မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကို အသွင်သစ်ဖြင့် ပြန်လည်ဖွဲ့စည်းရန် စီစဉ်နေ

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) ကို အသွင်သစ်ဖြင့် ပြန်လည်ဖွဲ့စည်းရန် အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း စီးပွားရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Deal Street Asia က မေ ၇ ရက်နေ့က ရေးသားထားသည်။

ပြန်လည်မွမ်းမံဖွဲ့စည်းမည့် ကော်မရှင်သည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ်နှင့် အညီဖြစ်မည်ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၏ ပြောကြားခဲ့သည်ဟုဆိုသည်။

အစိုးရအပြောင်းအလဲမလုပ်မီ နောက်ဆုံးအစည်းအဝေးဖြစ်သည့် မတ် ၂၅ ရက်နေ့တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်း ၄၈ ခုကို ကော်မရှင်က အတည်ပြုခဲ့သည်။ ထိုသို့ အတည်ပြုမှုက ကော်မရှင်အစည်းအဝေး တစ်ခုလ ျှင် စီမံကိန်း ၁၀ ခုခန့်သာ အတည်ပြုခဲ့မှုထက် မြင့်မားခဲ့ခြင်းဖြစ်သည်။ ကော်မရှင်သည် ယခင်က အစည်းအဝေးများတွင် စီမံကိန်း အခု ၂၀ ထက်ပို၍ အတည်မပြုခဲ့ခြင်း မရှိခဲ့ဘူးပေ။

ယခင်အစိုးရသက်တမ်း နောက်ဆုံးရက်ဖြစ်သည့် မတ် ၂၉ ရက်တွင် ကော်မရှင်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီးတွင် အမေရိကန်ဒေါ်လာ သုံးဘီလျံတန် ရေနံချက်စက်ရုံတည်ဆောက်မည့် တရုတ်ကုမ္ပဏီ၏ စီမံကိန်းတစ်ခုကို အတည်ပြုပေးခဲ့သည်။

ယင်းဆုံးဖြတ်ချက်မှာ ဂျပန်ကုမ္ပဏီများ လုံးဝမထင်မှတ်ထားသော ဆုံးဖြတ်ချက်ဖြစ်ပြီး အထူးစီးပွားရေးဇုန်တွင် ၎င်းတို့၏ပါဝင်မှုကို ပြန်လည်သုံးသပ်နိုင်သည်ဟု Nikkei Asian Review က ဧပြီ ၁၁ ရက်နေ့တွင် ရေးသားခဲ့သည်။ 

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှတ်နှံမှုစုစုပေါင်း အမေရိကန် ဒေါ်လာ ရှစ်ဘီလျံအထိ ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဦးသန်းအောင်ကျော်၏ ပြောကြားမှုက မေ ၉ ရက်နေ့က Global New Light of Myanmar သတင်းစာတွင် ရေးသားထားသည်။

မြန်မာသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၁၅ ဘီလျံအထိ ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၁၄-၁၅ က ဒေါ်လာ ငါးဘီလျံကျော် ဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၁၅-၁၆ တွင် တိုးလာခြင်းမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ထုတ်လုပ်မှုနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ရင်းနှီးမြုပ်နှံမှုတို့ကြောင့်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ ၂၀၁၂-၁၃ က ဒေါ်လာ ၁ ဒသမ ၄၁၃ ဘီလျံနှင့် ၂၀၁၃-၁၄ တွင် ဒေါ်လာ ၄ ဒသမ ၁၀၇ ဘီလျံ ရှိသည်ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဋ္ဌာန၏ စာရင်းများအရ သိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများတွင် ဒေါ်လာ ၁၈ ဒသမ ၀၇၂ ဘီလျံဖြင့် တရုတ်နိုင်ငံက ထိပ်ဆုံးနေရာတွင် ရှိနေပြီး ၎င်း၏နောက်တွင် ဒေါ်လာ ၁၃ ဒသမ ၀၆၆ ဘီလျံဖြင့် စင်ကာပူနှင့်၊ ဒေါ်လာ ၁၀ ဒသမ ၅ ဘီလျံဖြင့် ထိုင်းနိုင်းငံတို့က အသီးသီးကပ်လိုက်နေသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အများဆုံးဆွဲဆောင်ခဲ့ပြီး ၎င်း၏နောက်တွင် စွမ်းအင်၊ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးတို့ ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ သက်တမ်းငါးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကြောင့် အလုပ်အကိုင် ၃၅၀,၀၀၀ ကျော်ဖန်တီးနိုင်ခဲ့သည်ဟု GNLM သတင်းစာက ဖော်ပြခဲ့သည်။

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.