ဖြူးတွင် ၃၂ နှစ်အတွင်း စံချိန်တင် အပူချိန်သို့ ရောက်ရှိ

ရန်ကုန်၊ ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင်ဧပြီ ၂၀ ရက်နေ့က အပူချိန်သည် ၄၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ ်(၁၀၇ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)အထိရှိခဲ့ကာအဆိုပါအပူချိန်သည် ပြီးခဲ့သည့် ၃၂ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။

ထို့ကြောင့် ဖြူးမြို့သည် ဧပြီလတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း အပူချိန်စံချိန်တင်ခဲ့သည့် ခုနစ်ခု မြောက် ဒေသလည်းဖြစ်လာသည်။

 class=ဧပြီလအတွင်းတွင် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းမြို့များဖြစ်သော ချောက်၊ စစ်ကိုင်း ၊ရမည်းသင်း၊ မိထ္ထီလာ၊ ဟဲဟိုးနှင့် မိုးမိတ်စသည့် မြို့များတွင်လည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း အပူချိန်စံချိန်တင်ခဲ့သည်။

class=

ယခုနှစ်နွေရာသီတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စံချိန်တင်အပူချိန်များ မြင့်တက်လျက်ရှိပြီး သောက်သုံးရေများ ပြတ်လပ်နေသဖြင့် သောက်သုံးရေ ဂါလံသောင်းနှင့်ချီကာ အရေးပေါ်ဖြန့်ဝေရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အပူချိန် စံချိန်တင်ခဲ့သည့် ဖြူးမြို့တွင်လည်း သောက်သုံးရေ အရေးပေါ်အကူအညီ တောင်းခံပါက ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

သတင်း- ထွန်းခိုင်

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar