ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ရခိုင်၌ လူထောင်ပေါင်းများစွာ ဆန္ဒပြ

ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်အသိုက်အဝန်းနှင့် ပတ်သက်ပြီး အစိုးရ၏ ပြောကြားချက်ကို ကန့်ကွက်သည့် ဆန္ဒပြပွဲများကို သံဃာတော်များအပါအဝင် ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာက ရခိုင်ပြည်နယ်တစ်ဝှမ်း၌ ဇူလိုင် ၃ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

မူဆလင်များအား ဆန့်ကျင်မှုများးသည် ပြီးခဲ့သည့် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြန်လည်ထကြွလာပြီး ရက်သတ္တပတ် တစ်ပတ်အတွင်း မူဆလင်များ၏ ဝတ်ပြုကိုးကွယ်သည့် အဆောက်အအုံနှစ်ခု ဖျက်ဆီးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်က နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး ပဋိပက္ခများကြောင့် လူပေါင်းများစွာ သေကြေခဲ့ကြရသည်။

ရိုဟင်ဂျာ မူဆလင် တစ်သန်းခန့်ရှိနေသည့် ရခိုင်ပြည်နယ်တွင် အဆိုပါပဋိပက္ခ၏ ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီးနောက် လူထောင်ပေါင်းများစွာမှာ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်သည်။

ရိုဟင်ဂျာများအား ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များက အသိအမှတ်ပြုရန်နှင့် အခွင့်အရေးများပေးရန် ငြင်းဆန်ထားကြပြီး ၎င်းတို့အား ဘင်္ဂါလီ၊ သို့မဟုတ် ဘင်္ဂလားဒေရှ့်မှ တရားမဝင် ဝင်ရောက်လာကြသူများဟုသာ ခေါ်ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်ကလည်း ရိုဟင်ဂျာဟူသည့် အခေါ်အဝေါ်ကြောင့် အန္တရာယ်ဖြစ်ပွားနိုင်သည့် အခြေအနေကို ထိန်းသိမ်းသည့်အနေဖြင့် ရခိုင်ပြည်နယ်မှ မူဆလင်အသိုက်အဝန်းဟုသာ ခေါ်ဝေါ်ရန် တာဝန်ရှိသူများအား တိုက်တွန်းထားသည်။

သို့သော် ဇူလိုင် ၃ ရက်နေ့က ဆန္ဒပြသူများက ထိုကဲ့သို့ ခေါ်ဝေါ်သုံးနှုန်းမှုကိုလည်း လက်မခံနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

“ရခိုင်ပြည်နယ်က မူဆလင်အသိုက်အဝန်းဆိုတဲ့ အခေါ်အဝေါ်ကိုလည်း ကျွန်တော်တို့ ကန့်ကွက်ပါတယ်” ဟု ဆန္ဒပြပွဲအား စီစဉ်သူ ဦးကျော့စိန်က အေအက်ဖ်ပီကို ပြောကြားသည်။ ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကျင်းပခဲ့သည့် ဆန္ဒပြပွဲအား ရဟန်းတော်များအပါအဝင် လူ ၁၀၀၀ ကျော် ပါဝင်ဆင်နွှဲကြသည်ဟုလည်း ၎င်းကထပ်မံ ပြောကြားသည်။

ဆန္ဒပြသူများက “ရခိုင်ပြည်နယ်ကို ကာကွယ်ပါ” အပါအဝင် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။ အလားတူ သံတွဲမြို့တွင်လည်း လူ ၁,၀၀၀ ခန့် ဆန္ဒပြခဲ့ကြသည်။

“ဘင်္ဂါလီကို ဘင်္ဂါလီလို့ပဲ ခေါ်သင့်ပါတယ်” ဟု ဒေသခံ ရခိုင်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုဖိုးသာလေးက အေအက်ဖ်ပီကို ပြောသည်။ ဇူလိုင် ၃ ရက်နေ့က ရခိုင်ပြည်နယ် တစ်ခုလုံးရှိ မြို့နယ် ၁၇ ခုတွင် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်ဟု ၎င်းက ထပ်မံ ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar