မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်း ဖွင့်လှစ်

ဒီဇင်ဘာ ၉ ရက်က ဖွင့်လိုက်သည့် ရန်ကုန်စတော့အိပ်ချိန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - EPA

ဒီဇင်ဘာ ၉ ရက်က ဖွင့်လိုက်သည့် ရန်ကုန်စတော့အိပ်ချိန်းကို တွေ့ရစဉ်။ ဓာတ်ပုံ – EPA

မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်း Yangon Stock Exchange (YSX) ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်လိုက်သည်။

 စတော့အိတ်ချိန်းမှ တဆင့် ရှယ်ယာထုတ်ရောင်းရန် အရည်အသွေးပြည့်မီသည့် အများပိုင်ကုမ္ပဏီခြောက်ခုရှိကြောင်း ဖွင့်ပွဲတွင် စတော့အိတ်ချိန်းကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ကြေညာခဲ့သည်။

အဆိုပါ ကုမ္ပဏီများမှာ ပထမမြန်မာ ရင်းနှီးမြှတ်နှံမှုကုမ္ပဏီလိမိတက် (FMI)၊ ပထမပုဂ္ဂလိကဘဏ်၊ Great Hor Kham Public Co,.Ltd၊ Myanmar Agribusiness Public Co,.ltd၊ မြန်မာနိုင်ငံသားများဘဏ်နှင့် မြန်မာသီလဝါအများပိုင် ကုမ္ပဏီတို့ဖြစ်ကြသည်။

“သူတို့က အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေပါ” ဟု ဒေါက်တာမောင်မောင်သိမ်းကပြောသည်။

ကုမ္ပဏီများ၏ ရှယ်ယာရောင်းဝယ်မှုများကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲရဦးမည်ဖြစ်သည့်အတွက် စတော့အိတ်ချိန်းဖွင့်လှစ်ပြီးဖြစ်သော်လည်း ရှယ်ယာရောင်းဝယ်မှုများအား စတင်ဆောင်ရွက်နိုင်ဦးမည်မဟုတ်ပဲ ၂၀၁၆ ခုနှစ် မတ်လတွင်မှ ရောင်းဝယ်မှုများ စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် အများပိုင်ကုမ္ပဏီ ၂၀၀ ခန့်ရှိသော်လည်း ခြောက်ခုသာ စတော့အိတ်ချိန်းတွင် စာရင်းဝင်သေးသည့်အတွက် ကျန်ကုမ္ပဏီများကလည်း ခြောက်လအတွင်း စတော့အိတ်ချိန်းစာရင်းဝင်၊ သို့မဟုတ် Over the Counter စာရင်းဝင်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ခြင်းမရှိပါက ၎င်းတို့အနေဖြင့် ရှယ်ယာရောင်းဝယ်မှုများ ဆက်လက် ဆောင်ရွက်ခွင့်ရရှိမည် မဟုတ်ပေ။

ရန်ကုန်စတော့အိတ်ချိန်းကို မတည်ငွေ ကျပ် ၃၂ ဘီလျံဖြင့် တည်ဆောင်ထားခြင်းဖြစ်ပြီး ဒိုင်းဝအင်စတီကျုက ရှယ်ယာ ၃၀.၅ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန် ၁၈.၆ ရာခိုင်နှုန်းကို ဂျပန်အိတ်ချိန်းအုပ်စုက ပိုင်ဆိုင်သည်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်ရှိ ယခင်မြဝတီဘဏ်ရုံးချုပ်ဟောင်းနေရာတွင် ဖွင့်လှစ်ထားခြင်းဖြစ်ကာ ကမ္ဘောဇဘဏ်က စတော့အိတ်ချိန်းအတွက် Security Company အဖြစ်ဆောင်ရွက်ပေးမည်ဖြစ်သည်။

၁၉၉၆ ခုနှစ်ကတည်းက အကောင်အထည်ဖော်ရန် စတင်ဆောင်ရွက်ခဲ့သော်လည်း ယခု ၁၉ နှစ်ကြာမြင့်ပြီးမှ မြန်မာနိုင်ငံ၏ ပထမဆုံးစတော့အိတ်ချိန်းကို ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး မာက်ကိုးရီးယား၊ ဘရူနိုင်း၊ အန်ဒိုရာ၊ အင်ဂိုလာ စသည့် နိုင်ငံများနှင့်အတူ ကမ္ဘာပေါ်တွင် စတော့အိတ်ချိန်းမရှိသည့် ကိုးနိုင်ငံစာရင်း သွင်းခံထားမှုမှ လွတ်မြောက်သွားပြီ ဖြစ်သည်။

နိုင်ငံခြားသားများ၊ နိုင်ငံခြားကုမ္ပဏီများမှာမူ ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ခွင့် ရရှိမည်မဟုတ်သကဲ့သို့ ကျပ်သိန်းတစ်ထောင်ဖိုးနှင့်အထက် ရှယ်ယာဝယ်သူများသည်လည်း ပြည်ထဲရေးလက်အောက်ရှိ ငွေကြေးခဝါချမှု စုံစမ်းရေးအထူးအဖွဲ့၏ ငွေရလမ်းဇာစ်မြစ် စုံစမ်းစစ်ဆေးမှုကို ခံရမည်ဟု ဒေါက်တာ မောင်မောင်သိမ်းက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားထားသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.