မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ထွက်ခွာ

မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ယနေ့ ထွက်ခွာသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုကျိုမြို့တွင် အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့များ၌ ကျင်းပမည့် မဲခေါင်-အာဆီယံထိပ်သီးအစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ ဂျပန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ တက်ရောက်မည်ဖြစ်သည်။

ထို့ပြင် ၎င်း၏ ခြောက်ရက်ကြာခရီးစဉ်အတွင်း ဖူကူရှီးမား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စိုက်ခင်းများသို့ သွားရောက် လေ့လာမည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၇ နှစ်ကြာမြင့်သည့် နေအိမ်အကျယ်ချုပ်မှု လွတ်မြောက်ခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင်အဖြစ် ရှိနေစဉ် ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ထို့ပြင် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံအဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးနှင့် တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်နယ်အကြပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးနေသော်လည်း ဂျပန်နိုင်ငံကမူ မြန်မာနိုင်ငံ၏ အကြပ်အတည်းအား ဖြေရှင်းရေးအတွက် ဆက်လက်ကူညီပေးသွားမည်ဟု ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်ဟု အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar