အာရှ၏ ထိပ်တန်း မီဒီယာဆုပေးပွဲတွင် Frontier အသိအမှတ်ပြုခံရ

ရန်ကုန်၊ ဇွန် ၁၆

ယမန်နေ့ညက ကျင်းပခဲ့သည့် အာရှတိုက်၏ ထိပ်တန်း မီဒီယာဆုပေးပွဲတွင် အသိအမှတ်ပြုမှု ရရှိလိုက်ရခြင်းအားဖြင့် လွတ်လပ်သည့် သတင်းမီဒီယာတစ်ခုအနေဖြင့် ဒေသတွင်း၌ Frontier Myanmar က နေရာတစ်ခု အခိုင်အမာ ရရှိသွားပြီ ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွက် အာရှပုံနှိပ်ထုတ်ဝေသူများအစည်းအရုံး (Society of Publishers in Asia- SOPA) က ပေးအပ်သည့်ဆုများအတွက် ဆုကဏ္ဍအမျိုးအစားနှစ်ခုတွင် Frontier က နောက်ဆုံးအဆင့် ရွေးချယ်ခံခဲ့ရသည်။

မာလတီမီဒီယာအယ်ဒီတာဖြစ်သူ ဗစ်တိုးရီးယား မီလ်ကိုက မွန်ပြည်နယ်ရှိ ကြက်တိုက်ပွဲများအကြောင်း ရေးသားပုံဖော်ထားသည့် When Feathers Fly (အမွေးအတောင်များ လေထဲ ပျံ့လွင့်နေသော အခါဝယ်) ဟူသည့်ဆောင်းပါးက Excellence in Photography ကဏ္ဍတွင် Honourable Mention အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။

 class=

class=

ထို့ပြင် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများအကြောင်း ပုံဖော်ထားသည့် အောက်ပါဆောင်းပါးများကလည်း Explanatory Reporting ကဏ္ဍတွင် ဆုအတွက် နောက်ဆုံးအဆင့်အထိ ရွေးချယ်ခံခဲ့ရသည်။

• “How can Rakhine move forward?” သတင်းထောက်ချုပ် အိုလီဗာ ဆလိုး

• “The name game and the blame game in Rakhine”, နှင့် “On confirmation bias”, အယ်ဒီတာချုပ် သောမတ်စ် ကင်းန်

• “Untangling the Rakhine citizenship mess”, နေပြည်တော်ဗျူရိုအကြီးအကဲ ဉာဏ်လှိုင်လင်းနှင့် သော်မတ်စ် ကင်းန်

• “With Maungdaw security in spotlight, govt walks back claims on border attack”, အကြီးတန်းသတင်းထောက် မြတ်ကျော်သူနှင့် အိုလီဗာ ဆလိုး

စတင်တည်ထောင်ပြီး နှစ်နှစ်မပြည့်မီအချိန်မှာပင် အသိအမှတ်ပြုမှု ခံခဲ့ရမှုက ၎င်းကို ပျော်မြူးစေသည်ဟု Frontier ၏ ထုတ်ဝေသူ ဦးဆန်နီဆွေက ပြောကြားသည်။

“အံ့သြဖွယ်ကောင်းတဲ့အိပ်မက်က တစ်ကယ်ဖြစ်လာတာပဲ။ အဖွဲ့သားတွေနဲ့ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Sylvia Saw McKaige ရဲ့ ပံ့ပိုးမှုတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒါက အစပဲရှိပါသေးတယ်။ နောက်ထပ် အများကြီး ထပ်လာဦးမှာပါ” ဟု ၎င်းပြောကြားသည်။

Frontier အနေဖြင့် မှန်ကန်သည့် လမ်းကြောင်းသို့ သွားရောက်နေသည်ဆိုခြင်းကို ယခုရလာဒ်က ပြသနေသည်ဟု အယ်ဒီတာအဖွဲ့၏ အကြံပေးဖြစ်သူ Pichai Chuensuksawadi က ပြောကြားသည်။

“အာရှပုံနှိပ်ထုတ်ဝေသူများအသင်းက အသိအမှတ်ပြုမှုကို ဒီညမှာ ရရှိခဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မမော်ကြွားပါဘူး” ဟု ၎င်းကပြောကြားသည်။ “ဒါကဘာကိုဆိုလိုနေသလဲဆိုတော့ ကျွန်တော်တို့ရဲ့အလုပ်တွေကို မျှမျှတတနဲ့ ဘက်မလိုက်ပဲ ဆောင်ရွက်ခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော်တို့အဖွဲ့သားတွေအနေနဲ့ အရည်အသွေးရှိပြီး ပရော်ဖက်ရှင်နယ်ဆန်စွာ ဆက်လက်ကြိုးစားသွားမယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုနှစ်တွင် ဆုအမျိုးအစားကဏ္ဍပေါင်း ၁၇ ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်မှုပေါင်း ၇၅၀ ကျော်ရှိခဲ့ပြီး သုံးနှစ်အတွင်း မှတ်တမ်းဝင်သည့် အရေအတွက်ဖြစ်သည်ဟု SOPA မှ သိရသည်။

၁၉၉၉ ခုနှစ်တွင် စတင်တည်တောင်ခဲ့သည့် SOPA ဆုများမှာ သတင်းမီဒီယာကဏ္ဍနှင့် ပတ်သက်ပြီး အာရှနှင့် ပစိဖိတ်ဒေသတွင် ဂုဏ်သိက္ခာအရှိဆုံးဆုများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ ဝင်ရောက်ယှဉ်ပြိုင်မှုများကို မီဒီယာလုပ်ငန်းမှ အတွေ့အကြုံရှိပုဂ္ဂိုလ် ၁၀၀ ကျော်အပြင် အာရှဒေသရှိ ထိတ်တန်းသတင်းမီဒီယာကျောင်းများမှ ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် ဒိုင်အဖွဲ့က စစ်ဆေးရွေးချယ်ခြင်း ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.