ရန်ကုန်နှင့် ဖနွမ်ပင် တိုက်ရိုက်ခရီးစဉ်ကို Emirates စတင် ပြေးဆွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းကြီးဖြစ်သည့် Emirates က ရန်ကုန်နှင့် ဖနွမ်ပင်ကြား တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲမှုများ စတင်တော့မည်ဟု ကြေညာလိုက်သည်။ ၎င်းတို့၏ ဒူဘိုင်းမှ ပြေးဆွဲနေသည့် လမ်းကြောင်းတွင် အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ ဒူဘိုင်းမှ ရန်ကုန်သို့ ပျံသန်းလာသည့် လေယာဉ်သည် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော်သို့ ဆက်လက်ပျံသန်းမည်ဖြစ်သည်။ အဆိုပါ ခရီးစဉ်လမ်းကြောင်းတွင် မူလက ဟနွိုင်းမြို့ ပါဝင်သည်။ သို့သော် ယခုအခါ ဗီယက်နမ်နိုင်ငံ မြို့တော်မှ ဒူဘိုင်းသို့ သီးခြားခရီးစဉ်တစ်ခုအဖြစ် ပြေးဆွဲတော့မည်ဟု လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

လေယာဉ်သည် ဒူဘိုင်းမှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ကာ ရန်ကုန်မြို့သို့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ရန်ကုန်မြို့မှ ညနေ ၆ နာရီ ၅၅ မိနစ်တွင် ထွက်ခွာပြီး ဖနွမ်ပင်မြို့သို့ ည ၉  နာရီ ၂၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အပြန်ခရီးတွင် ဖနွမ်ပင်မှ ည ၁၁ နာရီ ၁၀ မိနစ်တွင် ထွက်ခွာလာကာ ရန်ကုန်သို့ နံနက် ၁၂ နာရီ ၄၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် နံနက် ၂ နာရီ ၁၀ မိနစ်တွင် ထွက်ခွာကာ ဒူဘိုင်းသို့ နံနက် ၅ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက စတင်ကာ ဒူဘိုင်းနှင့် ရန်ကုန်ကြား ခရီးစဉ်ကို Emirates က ပြေးဆွဲခဲ့သည်။  “မြန်မာနိုင်ငံက ပွင့်လန်းလာပါပြီ။ စီးပွားရေးက တိုးတက်လာသလို ၂၀၂၀ မှာ ကမ္ဘာလှည့်ခရီးသည် ၇ ဒသမ ၅ သန်း လာရောက်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်” ဟု Emirates ၏ ထိုင်း၊ မြန်မာနှင့် အင်ဒိုချိုင်းနားဒေသဆိုင်ရာ မန်နေဂျာဖြစ်သူ Mr Mohammad Sarhan က ထိုအချိန်က ပြောကြားခဲ့သည်။ “ဒီသတင်းကြားတာနဲ့ ကျွန်တော်တို့ ဒီမှာစီးပွားရေးလုပ်ရမယ်ဆိုတာ သိလိုက်တယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်မှ ဖနွမ်ပင်နှင့် ကမ္ဘောဒီးယား၏ ခရီးသွားအချက်အချာဒေသဖြစ်သည့် ဆီရမ်ရိပ်တို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းက ပြေးဆွဲခဲ့သော်လည်း စီးနင်းသူ နည်းပါးသည့်အတွက် ပြေးဆွဲမှုကို ၂၀၁၂ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar