မြန်မာနိုင်ငံ၏ ပထမဆုံးသော Lifestyle ဟိုတယ် ဖွင့်လှစ်

ရန်ကုန်မြို့လယ်၊ ယောမင်းကြီးလမ်းပေါ်ရှိ ယခင်သမ္မတဟိုတယ်ဖွင့်လှစ်ခဲ့တဲ့ အဆောက်အဦးကို ပြုပြင်မွမ်းမံပြီး Hotel G Yangon အဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အခန်းပေါင်း ၈၅ ခန်းပါဝင်တဲ့ ဒီဟိုတယ်က မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Lifestyle ပုံစံဟိုတယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“နိုင်ငံတကာက စိတ်တူကိုယ်တူ ခရီးသွားများ၊ နိုင်ငံတွင်း နေထိုင်သူများ အလုပ်လုပ်၊ နားနေအပန်းဖြေပြီး တွေ့ဆုံ ဆွေးနွေးပွဲလုပ်နိုင်တဲ့ Lifestyle ပုံစံ ဟိုတယ်တစ်ခု ရန်ကုန်မှာရှိဖို့ အခုချိန်က အချိန်ကောင်းပါပဲ” လို့ Hotel G Yangon ရဲ့ အထွေထွေမန်နေဂျာ Othmane Amrani က ပြောကြားပါတယ်။

“ကျွန်တော်တို့ ဒီရပ်ကွက် ပတ်ဝန်းကျင်လေးမှာ အပတ်တိုင်းလိုလို ခေတ်ရေစီးကြောင်းအလိုက် အိုင်ဒီယာတွေနဲ့ ပန်းချီပြခန်း အသစ်တွေ၊ စားသောက်ဆိုင်အသစ်တွေ ပေါ်ထွက်လာနေပြီး ကျွန်တော်တို့အတွက် ရန်ကုန်မြို့မှာ နေရတာ စိတ်လှုပ်ရှားစရာအချိန်ပါပဲ။ ကျွန်တော်တို့ရဲ့ တည်နေရာက ဒီလှပတဲ့မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင် လူနေမှု ပုံစံတွေနုဲ့ ရိုးရာဓလေ့ထုံးတမ်းတွေ ပြီးပြည့်စုံစွာ ရောနှောပေါင်းစပ်ထားမှုကို ကိုယ်စားပြုတဲ့အပြင် Hotel G ရဲ့ DNA နဲ့ မျှော်မှန်းချက်ကိုလည်း ထင်ဟပ်စေပါတယ်” လို့ သူက ဆက်လက်ပြောကြားပါတယ်။

“ခေတ်မီသော ခရီးသွားများ နှစ်သက်တောင့်တကြသည့် ဆန်းသစ်သော နည်းပညာ၊ လျှင်မြန်သော ဆက်သွယ်ရေးစနစ်နှင့် ခေတ်မီစတိုင်လ်များအပြင် ဆန်းသစ်သော စိတ်ကူးဖြင့် ဒီဇိုင်းရေးဆွဲ ပုံဖော်ထားသော နေရာများ၊ ပစ္စည်းကိရိယာ အစုံအလင်ရှိသော အားကစားခန်းမနှင့် အပန်းဖြေ၊ အနားယူ၊ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြဖို့ အကောင်းဆုံးနေရာ ဖြစ်သော Babett အဆင့်မြင့် စားသောက်ဆိုင်နှင့် အဖျော်ယမကာဘား တို့ကိုလည်း Hotel G Yangon တွင်တွေ့မြင်နိုင်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဟိုတယ်ကို ကမ္ဘာအနှံ့ မြို့ကြီးများတွင် ဟိုတယ်များဖွင့်လှစ်ကာ Hotels G ကွန်ယက်ဖြင့် လုပ်ငန်း လုပ်ကိုင်လျက်ရှိတဲ့ GCP Hospitality က စီမံခန့်ခွဲနေတာဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar