အမ်ပီတီက 4G/LTE ဝန်ဆောင်မှုကို မြို့ကြီးသုံးမြို့၌ စတင်ပေးအပ်

ရန်ကုန်၊ မေ ၃၀

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ 1.8GHz လှိုင်းစဉ်နှုန်း အသုံးပြုခွင့်ရရှိမှုနှင့်အတူ 4G ဝန်ဆောင်မှုကို မြို့ကြီးသုံးမြို့တွင် ယနေ့စတင်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ 4G/LTE ဝန်ဆောင်မှုကြောင့် ပိုမိုမြန်ဆန်သော မိုဘိုင်းဒေတာအမြန်နှုန်းကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့ကြီးများတွင် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အခြားမြို့များတွင်လည်း မကြာမီအသုံးပြုနိုင်တော့မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သုံးစွဲသူတွေအနေနဲ့ အခုလို 4G/LTE နည်းပညာက ယူဆောင်လာတဲ့ မြန်ဆန်ပြီး အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုကို ကြိုက်နှစ်သက်ကြမှာပါ” ဟု MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူMr. Toshitake Amamiya က ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

“ကျွန်တော်တို့အနေနဲ့ အခုဆိုရင် နည်းစနစ်ပိုင်းအနေနဲ့လည်း အဆင်သင့်ဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍအတွက် ခေတ်သစ်တစ်ခုကို ယူဆောင်လာပြီ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။

4G စနစ်အသုံးပြုနိုင်သည့် ဖုန်းများနှင့် ဆင်းကတ်များကို ကိုင်ဆောင်ထားသည့် အမ်ပီတီသုံးစွဲသူများ အားလုံးသည် 4G ဝန်ဆောင်မှုများကို ယခင် ဖုန်းခေါ်ဆိုခနှင့် ဒေတာအသုံးပြုခ ဈေးနှုန်းများဖြင့် ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။

ယခင်ဆင်းကတ်အဟောင်းများကို သုံးစွဲနေပါက 4G စနစ်အသုံးပြုနိုင်သည့် ဆင်းကတ်အသစ်များကို အမ်ပီတီအမှတ်တံဆိပ်ဆိုင်များတွင် ဝန်ဆောင်ခပေးရန်မလိုအပ်ဘဲ လဲလှယ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမ်ပီတီသည် မြန်မာနိုင်ငံသည် အကြီးဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး သုံးဆွဲသူပေါင်း သန်း ၂၀ ကျော်ရှိသည်ဟု ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကွန်ရက်လွှမ်းခြုံမှုမှာ ၉၆ ရာခိုင်နှုန်းရှိသည်ဟုလည်း ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.