အင်ဂျင်ပြဿနာကြောင့် စင်ကာပူလေကြောင်းလိုင်း လေယာဉ်တစ်စီး မန္တလေး၌ အစီအစဉ်မရှိပဲ ဆင်းသက်

ဒါကာမြို့မှ ပျံသန်းလာသည့် စင်ကာပူလေကြောင်းလိုင်း လေယာဉ်တစ်စီးသည် အင်ဂျင် ချို့ယွင်းမှုကြောင့် မန္တလေးတွင် ယမန်နေ့က အစီအစဉ်မရှိပဲ ဆင်းသက်ခဲ့ရသည်ဟု သတင်းများက ရေးသားထားသည်။

ခရီးသည် ၁၉၀ တင်ဆောင်လာသည့် Airbus 333 အမျိုးအစား လေယာဉ်ခရီးစဉ်အမှတ် SQ449 သည် စင်ကာပူ ချန်ဂီလေဆိပ်သို့ ဖေဖော်ဝါရီ ၇ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီတွင် ရောက်ရှိရမည်ဖြစ်သည်ဟု Strait Times သတင်းစာက ရေးသားထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လေယာဉ်၏ ဝဲဘက်အင်ဂျင် ချို့ယွင်းခဲ့သဖြင့် မန္တလေးလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းပေါ်၌ ရပ်တန့်သွားသဖြင့် လေယာဉ် ရပ်နားရာနေရာသို့ ဆွဲယူခဲ့ရသည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၀၂ ဦး ပါရှိသည်ဟုလည်း ဆိုသည်။

ထိုကဲ့သို့ အင်ဂျင်ဖြစ်စဉ်ကြောင့် အဆိုပါခရီးစဉ် စင်ကာပူသို့ ရောက်ရှိချိန် ၁၁ နာရီခန့် နှောင့်နှေးခဲ့ရသည်။

“စက်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မြေပြင်ရှိ အင်ဂျင်နီယာများက အချိန်ယူကြည့်ရှုရန် လိုအပ်သည့်အတွက် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအား စင်ကာပူသို့ ပို့ဆောင်ပေးရန် အစားထိုး လေယာဉ်တစ်စီးကို မန္တလေးသို့ စေလွှတ်မည်ဖြစ်သည်” ဟု စင်ကာပူလေကြောင်းလိုင်းက Strait Times ကို ပြောကြားသည်။

အစားထိုးလေယာဉ်က စက်ကာပူသို့ ယနေ့ နံနက် ၆ နာရီ ၅ မိနစ်တွင် ရောက်ရှိလိမ့်မည်ဟု လေကြောင်းလိုင်းက ပြောကြားကြောင်း ဆက်လက်ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar