သီလဝါရှိ ဒေါ်လာ ၈၅ သန်းတန် သတ္တုအလွာသုတ်စတီးစက်ရုံ၌ စက်ပစ္စည်းများ စတင်တပ်ဆင်

သီလဝါအထူးစီးပွားရေးဇုန်တွင် JFE Meranti Myanmar Company Limited (JMM)က တည်ဆောက်နေသည့် အမေရိကန်ဒေါ်လာ ၈၅ သန်းတန် သတ္တုအလွှာအုပ်စတီး စက်ရုံအတွက် ထုတ်လုပ်ရေးလိုင်းများ စတင်တပ်ဆင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် JFE Steel၊ Meranti Steel၊ JFE Shoji၊ Marubeni-Itochu နှင့် HANWA တို့ ပူးပေါင်းကာ ထူထောင်ခဲ့သည့်JMM ၏ စက်ရုံတွင် စက်ပစ္စည်းများ တပ်ဆင်ရန်အတွက် Myanmar Antaco Company Limited နှင့် သဘောတူညီခဲ့သည်ဟု JMM က သတင်းထုတ်ပြန်သည်။

သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတွင် JMM ၏ အမှုဆောင်အရာရှိချုပ်နှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ Dr. Sebastian Langendorf က “JMM ရဲ့ စီမံကိန်းအား သတ်မှတ်အချိန်ဇယားအတိုင်း ပြီးစီးရေးအတွက် Antaco က စက်ကိရိယာတပ်ဆင်ရေး မိတ်ဖက်အဖြစ် ကျွန်တော်တို့နှင့်အတူ ရှေ့ဆက်သွားနိုင်ဖို့ စိတ်လှုပ်ရှားနေမိပါတယ်” ဟု ပြောကြားသည်။

JMM ၏ ထုတ်လုပ်ရေးလိုင်းတွင် ခန့်မှန်း ခြေ ၁၈၀,၀၀၀ tpa စွမ်းဆောင်ရည်ရှိ သတ္ထုအလွှာအုပ်စတီးများ ထုတ်လုပ်ရေးနှင့် ခန့်မှန်းခြေ ၉၀,၀၀၀ tpa စွမ်းဆောင်ရည်ရှိ အရောင်တင်လိုင်းတို့ ပါဝင်မည်ဟု သိရသည်။

အဆိုပါစက်ရုံကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံ ဆောက်လုပ်ရေးကဏ္ဍအတွက် လိုအပ်မည့် သတ္တုအလွှာအုပ်စတီးပစ္စည်းများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.