ရန်ကုန်စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဂျပန်က ဟိုတယ်ဖွင့်မည်

ရန်ကုန်၊ သြဂုတ် ၂

ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် ဂျပန်နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းကာ အခန်းပေါင်း ၃၉၀ ပါဝင်သည့် ဇိမ်ခံဟိုတယ်တစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါဟိုတယ်အား The Okura Prestige Hotel ဟု အမည်ပေးမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု Hotel Okura Co., Ltd ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟိုတယ်အား စီမံခန့်ခွဲလည်ပတ်ရန်အတွက် ဂျပန်နိုင်ငံမှ Fujita Corp.၊Tokyo Tatemono Co.,၊ Japan Overseas Infrastructure Investment Corp. for Transport & Urban Development နှင့် မြန်မာနိုင်ငံမှ Ayeyar Hinthar Holdings Co. ၏ လုပ်ငန်းခွဲဖြစ်သည့် Yangon Technical & Trading Co., တို့ ပူးပေါင်းထားသည့် လုပ်ငန်းစုနှင့် ယခုလအတွင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် Hotel Okura က မျှော်မှန်းထားသည်။

“ဒီလို ဖွံ့ဖြိုးရေးစီမံကိန်းကြီးမှာ Hotel Okura အနေနဲ့ ပါဝင်ဆောင်ရွက်ခွင့် ရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ရရှိတာဖြစ်ပါတယ်” ဟု Hotel Okura Co., Ltd ၏ ဥက္ကဋ္ဌဖြစ်သူ Toshihiro Ogita က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားသည်။

“The Okura Prestige Hotel အပါအဝင် နောက်ငါးနှစ်အတွင်း မြန်မာနိုင်ငံမှာ ဟိုတယ် သုံးလုံးကနေ ငါးလုံးအထိ ထပ်မံဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။

တပ်မတော်စစ်သမိုင်းပြတိုက်အား ရန်ကုန်မှ နေပြည်တော်သို့ ၂၀၁၂ ခုနှစ်၊ မတ်လတွင် ရွှေ့ပြောင်းသွားခဲ့ခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.