အစားအသောက် လုံခြုံစိတ်ချရမှုသည် အဘယ့်ကြောင့် အရေးပါသနည်း

ဤကြော်ငြာဆောင်းပါးကို METRO Wholesale Myanmar က စီစဉ် ရေးသား တင်ဆက်ထားခြင်းဖြစ်ပါသည်။

မိမိတို့ စားသုံးနေသော အစားအသောက်များ စိတ်ချရမှု ရှိ၊မရှိ မည်သို့ သိရှိနိုင်မည်နည်း။

အစားအသောက်လုံခြုံစိတ်ချရမှုသည် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အလွန်အရေးပါသော အချက်တစ်ခု ဖြစ်ပြီး စားသောက်ကုန် ကိုင်တွယ်မှု၊ ထိန်းသိမ်းမှု၊ ပြင်ဆင်မှုနှင့် စားသုံးမှုအထိ ကျယ်ပြန့်သော လုပ်ငန်းစဉ် အဆင့်ဆင့်တွင် မရှိမဖြစ်ပါဝင်ပတ်သက်နေသော အချက်တစ်ခုလည်း ဖြစ်သည်။ လုံခြုံစိတ်ချရမှုမရှိသော စားသောက်ကုန်များသည် ဘေးအန္တရာယ်များစွာကို ဖြစ်စေနိုင်ပြီး ယနေ့တွင် စားသောက်ကုန် လုံခြုံစိတ်ချရမှု သည် မြန်မာနိုင်ငံအတွက် ပထမဦးစားပေးအနေနှင့် လွန်စွာအရေးကြီးသော အချက်တစ်ခု ဖြစ်လာပြီ ဖြစ်သည်။ ထိုအချက်သည် နိုင်ငံတစ်နိုင်ငံ ရှိ လူထု၏ကျန်းမာရေးကဏ္ဍနှင့် လူနေမှုဘဝများကို ထိခိုက်စေရုံသာမက ယင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများအထိ သက်ရောက်မှုရှိနိုင်သောကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများအတွက် ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။ မြန်မာနိုင်ငံတွင်လည်း စားသောက်ကုန် လုံခြုံစိတ်ချရမှုနှင့် ပတ်သက်ပြီး စိန်ခေါ်မှု များစွာကို ရင်ဆိုင်နေရပြီ ဖြစ်၍ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။

အထက်ဖော်ပြပါအချက်များမှာ ထုတ်လုပ်ပြီး စားသောက်ကုန်များ၏ ဖြစ်နိုင်ချေများကို ရှင်းပြထားခြင်း ဖြစ်သည်။ သီးနှံစိုက်ပျိုးရေး၊ သားငါးထုတ်လုပ်ရေး လုပ်ငန်းများတွင်လည်း စားသောက်ကုန် လုံခြုံစိတ်ချရမှုသည် အရေးပါလှသည်။ စားသောက်ကုန်လုံခြုံစိတ်ချရမှု အဆင့်ဆင့်၏ အစသည် တောင်ယာများတွင် စိုက်ပျိုး နေသော တောင်သူလယ်သမားများထံမှ ဖြစ်ပြီး supply chain (ခေါ်) စိုက်ပျိုး၊ မွေးမြူထုတ်လုပ်တင်ပို့ ရောင်းချခြင်းစနစ် တစ်ခုလုံးရှိ ကုန်ပစ္စည်း ထုတ်ပိုးရေး၊ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ရေး၊ တောင်ယာ ဈေးများနှင့် အခြားလက်လီရောင်းချသူ ကုန်စုံဆိုင်များတို့မှ တဆင့် စားသုံးသူထံ နောက်ဆုံးမှ ရောက်ရှိခြင်း ဖြစ်သည်။ စားသောက်ကုန် လုံခြုံ စိတ်ချရေးကို ပြည့်ဝစွာ အကောင်အထည်ဖော်မည် ဆိုပါက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် သားငါးမွေးမြူရေး လုပ်ငန်းများအတွက် နိုင်ငံတကာတွင်ကျင့်သုံး လျက်ရှိသော အကောင်းဆုံး အလေ့အထများကို မှီငြမ်း ပူပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် အဓိကကျပါသည်။ စိုက်ပျိုးမွေးမြူ ထုတ်လုပ် တင်ပို့ရောင်းချခြင်းစနစ် တစ်ခုလုံးအတွက် အဆင့်ဆင့်တွင် စားသောက်ကုန် လုံခြုံ စိတ်ချရမှု ရှိ၊မရှိကို HACCP စံချိန်စံညွှန်းဖြင့် တိုင်းတာနိုင်ပြီး နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အဆိုပါ HACCP စံချိန်စံညွှန်းသည် ဖြစ်နိုင်ချေ ရှိသော ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်မှုပေးသော စံချိန်စံညွှန်းဖြစ်သည်။

