ရန်ကုန်-ဟောင်ကောင်ပြေးဆွဲသည့်လေယာဉ် ငှက်နှင့်တိုက်မိ၍ ပြန်လည်ဆင်းသက်ရ

ဓာတ်ပုံ- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲတပ်ဖွဲ့

ဓာတ်ပုံ- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲတပ်ဖွဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်မှဟောင်ကောင်သို့ ပြေးဆွဲသော Dragon Air လေကြောင်းလိုင်း၏ လေယာဉ်တစ်စီးသည် နိုဝင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့နံနက် ၁ နာရီကျော်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ထွက်ခွာစဉ် ငှက်နှင့်တိုက်မိသဖြင့် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း လေဆိပ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

airplane_2aaa.jpg

ဓာတ်ပုံ- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲတပ်ဖွဲ့

အဆိုပါလေယာဉ်သည် ခရီးစဉ်အမှတ် ကေအေ ၂၅၁ အတွက် ထွက်ခွာသည့် အေ ၃၂၁ လေယာဉ်အမျိုးအစား ဖြစ်ပြီး လေဆိပ်မှ ပျံတက်ပြီး ၁၅ မိနစ်အကြာတွင် ထိုကဲ့သို့မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းမတော်တဆမှုကြောင့် လေယာဉ်ရှေ့လေယာဉ်မှူးအခန်း၏ ညာဘက်မှန်ကွဲအက်သွားခဲ့သဖြင့် ဆက်လက် ပျံသန်းရန်အဆင်မပြေတော့ဘဲ ပြန်လည်ဆင်းသက်ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

လေယာဉ်သည် ပျံတက်အပြီး မိနစ်သုံးဆယ်အကြာ နံနက် ၁ နာရီ မိနစ် ၄၀ အချိန်၌ ရန်ကုန်လေဆိပ်သို့ ချောမွေ့စွာ ပြန်ဆင်းနိုင်ခဲ့သော်လည်း ခရီးစဉ်ကိုမူ ဖျက်သိမ်းခဲ့ရသည်။

သတင်း – ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.