မူဆယ်-မန္တလေး ရထားလမ်း ဖောက်ရေးအတွက် စတင်လေ့လာရန် နှစ်နိုင်ငံ သဘောတူ

တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတို့ ဆက်သွယ်မည့် ရထားလမ်းဖောက်လုပ်နိုင်ရေးအတွက် လေ့လာသွားရန် တရုတ်နှင့် မြန်မာတို့ သဘောတူညီခဲ့ကြသည်။

ထိုသို့လေ့လာရန်အတွက် တရုတ် နိုင်ငံပိုင် China Railway Eryuan Engineering Group နှင့် မြန်မာအစိုးရပိုင် မြန်မာ့မီးရထားတို့ သဘောတူညီခဲ့ကြသည်ဟု South China Morning Post သတင်းစာက ရေးသားထားသည်။

မြန်နှုန်းမြင့် ရထားလမ်းဖောက်လုပ်ရေးအတွက် နှစ်နိုင်ငံအကြား ၂၀၁၁ ခုနှစ်တွင် သဘောတူညီခဲ့ကြသော်လည်း နောက်တစ်နှစ်အကြာတွင် အဆိုပါသဘောတူညီချက်ကို မြန်မာအစိုးရက ဖျက်သိမ်းခဲ့သည်။ ထိုစဉ်ကတည်းက မူဆယ်မှ မန္တလေးအထိ ဖောက်လုပ်မည့် ရထားလမ်းအတွက် လမ်းအူကြောင်းကို အဆိုပြုထားခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဖြတ်ကျော်ရထားလမ်းစီမံကိန်းအတွက် ဆွေးနွေးမှုများကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရ အာဏာရရှိခဲ့ပြီးနောက် ပြန်လည်စတင်ခဲ့ကြသည်ဟု သတင်းစာက ရေးသားထားသည်။

အဆိုပါ ရထားလမ်းသစ်စီမံကိန်းသည် မြန်မာနိုင်ငံ အမျိုးသား ပို့ဆောင်ရေး ပင်မ စီမံကိန်း၏ ဦးစားပေး အကောင်အထည်ဖော်ရန် လိုအပ်သော သယ်ယူ ပို့ဆောင်ရေး စြင်္က ံငါးခုတွင် ပါဝင်သည်ဟု အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။

ထို့ပြင် UNESCAP က ဦးဆောင် အကောင်အထည်ဖော်လျက်ရှိသော အာရှဖြတ်သန်း ရထားလမ်းမကြီး ကွန်ရက်၏ တောင်ဘက် စြင်္က ံပေါ်တွင် တည်ရှိသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ကာ အိန္ဒိယနိုင်ငံ အရှေ့ဘက်သို့ ချိတ်ဆက်၍ ဥရောပအထိ ဖြတ်သန်း သွားလာနိုင်သည့် အလားအလာကို လည်းကောင်း၊ တောင်ဘက်ရှိ အင်ဒိုချိုင်းနား ကျွန်းဆွယ်အထိ ဆက်သွယ်နိုင်မည့် အလားအလာကိုလည်းကောင်း အရှိန်မြှင့်တင်တိုးချဲ့ အကောင်အထည်ဖော်နိုင်မည့် အလားအလာများလည်း ရှိသည်ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို နှစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်သလို အဆိုပြုထားသည့် ရထားလမ်း အူကြောင်းတစ်လျောက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ သက်ရောက်နိုင်မှုများကိုပါ လေ့လာသွားမည် ဖြစ်သည်။

ထိုရထားလမ်းအား ဖောက်သင့်သောလမ်းတစ်ခုအဖြစ် ပြည်သူလူထုက လက်ခံလာမည်ဟုဆိုလျှင် အောင်မြင်မည်ဖြစ်သည်ဟုလည်း ဦးသန့်စင်မောင်က ပြောကြားသည်။ လေ့လာမည့်ကာလကို နှစ်နှစ် သတ်မှတ်ထားသော်လည်း တစ်နှစ်အတွင်း အပြီးဆောင်ရွက်မည်ဟု မျှော်မှန်းထားကြောင်းလည်း ၎င်းကပြောသည်။

တရုတ်နိုင်ငံပိုင် Global Times သတင်းစာ၏ အဆိုအရ ရထားလမ်းမှာ ၂၆၈ မိုင်ရှည်လျားပြီး တစ်နာရီလျှင် ၉၉  မိုင်နှုန်းဖြင့် ရထားများ ခုတ်မောင်းနိုင်အောင် တည်ဆောက်သွားမည်ဖြစ်သည်။

ထိုရထားလမ်းစီမံကိန်းအား “သိပ်မကြာမီ စတင်သွားလိမ့်မည်” ဟု မြန်မာအစိုးရ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူ ဦးသောင်းထွန်းက South China Morning Post ကို ပြီးခဲ့သည့် ဇွန်လတွင် ပြောကြားခဲ့သည်။ ထို့ပြင် ရထားလမ်းအား ရန်ကုန်နှင့် ကျောက်ဖြူအထိ တိုးချဲ့သွားမည့် အလားအလာလည်းရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ရထားလမ်း ဖြတ်သန်းသွားရမည့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသော နေရာများ ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.