Economist Intelligence Unit က ထုတ်ပြန်သော ၂၀၁၇ ခုနှစ်အတွက် ကမ္ဘ္ကာ့ စားနပ်ရိက္ခာ လုံခြုံရေး ညွှန်းတမ်းတွင် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း (၁၁၃) နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် (၇၁) နေရာကိုသာ ရရှိခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ လူဦးရေအများစုမှာ လုံခြုံမှုမရှိသည့်အပြင် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကိုသာ စားသုံးနေရခြင်းမှာ သိသာလျက်ရှိသည်။ ထို့အပြင် အများပြည်သူအတွက် စားနပ်ရိက္ခာလုံခြုံရေးနှင့် ပတ်သက်၍ အသိပညာနှင့် ဗဟုသုတ မျှဝေမှုနည်းပါးခြင်းကိုလည်း များစွာသော အခက်အခဲများကြားမှ စိန်ခေါ်မှုတစ်ရပ်အနေနှင့် ဖြေရှင်းသွားရမည် ဖြစ်သည်။ ထိုသို့ ဗဟုသုတနှင့် ပညာပေးအစီအစဉ်များ ပြုလုပ်သွားရန် အရေးကြီးသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ထိရောက်မှုရှိမည့် ရေရှည်၊ ရေတို လုပ်ငန်းစဉ်များ၊ ဥပဒေနှင့် နည်းဥပဒေများကို စားနပ်ရိက္ခာ လုံခြုံဘေးကင်းရေးအတွက် အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

ပိုးသတ်ဆေးများအသုံးပြုခြင်းနှင့် တိမွေးကု ဆေးဝါးများသုံးဆွဲရာတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်းမှာ အစားအသောက်လုံခြုံမှုပိုင်းဆိုင်ရာ စီမံခန့်ခွဲရေး၊ ပညာပေးလုပ်ငန်းများ ပြုလုပ်ရေးနှင့် တောင်သူလယ်သမားများကို လေ့ကျင်သင်ကြားပေးရေး လုပ်ငန်းများအတွက် များစွာ အရေးပါကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနက ဇူလိုင်လ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ လိုအပ်သော ဗဟုသုတ၊ အသိပညာနှင့် အတတ်ပညာတို့ကို ရရှိပြီးမှသာ ပြည်သူလူထု အနေနှင့် ၎င်းတို့၏ အစားအသောက်လုံခြုံရေး နှင့်ပတ်သက်သည့် ထင်မြင်ချက်များကို ပြောင်းလဲနိုင်မည် ဖြစ်သည်။ ထိုသို့ပြောင်းလဲနိုင်မှသာလျှင် လူထုတစ်ရပ်လုံး အနေနှင့် ကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး တိုင်းပြည် ဖွံဖြိုးတိုး တက်မှုကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည် ဖြစ်သည်။ ထို့အတူ အဆိုပါ ဂေဟစနစ်တွင် ပါဝင်ပတ်သက်နေသူ အားလုံးအနေနှင့် အစားအသောက်ထုတ်ကုန်ပစ္စည်းများကို မည်သို့ သေချာစွာ ထုတ်လုပ်၊ ကိုင်တွယ်၊ ထားသိုပုံ အဆင့်ဆင့်ကို အစအဆုံး ကိုယ်တိုင်ကိုယ်ကျ သိရှိနိုင်စေမည့် စနစ်ကျပြီး ယုံကြည်စိတ်ချရသည့် supply chain (ခေါ်) စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချရေး စနစ်တစ်ခုကိုလည်း တည်ဆောက်သွားရန် လိုအပ်မည် ဖြစ်သည်။

ဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားသောက်ပြင်ဆင်ပေးသော ကုမ္ပဏီများ (HoReCa များ) နှင့် လက်လီရောင်းချသော ကုန်သည်များ (ကုန်စုံဆိုင်များ) သည် မြန်မာနိုင်ငံရှိ စားသုံးသူများ၏ အဓိက စားသောက်ကုန် အရင်းအမြစ် တစ်ခုဖြစ်ပြီး ဘေးကင်းလုံခြုံမှုကို စစ်ဆေးခြင်းမရှိသည့် စားသောက်ကုန်ကို စားသုံးမိခြင်းမှ ကာကွယ်နိုင်ရန်အတွက် ထို HoReCa များနှင့် လက်လီရောင်းချသောကုန်သည်များ၏ supply chain စနစ်ကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများဖြင့် မိတ်ဆက်ပေးကာ အဆင့်မြှင့်တင်ခြင်းဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့အပြင် စနစ်ကျသည့် စားသောက်ကုန် တံဆိပ်နှိပ်ကပ်ခြင်းနှင့် ထိရောက်မှုရှိသည့် စားသောက်ကုန် သမိုင်းကြောင်း ခြေရာခံလိုက်သည့် စနစ်တို့ကို အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံမှ HoReCa များ၊ ကုန်သည်များအတွက် ၎င်းတို့ထံသို့ ရောက်ရှိလာသည့် ကုန်ပစ္စည်းများ၏ ထုတ်လုပ်သည့်နေရာနှင့် သယ်ဆောင်လာသည့် လမ်းကြောင်း၊ မည်သို့ ထိန်းသိမ်းထားသိုထားသည်နှင့် မည်သို့ပြင်ဆင်ချက်ပြုတ်သင့်သည်ဟူသည့် အချက်များကို အဆင့်ဆင့် စစ်ဆေးသွားနိုင်မည် ဖြစ်ကာ ၎င်းတို့ အနေနှင့်လည်း စားသုံးသူများအတွက် သန့်ရှင်းဘေးကင်းသော စားသောက်ကုန်များကို ပြန်လည် ရောင်းချနိုင်မည် ဖြစ်သည်။

နိုင်ငံပေါင်း (၃၅) နိုင်ငံရှိ စားသောက်ကုန်များကို လက်ကားရောင်းချရာတွင် နိုင်ငံတကာ၌ ဦးဆောင်နေပြီး ထိရောက်ကာ ယုံကြည်အားထားရသည့် supply chain စနစ်များနှင့် စားသောက်ကုန် ဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရာတွင် ကျွမ်းကျင်သော ကုမ္ပဏီတစ်ခု ဖြစ်သည်နှင့်အညီ METRO ၏ supply chain စနစ်သည် မြန်မာနိုင်ငံအတွက် ဖြေရှင်းချက်တစ်ခု ဖြစ်စေနိုင်မည် ဖြစ်သည်။ METRO ၏ supply chain စနစ်ကို အသုံးပြုခြင်းအားဖြင့် HoReCa နှင့် လက်လီရောင်းချသော ကုန်သည်များ၊ အသေးစား ကုန်စုံဆိုင်များနှင့် ရုံးခန်းများ အစရှိသည့် လုပ်ငန်းများအနေနှင့် စားသောက်ကုန်နှင့် အစားအသောက် မဟုတ်သော ကုန်ပစ္စည်း (၃၃၀၀) ကျော်ကို အရည်အသွေး မြင့်မားစွာဖြင့် လက်ခံရရှိနိုင်မည် ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ ၎င်း လုပ်ငန်းဆောင်ရွက်နေသည့် ဈေးကွက်များတွင် အသုံးပြုနေသည့် METRO ၏ စားသောက်ကုန် သမိုင်းကြောင်း ခြေရာခံသည့် ခေတ်မီဆန်းသစ်သော စနစ်သည် supply chain စနစ် တစ်ခုလုံး အတွင်းရှိ ထုတ်လုပ်သူမှ စားသုံးသူအထိ အဆင့်ဆင့် စစ်ဆေးပေးသွားနိုင်မည် ဖြစ်သည်။ စားသောက်ကုန်များ၏ သမိုင်းကြောင်းများအား METRO ၏ ကိုယ်ပိုင် အချက်အလက်သိုလှောင်မှု စနစ်အတွင်း မှတ်သားထားမည် ဖြစ်ပြီး ကုန်ပစ္စည်း တစ်ခုချင်းစီ၏ အသေးစိတ်အချက်အလက်များအား အွန်လိုင်းမှတဆင့် သိရှိနိုင်မည် ဖြစ်သည်။ ဝယ်ယူ စားသုံးသူများအနေဖြင့် ဤသို့ ထူးခြားဆန်းသစ်သော ခြေရာခံစနစ်ကြောင့် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ အသေးစိတ် အချက်အလက်များအပြင်၊ မည်သို့ ထုတ်လုပ်၊ သယ်ဆောင်၊ ထုပ်ပိုးထားသည်ဟူသည့် အချက်များကိုပါ ကိုယ်တိုင်ကိုယ်ကျ သိရှိနိုင်မည် ဖြစ်ပြီး ဤစနစ်ကို အသုံးပြု၍ HoReCa များသည် ကုန်ပစ္စည်း ထုတ်လုပ်သည့်နေရာ၊ ထိုကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ထုပ်ပိုးရာတွင် ကြာမြင့်သည့်အချိန် အစရှိသည်များကိုလည်း သိရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် METRO မှ ပေးပိ့ေရောင်းချသော ကုန်ပစ္စည်းများတွင် စားသောက်ကုန် တံဆိပ်ကပ်နှိပ်ထားမှု ပါရှိမည် ဖြစ်ကာ ဝယ်ယူ အသုံးပြုသူများမှ အသေးစိတ် အချက်အလက်များကို အလွယ်တကူ စစ်ဆေးနိုင်မည် ဖြစ်သည်။ METRO သည် အလားတူစနစ်အား မြန်မာနိုင်ငံတွင် တစ်ဆင့်ပြီးတစ်ဆင့် စတင်အသုံးပြုသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ supply chain စနစ်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

METRO သည် ၎င်းလုပ်ငန်း ဆောင်ရွက်နေသော နိုင်ငံများအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများ တွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့် အတွက် တောင်သူလယ်သမားများ၊ ကုန်ထုတ်လုပ်သူများ အတွက် သီးသန့် ပြုလုပ်ထားသည် မွမ်းမံသင်တန်းများ၊ ပညာပေးရေး အစီအစဉ်များကို စားသောက်ကုန် ဘေးကင်းလုံခြုံရေး အတွက် နိုင်ငံတွင်းရှိ အဖွဲ့အစည်းများနှင့် လက်တွဲကာ သင်ကြားပို့ချလျက် ရှိသည်။ ဤနည်းလမ်းကိုလည်း မြန်မာနိုင်ငံတွင် အသုံးပြုသွားမည် ဖြစ်ကာ စားသောက်ကုန် ဘေးကင်းလုံခြုံရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်းမှ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။ လေ့ကျင့်ရေး အစီအစဉ်များ နှင့် မွမ်းမံသင်တန်းများ ကိုလည်း အဆင့်ဆင့် ပြုလုပ်သွားမည် ဖြစ်ကာ HoReCa များအတွက် လိုအပ်သော supply chain စနစ်နှင့် ဝန်ဆောင်မှုတို့ကို ပေးအပ်နိုင်ပြီး လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အပြုသဘောဆောင်သော ထိရောက်မှုမျိုး ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဤကြော်ငြာဆောင်းပါးကို METRO Wholesale Myanmar က စီစဉ် ရေးသား တင်ဆက်ထားခြင်းဖြစ်ပါသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.