ရခိုင်ပြည်နယ်သို့ သံတမန်များ လေ့လာရေးသွားရောက်

နိုဝင်ဘာ ၂

မူဆလင်ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်များမှု ရှိနေသည်ဟု အစိုးရအပေါ် စွပ်စွဲမှုများ မြင့်တက်နေချိန်တွင် တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် ဒေသများကို လေ့လာရန် နိုင်ငံတကာ သံတမန်များနှင့် ကုလသမဂ္ဂတာဝန်ရှိသူများ ယနေ့ သွားရောက်ကြပြီဖြစ်သည်။

အောက်တိုဘာ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်ကိုးဦးသေဆုံးခဲ့ရသည့် ရုတ်တရက်တိုက်ခိုက်မှုဖြစ်ပေါ်ပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသများသို့ သွားရောက်ခွင့်ကို တပ်မတော်က တားမြစ်ထားသည်။

ရိုဟင်ဂျာမူဆလင်အကြမ်းဖက်သမားများဟု အစိုးရကပြောကြားသည့် တရားခံများကို လိုက်လံဖမ်းဆီးမှုများတွင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကာ ဒါဇင်ပေါင်းစွာကိုလည်း ဖမ်းဆီးထားပြီး လူပေါင်း ၁၅,၀၀၀ ခန့်မှာ နေအိမ်များကို စွန်ခွာထွက်ပြေးနေရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများမှ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် အိမ်များကို မီးရှို့ခြင်းများကို ကျူးလွန်နေသည်ဟု စွပ်စွဲချက်များကို အစိုးရက ငြင်းဆိုထားသည်။

ရခိုင်ပြည်နယ်သို့ ယနေ့ နံနက်ရောက်ရှိသွားသူများတွင် တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် ယူကေနိုင်ငံတို့မှ သံအမတ်ကြီးများအပါအဝင် သံတမန်များနှင့် ကုလသမဂ္ဂတာဝန်ရှိသူများပါဝင်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် မောင်တောခရိုင်အတွင်းရှိ ကျေးရွာများတွင် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့များ၌ လေ့လာရန်အတွက် မြန်မာအစိုးရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းကြမည်ဖြစ်သည်။

ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦး၏အဆိုအရ သံအမတ်ကြီးများသည် ကျီးကန်းပြင်နယ်ခြားစောင့်စခန်းအနီးရှိ ဝပိတ်ကျေးရွာ ပတ်ဝန်းကျင်ကို လေ့လာခြင်းဖြင့် စတင်ခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါနယ်ခြားစောင့်စခန်းသည် အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရသည့်စခန်းများတွင် အပါအဝင်ဖြစ်သည်။

ထိုဒေသတွင် လှည့်လည်လေ့လာစဉ် နောက်ပိုင်းတွင် ရိုဟင်ဂျာရာပေါင်းများစွာပါဝင်သောအဖွဲ့က ၎င်းတို့အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသည်။

“ကျွန်တော်တို့ ကျေးရွာတွေကနေ မောင်းထုတ်ခံခဲ့ရတယ်လို့ ကျွန်တော်တို့ ပြောခဲ့တယ်။ သူတို့ ကျွန်တော်တို့အတွက် တစ်ခုခု လုပ်ပေးနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်” ဟု ကျေးရွာမှ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာတစ်ဦးဖြစ်သူ အောင်သူရက အေအက်ဖ်ပီကို ပြောသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar