အင်းယားကန်စောင်းတွင် ကြယ်ငါးပွင့်ဟိုတယ်သစ် ဖွင့်လှစ်

ရန်ကုန်မြို့က အင်းယားကန်ကို အပေါ်စီးကနေ မြင်တွေ့နိုင်တဲ့နေရာမှာ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုကို စက်တင်ဘာ ၁ ရက်နေ့က တရားဝင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဟိုတယ်ကို တောင်ကိုရီးယားနိုင်ငံက Lotte Group ရဲ့ ဟိုတယ်လုပ်ငန်းဌာနခွဲကနေ စီမံကွပ်ကဲမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မိုးမျှော်အဆောက်အဦးနှစ်ခု ပါဝင်တဲ့ Lotte Yangon ဟိုတယ်မှာ အထပ် ၁၅ ထပ်မြင့်ပြီး အခန်းပေါင်း ၃၄၃ ခန်းပါဝင်တဲ့ ဟိုတယ်နဲ့ ၂၉ ထပ်မြင့်ပြီး အခန်း ၃၁၅ ခန်းပါတဲ့ Service Apartment တို့ ပါဝင်ပါတယ်။

ဒီအဆောက်အဦးတွေကို လှိုင်မြို့နယ်က ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်တဲ့ မြေခြောက်ဧကပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံက သံမဏိလုပ်ငန်းကြီးဖြစ်တဲ့ POSCO ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ POSCO Daewoo က ဦးဆောင်တဲ့ လုပ်ငန်းစုကြီးက တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းအတွက် ကုန်ကျငွေက အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီဖက်စပ်လုပ်ငန်းစုကြီးမှာ POSCO Engineering & Construction နဲ့ Lotte Hotel and Resorts တို့အပြင် မြန်မာနိုင်ငံက IGE ကုမ္ပဏီအုပ်စုတို့ ပါဝင်ပါတယ်။

ဒီအဆောက်အဦးတွေရဲ့ လုပ်ငန်းလည်ပတ်မှုကို POSCO Daewoo က ကြီးကြပ်သွားမှာဖြစ်တယ်လို့ Korea Times က ရေးသားထားပါတယ်။

“ကျွန်တော်တို့ဟာ ကျွမ်းကျင်တဲ့ ဟိုတယ်တည်ဆောက်သူတွေ ဖြစ်တယ်ဆိုတာကို Lotte Hotel Yangon ကို အောင်အောင်မြင်မြင် တည်ဆောက်ပြီးစီးမှုက ပြသနေပါတယ်”လို့ POSCO Daewoo ရဲ့ အမှုဆောင်အရာရှိချုပ် Mr Kim Young-sang က ပြောကြားတယ်လို့ သတင်းစာက ရေးသားထားပါတယ်။

“ဒီနှစ်တွေအတွင်း ကျွန်တော်တို့ဟာ ဗီယက်နမ်၊ တရုတ်၊ ဘူဂေးရီးယားနဲ့ အခြားနိုင်ငံတွေမှာ ဟိုတယ်များစွာ တည်ဆောက် လုပ်ကိုင်ခဲ့ပါတယ်” လို့ သူကပြောပါတယ်။

POSCO Daewoo ဟာ မြန်မာနိုင်ငံက အစိုးရပိုင်မြေပေါ်မှာ နှစ် ၇၀ ကြာ လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိတဲ့ ပထမဆုံးသော ပြည်ပပုဂ္ဂလိကပိုင် လုပ်ငန်းဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက အစိုးရတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ယုံကြည်မှု တည်ဆောက်ခဲ့ပါတယ်။ ဒီလိုကျယ်ပြန့်တဲ့ အဆက်အသွယ်တွေကြောင့် ကျွန်တော်တို့ ဟိုတယ်စီမံချက်ကို စတင်နိုင်စေခဲ့ပါတယ်” လို့ Kim က ပြောပါတယ်။

မြန်မာနိုင်ငံမှာ POSCO Daewoo က လုပ်ဆောင်နေတဲ့ အခြားစီမံချက်တွေထဲမှာ ဆန်စက်နဲ့ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေလည်း ပါဝင်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.