အကန့်အသတ်မဲ့ အင်တာနက်ကို တယ်လီနောက တစ်နိုင်ငံလုံးအတွက် မိတ်ဆက်

တယ်လီနော၏ 4G ကွန်ရက်လွှမ်းခြုံထားသည့် မြို့နှင့် မြို့နယ်များအားလုံး၌ အသုံးပြုနိုင်မည့် အကန့်အသတ်မဲ့ အင်တာနက်ဝန်ဆောင်မှုကို စတင် ဝယ်ယူနိုင်ပြီဟု တယ်လီနောက ကြေညာလိုက်သည်။

ကနဦး စတင်သုံးစွဲမှု အထူးအစီအစဉ် တစ်ရပ်အနေနှင့် တစက္ကန့်လျှင် 5 Mb မြန်နှုန်းရှိ အကန့်အသတ်မဲ့ အင်တာနက် ဝန်ဆောင်မှုကို ရက် ၉ဝ ကြာအသုံးပြုရန် ငွေကျပ် ၇၅,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ပထမအကြိမ် ငွေပေးသွင်းမှုတွင် ကြိုးမဲ့အင်တာနက် မိုဒမ်းဝယ်ယူမှုလည်း ပါဝင်ပြီးဖြစ်သည်။ အဆိုပါ ရက် ၉ဝ အစီအစဉ် ကုန်ဆုံးပြီးနောက် လစဉ်ကြေး ကျပ် ၃၀,၀၀၀ မှ စတင်၍ ကြိုက်နှစ်သက်ရာ လစဉ် အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှု အစီအစဉ်များကို ထပ်မံ စာရင်းပေးသွင်း ရယူနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

“ဒီဝန်ဆောင်မှုဟာ မြန်မာနိုင်ငံလို ကမ္ဘာပေါ်မှာ အကောင်းဆုံး မိုဘိုင်းကွန်ရက် အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံက ပြည်သူတွေရဲ့ ဒစ်ဂျစ်တယ် လူနေမှုဘဝကို ပိုမို ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မယ့် ခြေလှမ်းအစ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တယ်လီနော မြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Amaresh Kumar က ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

အဆိုပါ အိမ်သုံး ကြိုးမဲ့ဝန်ဆောင်မှုအား ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ကနဦး စမ်းသပ်မိတ်ဆက်ခဲ့ပြီး သုံးစွဲသူများထံမှ အပြုသဘောဆောင်သည့် မှတ်ချက်များရရှိခဲ့သည်ဟုလည်း တယ်လီနောက ပြောကြားသည်။

လက်ရှိတွင် အဆိုပါဝန်ဆောင်မှုကို https://broadband.telenor.com.mm မှတစ်ဆင့် ဝယ်ယူနိုင်ပြီဖြစ်ကာ မကြာမီတွင် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များ၌ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော အကန့်အသတ်မဲ့ 4G အင်တာနက်ဝန်ဆောင်မှုကို အနန္တ (Ananda) က ပြီးခဲ့သည့် နှစ်လခန့်က စတင်မိတ်ဆက်ခဲ့သည်။ သို့သော်အဆိုပါဝန်ဆောင်မှုကို ရန်ကုန်မြို့၌သာ အသုံးပြု၍ ရရှိနိုင်သေးသည်။ အမြန်နှုန်း သတ်မှတ်မထားသည့် အဆိုပါအင်တာနက်ဝန်ဆောင်မှု အသုံးပြုခမှာ တစ်လလျှင် ကျပ် ၃၅,၀၀၀ ဖြစ်သည်။ 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar