ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းပေးနိုင်မလား

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီးတွေ ဖြစ်ပွားခဲ့တာ ၄ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေ နှစ်ဖက် လူမှုအသိုင်းအဝိုင်းကြားက ပဋိပက္ခတွေ ပြေလည်မှု မရသေးတဲ့အပြင် တခါတရံ ပြဿ     နာ မီးစတွေ ပိုပြီး ကြီးထွားဖို့ ဖြစ်လာတာမျိုးတွေကိုလည်း မြင်တွေ့နေကြရပါတယ်။ နမူနာအားဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရတာဝန်ရှိသူတွေ ရခိုင်ပြည်နယ် စစ်တွေမြို့က တခုတည်းသော မူဆလင်တွေ နေထိုင်ရာ အောင်မင်္ဂလာ ရပ်ကွက်ကို ဝင်ရောက်စစ်ဆေးခြင်းလို ကိစ္စမျိုးတွေပါ။

ဒါ့အပြင် အဲဒီ ရက်ပိုင်းတွေအတွင်း ရန်ကုန်နဲ့ မြို့တချို့မှာ ရိုဟင်ဂျာ စကားလုံး သုံးစွဲမှုအပေါ် အခြေခံပြီး အမေရိကန်သံရုံးနဲ့ အစိုးရအဖွဲ့သစ်အပေါ် ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်ဟာ အစိုးရအဖွဲ့သစ် တာဝန်ယူနေချိန် ဖြစ်ပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရက ဖြေရှင်းမပေးခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ပြဿ     နာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ကရော ဖြေရှင်းပေးနိုင်ပါ့မလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက ပဋိပက္ခ ပြဿ     နာနဲ့ ပတ်သက်လို့ နှစ်ဖက်ညှပ်ပြီး ဖိအားပေး ခံနေရတဲ့ ပုံစံမျိုး ဖြစ်နေတာ မြင်တွေ့ကြရပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာဝင်တချို့က ရခိုင်ပြည်နယ်ထဲက မူဆလင်တွေ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ လို့ ခေါ်ဝေါ် သတ်မှတ်တာကို လုံးဝ လက်မခံပါဘူး။

အဲဒီ အခေါ်အဝေါ်ကို သုံးစွဲတဲ့ အမေရိကန်၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေကို ဆန့်ကျင်ကြပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ရိုဟင်ဂျာ အသုံးအနှုန်း လုံးဝ မသုံးစွဲဖို့ အစိုးရအနေနဲ့ တရားဝင် စာထုတ်ပြန်သင့်ကြောင်း ဆန္ဒပြ တောင်းဆိုကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက မူဆလင် အများစုကြီးဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ခိုးဝင်ခဲ့သူတွေအဖြစ် သတ်မှတ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ စိစစ်ပေးစေချင်ကြပါတယ်။

ရခိုင်ပြည်နယ်ထဲက မူဆလင် အများစုကတော့ သူတို့ကို ဘင်္ဂါလီတွေလို့ ခေါ်ဝေါ်သတ်မှတ်တာကို လက်မခံကြပါဘူး။ ရိုဟင်ဂျာ ဆိုပြီး အမည်စာရင်း ထည့်သွင်းခွင့် မပေးတဲ့ သန်းခေါင်စာရင်း ကောက်ခံမှုကိုလည်း ဆန့်ကျင်ခဲ့ကြပါတယ်။ အမေရိကန် အစိုးရ၊ ကုလသမဂ္ဂနဲ့ အနောက်တိုင်းက ပညာရှင်တွေကတော့ လူမျိုးစု တစ်စုအနေနဲ့ သူတို့လူမျိုးကို သူတို့ နာမည် ဘယ်လို သတ်မှတ်မယ်ဆိုတာ သတ်မှတ်ပိုင်ခွင့်ရှိတယ်၊ ဒါဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးဖြစ်လို့ ဒီအခွင့်အရေးကို လေးစားလိုက်နာရမယ်ဆိုပြီး ရခိုင်ပြည်နယ်က မူဆလင်တွေ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်တာကို အသိအမှတ်ပြု လက်ခံကြပါတယ်။

အဲဒီ မူဆလင်တွေ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ အခြေအနေကို ဆန့်ကျင်ကြပါတယ်။ အခါအခွင့်သင့်တိုင်း မြန်မာအစိုးရကို ဖိအားပေးတာ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်အထိ တိုင်အောင်ပါပဲ။

ရခိုင်ပြည်နယ်ထဲက လူ့အဖွဲ့အစည်း နှစ်ခုစလုံး အကျိုးရှိအောင် ပြဿ     နာကို ဖြေရှင်းမယ်၊ အချိန်တော့ ယူရလိမ့်မယ်၊ မိတ်ဆွေတွေအနေနဲ့ သူ့ကို ကူညီရာ မရောက်တဲ့ အခေါ်အဝေါ်နောက် မလိုက်ကြပါနဲ့၊ သူ့ကို ကူညီကြပါ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

တကယ်တော့ ဒီပြဿ     နာဟာ သမိုင်းကြောင်းတွေနဲ့လည်းဆိုင်တဲ့ ပြဿ     နာမို့လို့ ဖြေရှင်းရ ခက်ခဲပါတယ်။ ပြဿနာ တစ်ခုလုံးကို ဖြေရှင်းနိုင်ဖို့ အသာထားလို့ ၂၀၁၂ ခုနှစ် ရခိုင်မှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားခင် အခြေအနေအထိ ပြန်ရောက်အောင်ကို မနည်းသွားကြရပါဦးမယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေ အတူတကွ နေထိုင်ကြပါတယ်။ သူ့စီးပွား ကိုယ့်စီးပွား လုပ်ကိုင်စားသောက်ကြပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ မူဆလင် အများစု ကန့်သတ်မှုများစွာအောက် နေထိုင်ကြရပေမဲ့ တစ်ဖက်နဲ့ တစ်ဖက် ကြီးမားတဲ့ ပဋိပက္ခမျိုးတော့ မရှိကြပါဘူး။ ပဋိပက္ခမီးတွေ တောက်လောင်ပြီးနောက် ဒုက္ခသည် စခန်းတွေမှာ သွားရောက်နေထိုင်ရသူတွေ အခု ၄ နှစ်ပြည့်တဲ့ အချိန်ထိ သူတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာက နေအိမ်ဝိုင်းတွေကို မပြန်နိုင်ကြသေးပါဘူး။ အဲဒီအထဲမှာ အများစုဟာ မူဆလင်တွေ ဖြစ်နေပါတယ်။ နှစ်နဲ့ချီ ဒုက္ခသည်စခန်းတွေမှာ ပိတ်လှောင်ခံနေရတဲ့ အခြေအနေကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ အစိုးရကို ဝေဖန်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အဲဒီပဋိပက္ခ ပြဿနာ ဖြေရှင်းဖို့အရေး ရှောင်လွဲှနေမှာ မဟုတ်ဘူး၊ တာဝန်ယူ ဖြေရှင်းမှာ ဖြစ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်ပါပြီ။ ၂၀၁၆ မေလအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံအပြီး လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသလို၊ မူဆလင်တွေကလည်း ဘဂါၤလီဆိုတဲ့ အသုံးအနှုန်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတဲ့အကြောင်း သူက ပြောပါတယ်။

“ကမ္ဘာအရပ်ရပ်က လူတိုင်းအတွက် လူမျိုးအမှတ်အသားဟာ အလွန်အရေးကြီးပါတယ်။ ကိုယ်ပိုင်အမှတ်အသား ထူထောင်လိုတဲ့ လူ့ဆန္ဒကို ကျွန်မတို့က ဘယ်နည်းနဲ့မှ ဟန့်တားနေတာ မဟုတ်ပါဘူး” ဆိုပြီးလည်း ရှင်းရှင်းလင်းလင်း ပြောပါတယ်။ ဒါပေမဲ့လည်း တကယ့်အစစ်အမှန် ပြဿ     နာတွေကို ဖြေရှင်းရမယ့် နေရာမှာ ဒီလို တစ်ဖက်ဖက်က လက်မခံနိုင်တဲ့ အခေါ်အဝေါ်နောက်ကို လိုက်နေရင် ပြဿ     နာကို ဖြေရှင်းရာ မရောက်ဘဲ အမုန်းတရားတွေပဲ ပိုကြီးမားလာမယ့်အကြောင်း ပြောပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ရခိုင်ပြည်နယ်ထဲက လူ့အဖွဲ့အစည်း နှစ်ခုစလုံး အကျိုးရှိအောင် ပြဿ     နာကို ဖြေရှင်းမယ်၊ အချိန်တော့ ယူရလိမ့်မယ်၊ မိတ်ဆွေတွေအနေနဲ့ သူ့ကို ကူညီရာ မရောက်တဲ့ အခေါ်အဝေါ်နောက် မလိုက်ကြပါနဲ့၊ သူ့ကို ကူညီကြပါ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာကို တိုင်တည်ပြီး ပြောဆိုလိုက်ပုံကိုကြည့်ရင် ပြဿ     နာကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ရှင်းလင်းတဲ့မူ ရှိနေပြီးသားဆိုတာ သေချာပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ လုပ်ကိုင်တဲ့အခါ အခက်အခဲတွေ အများကြီး တွေ့နိုင်ပါသေးတယ်။ မူဆလင်တွေ လူ့အခွင့်အရေး ပြန်ရလာအောင် လုပ်ကိုင်ပေးတဲ့ ကိစ္စမျိုးတွေမှာ ရခိုင်တိုင်းရင်းသားတချို့ ကန့်ကွက်လာနိုင်တဲ့ကိစ္စ၊ မူဆလင်တွေကို နိုင်ငံသားဖြစ်မှု စိစစ်ရင် ၁၉၈၂ နိုင်ငံသား ဥပဒေဟာ လက်တွေ့အသုံးပြုဖို့ ခက်ခဲမယ့် ကိစ္စ၊ သမိုင်းကြောင်းဆိုင်ရာ ကိစ္စ စတာတွေ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ အထိမခံတဲ့ ပြဿ     နာ၊ ကမ္ဘာက စောင့်ကြည့်နေတဲ့ ပြဿ     နာကြီးကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ကတိပေးပြီး ဖြစ်သလို ရှင်းလင်းမှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းမှာ ဖြစ်တဲ့အတွက် အချိန်ယူရတဲ့တိုင် ပဋိပက္ခ ပြဿ     နာတွေ ပြေလည်သွားနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar