ရန်ကုန်မြိုလယ်ရှိ ဟိုတယ်နှင့် အိမ်ရာစီမံကိန်း ၂၀၂၀ တွင် ပြီးစီးမည်

ရန်ကုန်မြို့လယ်တွင် တည်ဆောက်ရန် စီစဉ်ထားသည့် The Landmark Development စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံကာ ၂၀၂၀ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု သက်ဆိုင်ရာကုမ္ပဏီများက ကြေညာခဲ့သည်။

အဆင့်မြင့် ဘက်စုံတည်ဆောက်မှု စီမံကိန်း (Mixed Use Development) နှင့် The Peninsula Yangon ဟိုတယ်တို့ ပါဝင်သည့် အဆိုပါ စီမံကိန်းကို FMI၊ Yoma Strategic နှင့် မိတ်ဖက်ကုမ္ပဏီများ ဖြစ်ကြသည့် Hong Kong and Shanghai Hotels Limited၊ မစ်ဆူဘီရှီကော်ပိုရေးရှင်း၊ မစ်ဆူဘီရှီ အိမ်ခြံမြေလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဇူလိုင် ၂၇ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းနေရာရှိ မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို Peninsula ဟိုတယ်အဖြစ် ပြုပြင်သွားမည်ဖြစ်သလို အဆင့်မြင့်လူနေအိမ်ခန်းများ၊ ရုံးခန်းများနှင့် ဈေးဝယ်စင်တာများလည်း တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းကြီးများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၆၀၀ ကျော်ကို ပြည်တွင်းသို့ ဝင်ရောက်လာစေမည်ဖြစ်သည်ဟု FMI ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဦးထွန်းထွန်းက ပြောကြားသည်။

Landmark Development စီမံကိန်း၏ ၁၀ ဧကအကျယ်အဝန်း နေရာအတွက် နိုင်ငံပိုင် မီးရထားလုပ်ငန်းက ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၁ မှစတင်၍ နှစ် ၅၀ ငှားရမ်းခွင့်သက်တမ်း စတင်ရန်သဘောတူခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်နေ့တွင် နှစ် ၅၀ စီ သက်တမ်းရှိသည့် အဆင့်မြင့် ဘက်စုံအိမ်ရာစီမံကိန်းအတွက် မြေငှားစာချုပ်နှင့် Peninsula Yangon ဟိုတယ်ပြုပြင် မွမ်းမံတည်ဆောက်ရေးအတွက် သီးခြား စာချုပ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ချုပ်ဆိုနိုင်ခဲ့သည်။

အဆိုပါ စီမံကိန်းမှာ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် တည်ရှိသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.