အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အိုဘားမားက စဉ်းစားနေ

အမေရိကန်နိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိချိန်နှင့် အချိန်ကိုက်ကာ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများအား ထပ်မံဖြေလျော့ပေးရန် အိုဘားမားအစိုးရအဖွဲ့က စဉ်းစားနေသည်ဟု အမေရိကန်အရာရှိများကို ကိုးကားကာ ရိုက်တာသတင်းဌာနက ရေးသားထားသည်။

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားအနေဖြင့် ၎င်း၏ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီးချိန်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်မည်ဟု မေ ျှာ်လင့်ရသည်ဟု ရိုက်တာက စက်တင်ဘာ ၃ ရက်နေ့က ရေးသားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်တွင် စက်တင်ဘာ ၁၄ နှင့် ၁၅ ရက်နေ့များတွင် ရှိနေမည်ဖြစ်သည်။

အိုဘားမား၏ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေးဖြစ်သူ မစ္စတာဘန်ရိုဒ့်က ကွန်ဂရက်ဝန်ထမ်းများနှင့် ပြီးခဲ့သည့် ရက်သတ္တက တွေ့ဆုံကာ ပိတ်ဆို့ အရေးယူမှုများကို လေ ျှာ့ချရန်၊ သို့မဟုတ် ရုပ်သိမ်းရန် သမ္မတက စဉ်းစားနေသည်ဟု ပြောကြားခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများကို ကိုးကား ရေးသားထားသည်။

အဆိုပါ တာဝန်ရှိသူများက အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိသလို အိမ်ဖြူတော်ကလည်း တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိဟု ရိုက်တာက ရေးသားထားသည်။

“ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးတွေနဲ့ သက်ဆိုင်တာတွေကို ကျွန်တော်တို့ ကြည့်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှတ်နှံမှု ပတ်ဝန်းကျင်ကို ဘယ်လို မြှင့်တင်ပေးနိုင်မလဲဆိုတာ မြင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု အပြောင်းအလဲများကို စဉ်းစားနေသည်ဟု ပြောကြားသည့် အမေရိကန်အစိုးရ သတင်းအရင်းအမြစ်က ပြောကြားသည်။

အဆိုပါဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအား GSP (Generalized System of Preferences) အစီအစဉ်တွင် ထည့်သွင်းပေးခြင်းလည်း ပါဝင်သည်။ အဆိုပါအစီအစဉ်သည် ဆင်းရဲပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးများ ပေးခြင်းဖြစ်သည်။

အိုဘာမားအစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုအချို့အား ပြီးခဲ့သည့်မေလက ဖယ်ရှားပေးပြီးဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်း ခုနစ်ခုနှင့် ဘဏ်သုံးခုအား အမည်ပျက်စာရင်းမှ ဖယ်ရှားပေးခဲ့သည်။ သို့သော် Asia World အုပ်စုနှင့် ဆက်စပ်နေသည့် ကုမ္ပဏီခြောက်ခုအပေါ်တွင်မူ ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့သည်။

အဓိကမေးခွန်းမှာ ဝါရှင်တန်က တပ်မတော်အပေါ် ဖိအားပေးထားမှုကို ဒေါ်အောင်ဆန်းစုကြည်က လေ ျှာ့ပေါ့ပေးစေလိုမှု ရှိမရှိ ဖြစ်သည်ဟု ရိုက်တာက ရေးသားထားသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို လမ်းလွဲသွားအောင် တပ်မတော်က လုပ်ဆောင်ခြင်း မရှိစေရန်အတွက် အချို့သော အရေးယူပိတ်ဆို့မှုများကို ဆက်လက်ထားရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က လိုလားဖွယ်ရှိသည်ဟု ယုံကြည်ရသည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများအား ရုပ်သိမ်းသွားအောင် ဆောင်ရွက်ရေးအတွက် အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက ပြည့်သူ့လွှတ်တော်တွင် ပြီးခဲ့သည့်လက တင်သွင်းခဲ့သော်လည်း အဆိုမှာ ရှုံးနိမ့်ခဲ့သည်။ ပြည်သူ့လွှတ်တော်ရှိ ရွေးချယ်ခံ ၃၃၀ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၅၅ နေရာ ရရှိထားသည်။ အဆိုပါအဆိုသည် ကန့်ကွက်မဲ ၂၁၉ မဲ၊ ထောက်ခံမဲ ၁၅၁ မဲနှင့် ကြားနေမဲ ၁၆ မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar