အိုင်အက်ဖ်စီက စီးတီးမတ်တွင် ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံ

လာမည့် သုံးနှစ်အတွင်း စူပါမားကတ်နှင့် ဟိုက်ပါမားကတ်ပေါင်း ၂၀ ကို နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်ရေးအတွက် စီးတီးမတ်တွင်International Finance Corporation (IFC) က အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံမည်ဟု ဇန်နဝါရီ ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်ဖြစ်သည့် IFC က City Mart Holding Co., Ltd. (CMHL) ၏ လုပ်ငန်းတိုးချဲ့မည့်စီမံကိန်းများကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံ၏ လက်လီဈေးကွက် ပိုမိုတိုးတက်စေရန်နှင့် လက်လီလုပ်ငန်းနှင့် ချိတ်ဆက်လျှက်ရှိသော လုပ်ငန်းများပါဝင်သည့် supply chain တစ်လျောက်လုံးတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ရည်ရွယ် ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ကုမ္ပဏီသို့ ပြည်တွင်းပစ္စည်းပေးသွင်းရောင်းချသူများထံမှ ဝယ်ယူမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုးအထိ မြင့်တက်နိုင်သည်ဟု CMHL က ခန့်မှန်းထားသည်။ အဆိုပါ ပမာဏမှာ လက်ရှိ ဝယ်ယူနေမှုထက် ခြောက်ဆ ပိုမိုသည်။ ထို့အပြင် အလုပ်အကိုင် ၄၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အများစုမှာ အမျိုးသမီးများအတွက် ဖြစ်သည်။

“IFC ၏ရင်းနှီးမြှုပ်နှံမှုဟာ ကျွန်မတို့ရဲ့ စီးပွားရေးစီမံချက်နဲ့ မြန်မာနိုင်ငံ လက်လီလုပ်ငန်းအလားအလာအပေါ် ယုံကြည်မှုရှိကြောင်း ပြသတဲ့ သင်္ကေတတစ်ရပ်ဖြစ်ပါတယ်” ဟု CMHL ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင်က ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့်အတူ IFC က အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှု၊ လူမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်းမွန်သော ကျင့်ထုံးများနှင့် ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုဆိုင်ရာများနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များရဲ့ အကြံပေးချက်များက ကုမ္ပဏီကို အဆင့်မြင့် တိုးတက်စေပါမယ်” ဟု ၎င်းကပြောသည်။

မြန်မာ့လက်လီရောင်းချမှု ဈေးကွက်သည် ဒေါ်လာ ၁၂၀ ဘီလျံပမာဏရှိသော်လည်း အများစုမှာ မိရိုးဖလာ ဆိုင်လုပ်ငန်းများသာဖြစ်ပြီး ခေတ်မီ လက်လီလုပ်ငန်းများက ဈေးကွက်၏ ၁၀ ရာခိုင်နှုန်းအောက်တွင်သာ ရရှိထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော CMHL သည် ယခုအချိန်အထိ လက်လီအရောင်းဆိုင်ခွဲ ပေါင်း ၁၅၀ ကျော် ဖွင့်လှစ်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar