီဒူးမြန်မာ၏ ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုလိုက်သည်ဟု အူရီဒူးက ယမန့်နေ့တွင် ကြေညာခဲ့သည်။

“အူရီဒူးမြန်မာရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရတာကို တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ပြီးခဲ့တဲ့ လေးလက လုပ်ဆောင်ချက်ကြောင့် အူရီဒူးရဲ့ 4G ကွန်ရက်ဟာ မြန်မာနိုင်ငံမှာ အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး ဝန်ဆောင်မှုပေးနိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခု စိုက်ထူခဲ့နိုင်တာဟာ ကျွန်တော်တို့အတွက် အောင်မြင်မှုတွေ တော်တော်များများ ရရှိခဲ့ပါတယ်” ဟု Vikram က ပြောကြားသည်။

၎င်းသည် အူရီဒူး မော်လဒိုက်တွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုရရှိစေရန် အလှည့်အပြောင်းပြုလုပ်နိုင်မှုကို ၎င်း၏ မဟာဗျူဟာနှင့် ဦးဆောင်မှု စွမ်းရည်တို့ဖြင့် ထင်ရှားစွာပြသခဲ့သည်ဟု အူရီဒူးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဈေးကွက်ကို ဖွင့်လှစ်ခဲ့ကာ ပြည်ပရင်းနှီမြှုပ်နှံမှုများကို ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် အူရီဒူးက လုပ်ငန်းများ စတင်ခဲ့သည်။ သို့သော် သုံးဆွဲသူ အရေအတွက်အရ အူရီဒူးသည် ပြိုင်ဘက် အမ်ပီတီနှင့် တယ်လီနောတို့၏နောက်တွင် ရှိနေသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.