မြန်မာဈေးကွက်သို့ အာဂျီနိုမိုတို ပြန်လည်ဝင်ရောက်လာ

ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်မှာ ထုတ်ပိုးစက်ရုံဖွင့်လှစ်လိုက်ခြင်းအားဖြင့် ဂျပန်နိုင်ငံက စားသောက် ကုန်ထုတ်လုပ်တဲ့ အာဂျီနိုမိုတိုကုမ္ပဏီဟာ မြန်မာနိုင်ငံဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာပါတယ်။

Myanmar Ajinomoto Foods ကုမ္ပဏီ ရဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ ထုတ်ပိုးစက်ရုံဖွင့်ပွဲကို စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။ စက်ရုံဟာ သြဂုတ်လကတည်းက စွမ်းအားပြည့်လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

အာဂျီနိုမိုတိုဟာ မြန်မာနိုင်ငံက အိမ်ရှင်မတွေအကြားမှာတော့ “အိုးတံဆိပ်” အချိုမှုန့်လို့ လူသိများပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။

တိုကျိုအခြေစိုက်ကုမ္ပဏီဟာ သူ့ရဲ့ အာဂျီနိုမိုတိုတံဆိပ်ဟင်းခတ်ထုတ်ကုန်တွေကို  မြန်မာပြည်ဈေးကွက်အတွက် ပြည်တွင်း လုပ်ငန်းခွဲတစ်ခုကနေတဆင့် ထုတ်ပိုးရောင်းချမှုကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

သီလဝါမှာ ဖွင့်လှစ်လိုက်တဲ့ စက်ရုံမှာအတွက် အဓိကကုန်ကြမ်းဖြစ်တဲ့ momosodium glutamate ကို မြန်မာနိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာနရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံက တင်သွင်းမှာဖြစ်ပြီး အာဂျီနိုမိုတို ဟင်းခတ်မှုန့်တွေ ထုတ်ပိုးထုတ်လုပ်ကာ ပြည်တွင်းမှာ ဖြန့်ချိမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားထားပါတယ်။ ကနဦးအနေနဲ့ ရန်ကုန်နဲ့ မန္တလေးမှာ စတင်ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။

အာဂျီနိုမိုတိုရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Takaaki Nishii က ၎င်းတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့ထိပ်တန်း အစားအစာကုမ္ပဏီ ၁၀ ခုထဲ ပါဝင်နိုင်ဖို့ ရည်ရွယ်ထားပြီး အဲဒီမျှော်မှန်းချက်အတွက် မြန်မာက မရှိမဖြစ် အရေးပါတယ်လို့ ပြောကြားပါတယ်။

“ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက်ဆိုရင် တောက်ပတဲ့အနာဂတ်ရှိပြီး ထွန်းသစ်စဈေးကွက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကုမ္ပဏီရှိနေသင့်တယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး” လို့သူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဟင်းခတ်မှုန့် စားသုံးမှုနှုန်းက တစ်နှစ်မှာ တန် ၅၂,၀၀၀ နီးပါးရှိတဲ့အတွက် အလွန်ပင် အလားအလာကောင်းတဲ့ ဈေးကွက်ဖြစ်တယ်လို့ အာဂျီနိုမိုတိုရဲ့ ပြောကြားမှုကို ကိုးကားပြီး သတင်းမှာ ရေးသားထားပါတယ်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်တည်ထောင်ခဲ့တဲ့ Myanmar Ajinomoto Foods ကို ဘန်ကောက်မြို့မှာရှိတဲ့ Ajinomoto SEA Regional Headquarters Co က ၉၀ ရာခိုင်နှုန်းနဲ့ Ajinomoto (Thailand) Co. က ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။

လက်ရှိအချိန်မှာ ဝန်ထမ်း ၈၁ ဦးရှိပေမယ့် လုပ်ငန်းတွေ တိုးချဲ့လာမှုနဲ့အတူ ၂၀၂၀ ပြည့်နှစ်မှာ ဝန်ထမ်း ၆၀၀ အထိ ရှိလာမယ်လို့ မျှော်မှန်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးသားထားပါတယ်။

ဟင်းခတ်မှုန့်ထုတ်ပိုးစက်ရုံအပြင် အရသာမှုန့်တွေ ထုတ်လုပ်ဖို့အတွက်လည်း ထုတ်လုပ်ရေးလိုင်းတစ်ခုတိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

အာဂျီနိုမိုတိုရဲ့ သတင်းထုတ်ပြန်ချက်အရ ၎င်းတို့ရဲ့ Birdy အမှတ်တံဆိပ် 3in1 ကော်ဖီမစ်ထုတ်လုပ်ဖို့အတွက် စက်ရုံတစ်ခုကို သီလဝါစက်မှုဇုန်မှာ ဒေါ်လာ ၂၂ သန်းရင်းနှီးမြှုပ်နှံ တည်ဆောက်နေပြီး လာမယ့် ဧပြီလမှာ ထုတ်လုပ်မှုတွေ စတင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.