မြန်မာနိုင်ငံ၏ ပထမဆုံးသော Mercure အမှတ်တံဆိပ် ဟိုတယ် ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ပထမဆုံးသော Mercure အမှတ်တံဆိပ် ဟိုတယ်ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီဟု AccorHotels အုပ်စုက ကြေညာလိုက်သည်။

အခန်းပေါင်း ၁၈၃ ခန်း ဖြင့် ဖွဲ့စည်းထားသည့် အဆိုပါဟိုတယ်၏ အခန်းတွင်း အပြင်အဆင်များသည် မြန်မာယဉ်ကျေးမှု အနုပညာ၊ လက်မှုပညာနှင့် ရိုးရာယွန်းထည်ပစ္စည်းများ၏ အနှစ်သာရကို မှီငြမ်းထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“အခုပထမဆုံး ဒီ Mercure Yangon Kaba Aye Hotel ကိုဖွင့်လှစ်ရခြင်းဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းကဏ္ဍရဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်ကို အခြေပြုထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းဒေသရဲ့ ပန်းဥယျာဉ်မြို့တော်တစ်ခုလို့ တင်စားကြတဲ့အတိုင်း ဒီရန်ကုန်မြို့က မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ ရောယှက်ဆုံစည်းရာ နေရာ တစ်ခုပါပဲ” ဟု အရှေ့တောင်နှင့် အရှေ့မြောက်အာရှ AccorHotels အုပ်စု၏ အမှုဆောင်အရာရှိချုပ် Patrick Basset က ပြောကြားသည်။

ဟိုတယ်တွင် အစည်းအဝေးပွဲများ၊ ကော့တေးလ်ပါတီများ၊ ညီလာခံများနှင့် မင်္ဂလာပွဲ အခမ်းအနားများအတွက် ဧည့်သည် ၂၁၀ ခန့်ကို တည်ခင်း ဧည့်ခံရန် ကျယ်ဝန်းသော ခန်းမကြီးများလည်း ပါရှိသလို တစ်ဦးမှ ခြောက်ဦးအထိ အသုံးပြုနိုင်ပြီး နာရီအလိုက် (သို့မဟုတ်) လအလိုက် ငှားရမ်း၍ အသုံးပြုနိုင်သော Ready to Work လုပ်ငန်းခွင် နေရာများကိုလည်း ဖွဲ့စည်းပေးထားသည်။

“ရန်ကုန်မြို့မှာ အခြေပြုပြီး အခုလို မြန်မာနိုင်ငံရဲ့ ပထမဆုံး Mercure ဟိုတယ်အဖြစ် အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ တစ်ကမ္ဘာလုံး အသိအမှတ်ပြု ခံထားရတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ Mercure ရဲ့ စီမံခန့်ခွဲရေး ယဉ်ကျေးမှု၊ သဘောတရားတွေနဲ့အညီ စစ်မှန်တဲ့ ပြည်တွင်း ဧည့်ဝတ်ကျေပွန်မှု အတွေ့အကြုံတွေကို ကျွန်တော်တို့ဘက်ကနေ အကောင်းဆုံး ဝေမျှသွားမှာပါ” ဟု Mercure Yangon Kaba Aye ၏ အထွေထွေ မန်နေဂျာ ရစ်ချက်တင်ထွန်းက ပြောကြားသည်။ 

နိုင်ငံတကာ ဟိုတယ်လုပ်ငန်းကြီးဖြစ်သည့် AccorHotels အုပ်စုသည် မြန်မာနိုင်ငံတွင် Mercure Yangon Kaba Aye ဟိုတယ် အပါအဝင် MGallery၊ The Lake Garden Nay Pyi Taw၊ Novotel Inle Lake Myat Min၊ Novotel Yangon Max၊ Ibis Styles Yangon Stadium နှင့် Sofitel Inle Lake Myat Min စသည့် အဆင့်မြင့် ဟိုတယ်ခြောက်ခုကို စီမံကွပ်ကဲနေသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.