မြန်မာနိုင်ငံအနီးရှိ ကျွန်းပေါ်တွင် ဘင်္ဂလားဒေ့ရှ်က နယ်ခြားစောင့်တပ်ဖွဲ့များ ချထား

အေအအက်ဖ်ပီ

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း မြန်မာနယ်စပ်နှင့်အနီး ကျွန်းတစ်ကျွန်းပေါ်သို့ လက်နက်အပြည့်အစုံပါဝင်သည့် နယ်ခြားစောင့်တပ်ဖွဲ့များကို ဘင်္ဂလားဒေရှ့်က ဧပြီ ၇ ရက်နေ့တွင် ချထားလိုက်ပြီး ထိုသို့ချထားမှုမှာ နှစ် ၂ဝ အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိပြီး အိမ်နီးချင်းနှစ်နိုင်ငံကြား သံတမန်ရေးတင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည့် ကျွန်းငယ်လေးတစ်ခုဖြစ်သော စိန့်မာတင်ပေါ်သို့ တိုက်ခိုက်ရေးရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင်ဒါဇင်များစွာ တက်ရောက်နေသည့် ပုံများကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(ဘီဂျီဘီ)က ဖြန့်ဝေခဲ့သည်။

တပ်ဖွဲ့ဝင်များချထားမှုမှာ နယ်ခြားဒေသကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများ ထိန်းချုပ်ရန် ပုံမှန် လုပ်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်ဟု ဘီဂျီဘီက ပြောသည်။ သို့သော် တပ်ဖွဲ့ဝင်များချထားမှုမှာ ၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဘီဂျီဘီမှ ဒုတိယဗိုလ်မှူးကြီး ဆာကာမိုဟာမက်မူစတာဖီဇူရ်ရာမန်က အေအက်ဖ်ပီကို ပြောကြားသည်။

“နှစ် ၂ဝ ကျော်ကြာပြီးတဲ့နောက်မှာတော့ ဒီလိုတပ်ဖွဲ့ဝင်တွေ ချထားသင့်ပြီလို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံအတွင်း ပုံနှိပ်သည့် မြေပုံအချို့တွင် မြန်မာပိုင်နက်အဖြစ် စိန့်မာတင်ကျွန်းကို ထည့်သွင်းခဲ့ခြင်းအား ဆန့်ကျင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မြို့တော်ဒါကာရှိ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး နှစ်လအကြာ၌ ထိုကျွန်းပေါ်သို့ တပ်ဖွဲ့ဝင်များ ချထားခြင်းဖြစ်သည်။

မြန်မာအစိုးရဝက်ဘ်ဆိုက်တစ်ခုက ယင်းကျွန်းကို မြန်မာပိုင်နက်အဖြစ် ဖော်ပြခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့သေးသည်။ ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို မြန်မာစစ်တပ်က နှိမ်နင်းပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။

မြန်မာစစ်တပ်၏ ပြင်းထန်သည့် စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမူစလင် ၇၄ဝ,ဝဝဝ ခန့်မှာ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်ကတည်းက ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရာ မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ဘက်တွင် ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းကြီး ပေါ်ပေါက်လာစေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်လူမျိုးများနှင့် ယဉ်ကျေးမှုနှင့် ဘာသာစကားတူညီမှုအချို့ရှိသော ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို မြန်မာက ကျူးလွန်ခဲ့သည်ဟု မူစလင်အများစုရှိသော ဘင်္ဂလားဒေ့ရှ်က စွပ်စွဲထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar