Mytel ၏ ကွန်ယက်ချဲ့ထွင်မှုအား လာမည့်လ၌ အပြီးသတ် အကောင်ထည်ဖော်မည်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel က ပြည်နယ်နှင့် တိုင်းဒေသ ၁၅ ခုတွင် ကွန်ယက်ချဲ့ထွင်မည့် အစီအစဉ်အား လာမည့်လတွင် အပြီးသတ် အကောင်ထည်ဖော်သွားမည်ဟု ပြောကြားသည်။

လက်ရှိတွင် Mytel က နေပြည်တော်၊ ပဲခူးတိုင်း အရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မတ် ၁၅ ရက်နေ့မှစတင်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနေသည်ဟုဆိုသည်။

“ကျွန်တော်တို့ ဝန်ဆောင်မှုရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုကတော့ ဝေးလံတဲ့ ကျေးလက်ဒေသတွေရယ်၊ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေနဲ့ အလှမ်းဝေးတဲ့ နေရာဒေသတွေမှာ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့် နည်းပညာတွေ၊ 4G ကွန်ယက်နဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ အားသွန်ခွန်စိုက်မှုတွေကြောင့် အနာဂတ်ကာလရဲ့ ဆက်သွယ်ရေးဈေးကွက်အတွက် စိတ်လှုပ်ရှားမိပါတယ်”ဟု Mytel မှ Chief External Relations Officer ဦးဇော်မင်းဦးက ပြောကြားသည်။

Mytel ဆင်းကတ် တစ်ကတ်အား ကျပ် ၁,၅၀၀ ဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး “Welcome Bonus” အနေဖြင့် MYLIFE အစီအစဉ်အောက်တွင် ဆင်းကတ်အားစာရင်းသွင်းပြီး ရက် ၆၀ အတွင်း ၇၅၀ MB + ၁၀၀ မိနစ် on-net (Mytel လိုင်းအချင်းချင်း) ဖုန်းခေါ်ဆိုရန် အသုံးပြုနိုင်မည်ဟု သိရသည်။ သုံးစွဲသူများအနေဖြင့် မတ် ၁၅ ရက်နေ့မှစ၍ ဖုန်းဘေဖြည့်သွင်းတိုင်း top-up bonus ၅၀ ရာခိုင်နှုန်း ရရှိမည်ဟုလည်း Mytel က ပြောကြားသည်။

Mytel ၏အခြေခံ ခေါ်ဆိုခနှုန်းထားသည် on-net (Mytel လိုင်းအချင်းချင်း) တစ်မိနစ်လျင် ၁၀ ကျပ်၊ off-net (Mytel နှင့် အခြားဆက်သွယ်ရေးလိုင်းများ) တစ်မိနစ်လျင် ၂၃ ကျပ်နှင့် SMS စာတိုဝန်ဆောင်မှုများအတွက် တစ်စောင်လျှင် ၁၀ ကျပ် ကျသင့်မည်ဖြစ်သည်။

Mytel ကွန်ယက်အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေပြည်တော်တွင် First Call အခမ်းအနား ကျင်းပကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar