ရန်ကုန်၊ ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင်ဧပြီ ၂၀ ရက်နေ့က အပူချိန်သည် ၄၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ ်(၁၀၇ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)အထိရှိခဲ့ကာအဆိုပါအပူချိန်သည် ပြီးခဲ့သည့် ၃၂ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် ဖြူးမြို့သည် ဧပြီလတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း အပူချိန်စံချိန်တင်ခဲ့သည့် ခုနစ်ခု မြောက် ဒေသလည်းဖြစ်လာသည်။
ဧပြီလအတွင်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းမြို့များဖြစ်သော ချောက်၊ စစ်ကိုင်း ၊ရမည်းသင်း၊ မိထ္ထီလာ၊ ဟဲဟိုးနှင့် မိုးမိတ်စသည့် မြို့များတွင်လည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း အပူချိန်စံချိန်တင်ခဲ့သည်။
class=
ယခုနှစ်နွေရာသီတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စံချိန်တင်အပူချိန်များ မြင့်တက်လျက်ရှိပြီး သောက်သုံးရေများ ပြတ်လပ်နေသဖြင့် သောက်သုံးရေ ဂါလံသောင်းနှင့်ချီကာ အရေးပေါ်ဖြန့်ဝေရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အပူချိန် စံချိန်တင်ခဲ့သည့် ဖြူးမြို့တွင်လည်း သောက်သုံးရေ အရေးပေါ်အကူအညီ တောင်းခံပါက ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
သတင်း- ထွန်းခိုင်