အစားအသောက်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုပြပွဲ ကျင်းပမည်

အစားအသောက်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုပြပွဲ-၂ဝ၁၉ Food & Hotel Myanmar (FHMM) 2019 အား ဆဋ္ဌမအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့တွင် ဇွန်လ၌ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အစားအစာနှင့် ဧည့်ခံကြိုဆိုမှုဆိုင်ရာလုပ်ငန်းများအတွက် အကြီးမားဆုံး နိုင်ငံတကာပြပွဲဖြစ်ကာ နောက်ဆုံးပေါ် နည်းလမ်းများ၊ အကြံဉာဏ်များ၊ အစားအစာနှင့် အဖျော်ယမကာဆိုင်ရာ နည်းပညာများကို ပြသသွားမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ နည်းပညာများကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကိုရီးယား၊ စင်္ကာပူ၊ အမေရိက၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲ ၅ ခန်းအပါအဝင် ပါဝင်ပြသသူ ၁ဝဝ ကျော်တို့က ထိပ်တန်း နိုင်ငံတကာကုန်အမှတ်တံဆိပ် ၂၅ဝ ကျော် ပြသသွားမည်ဖြစ်သည်ဟု ပြပွဲနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တကယ်လို့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ တိုးတက်လာနေတဲ့ ဝယ်လိုအားကို ပြည့်မှီအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် အစားအစာနဲ့ ဧည့်ခံကြိုဆိုမှုဆိုင်ရာ လုပ်ငန်းတွေဟာ အလွန်ကြီးမားစွာ တိုးတက် ဖွံ့ဖြိုးလာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။ FHMM 2019 ကုန်သွယ်မှုပြပွဲမှာ ပြသမယ့် နောက်ဆုံးပေါ် ထုတ်ကုန်နဲ့ နည်းပညာတွေဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ လုပ်ဆောင်နိုင်စေဖို့နဲ့ ပိုမိုယှဉ်ပြိုင်နိုင်လာစေမယ့် အကျိုးကျေးဇူးကို ရရှိစေမှာဖြစ်ပါတယ်” ဟု UBM Asia (Myanmar) ၏ Event Director ဖြစ်သူ ဒေါ်ငြိမ်းငြိမ်းအေးက ပြောကြားသည်။

ပြပွဲသို့ လာရောက်ကြည့်ရှုသူ ၇,၅ဝဝ ခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ကော်ဖီနှင့် လက်ဖက်ရည်၊ ဝိုင်နှင့် အဖျော်ယမကာ၊ ဧည့်ခံကြိုဆိုမှုနှင့် လက်လီရောင်းချခြင်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်ကုန်နှင့် ပါဝင်ပစ္စည်းများအတွက် စက်ပစ္စည်းကိရိယာများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရှာဖွေခြင်းဖြင့် အတွေးအခေါ်သစ်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ရရှိနိုင်ကြမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပြပွဲကို သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo တွင် ဇွန် ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲသို့လာရောက်ရန်အတွက် www.foodandhotelmyanmar.com တွင် ကြိုတင်စာရင်းပေးသွင်းသည်ဟု သိရသည်။ ထို့ပြင် ပြပွဲသို့ လာရောက်ချိန်တွင်လည်း တိုက်ရိုက် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.