ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြင့်တင်မှု ၂၀၂၀ တွင် ပြီးစီးမည်

ယိုယွင်းနေသော ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြင့်တင်မှုမှာ လေးနှစ်အတွင်း ပြီးစီးမည်ဖြစ်သော်လည်း ၄၆ ကီလိုမီတာ ရှည်လျားသော ရထားလမ်းတစ်လျှောက် အိမ်များကို ပြန်လည်နေရာချထားပေးရန် လိုအပ်မည်ဖြစ်ပြီး ယင်းအိမ်များတွင် နေထိုင်သူတို့၏ ကံကြမ္မာနှင့် ပတ်သက်၍ ရေရာမှု မရှိသေးပေ။

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်တွင် အပြီးဆောင်ရွက်ရေးအတွက် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် အဆင့်မြင့်တင်မည့်စီမံကိန်းအတွက် ကန်ထရိုက်တာတစ်ဦးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရွေးချယ်မည်ဖြစ်ကြောင်း အောက်မြန်မာပြည်၊ မြန်မာ့မီးရထား၏ အထွေအထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ဇူလိုင် ၁၂ ရက်နေ့က အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

ဌာန၏ စီမံကိန်းအရ ဘူတာ ၃၈ ခုရှိ မြို့ပတ်ရထားလမ်းတစ်လျှောက် အမြင့်ဆုံးအမြန်နှုန်းကို တစ်နာရီလ ျှင် ၂၄ ကီလိုမီတာမှ ၄၂ ကီလိုမီတာအထိ တိုးမြင့်လာမည်ဖြစ်ပြီး လမ်းတစ်လျှောက် စုစုပေါင်းပျမ်းမျှကြာချိန် သုံးနာရီ ၂၀ မိနစ်မှ တစ်နာရီ ၄၅ မိနစ်အထိသို့ လျှော့ချမည်ဖြစ်သည်။

ထိုသို့ အဆင့်မြင့်တင်မှုကြောင့် ပိုမိုဆိုးဝါးလာသည့် ယာဉ်ကြောပိတ်ဆို့မှုကို လျော့ပါးသက်သာစေမည်ဖြစ်ပြီး စီးနင်းသူဦးရေလည်း နေ့စဉ် ၇၃,၀၀၀ မှ ၂၆၀,၀၀၀ သို့ တိုးမြင့်လာရန် ခန့်မှန်းထားသည်။ ရထားနှင့် ကားလမ်းကူးနေရာများတွင် အလိုအလျောက် အချက်ပြမီးနှင့် ကားတားဂိတ်တံခါးများကို တပ်ဆင်ရန်လည်း စီစဉ်ထားကြောင်း ဦးထွန်းအောင်သင်းက ထပ်မံပြောကြားသည်။

အဆင့်မြင့်တင်ရာတွင် ဒီဇယ်သုံး ရထားသစ် ၆၆ စီးအတွက် ဝန်ကြီးဌာနသည် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) ထံမှ ဖွံ့ဖြိုးရေးထောက်ပံံ့မှုချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၀၆ သန်းကို လက်ခံရရှိပြီး ဖြစ်သည်။ အဆင့်မြင်တင်ရေးအတွက် စုစုပေါင်းဘတ်ဂျက်ကို အပြီးသတ်မတွက်ချက်ရသေးဟု ဦးထွန်းအောင်သင်းက ဆိုသည်။

အဆင့်မြင့်တင်မှုကြောင့် အိမ်ထောင်စု ၄၀ ခန့်ကို ပြန်လည်နေရာချထားပေးရန် လိုအပ်မည်ဟုလည်း ၎င်းကပြောသည်။ စီမံကိန်းတွင် ယင်းမိသားစုများအား ပြန်လည် နေရာချထားရေးလည်း ပါဝင်သည်ဟုဆိုသည်။

“ကျွန်တော်တို့ သူတို့ကို လျော်ကြေးအဖြစ် အိမ်နဲ့မြေနေရာ ပေးမှာပါ။ ဒါပေမဲ့ အစားထိုးပေးမယ့် မြေနေရာတွေတော့ အတည်မပြုရသေးပါဘူး။ ဒဂုံအရှေ့ပိုင်းနား ဖြစ်နိုင်ပါတယ်”ဟု ၎င်းကပြောကြားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar