ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသား တစ်သိန်းခွဲခန့် စင်ကာပူသို့ သွားရောက်လည်ပတ်

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ဧည့်သည် ၁၄၆,၀၀၀ ဦး စင်ကာပူသို့ လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်ကစံချိန်ကို ကျော်လွန်ခဲ့ကြောင်း SINGAPORE TOURISM BOARD က ပြောကြားသည်။

၂၀၁၆ ခုနှစ်က စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံသား ၁၁၄,၀၀၀ ဦး လည်ပတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၂၈ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်းဖြစ်သည်ဟု စာရင်းများအရ သိရသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ သြင်္ကန်ကာလခရီးသွားရာသီတွင် တစ်လအတွင်း ခရီးသည် ၂၀,၀၀၀ ခန့် လာရောက်ခဲ့သည့်အတွက် တစ်လအတွင်း မြန်မာခရီးသည်အရေအတွက် အများဆုံးလလည်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မိသားစုလိုရင်းနှီးချစ်ခင်တဲ့ ပတ်ဝန်းကျင်၊ လမ်းညွှန်ရတာ လွယ်ကူမှု၊ အပန်းဖြေဖို့ဆွဲဆောင်နိုင်တဲ့ နေရာတွေ၊ တစ်နှစ်ပတ်လုံးကျင်းပနေတဲ့ ပွဲလမ်းသဘင်တွေရဲ့ စွဲဆောင်မှုတွေကြောင့် မြန်မာခရီးသွား ဧည့်သည်တွေအနေနဲ့ စင်ကာပူကို လည်ပတ်ဖို့ ပိုမို ရွေးချယ်လာကြပါတယ်။ ၂၀၁၆ ဒီဇင်ဘာမှာ ဗီဇာလိုအပ်ချက်ကို ပယ်ဖျက်လိုက်တာကြောင့် စင်ကာပူကိုလာဖို့ ပိုလွယ်ကူသွားတယ်။ အချိန်ကြန့်ကြာမှု မရှိတော့ဘူး။ ခရီးသွားဖို့စီစဉ်ရတာ ဗျာမများတော့ဘူး။ ၂၀၁၇ ခုနှစ် ခရီးသွားလုပ်ငန်းရလဒ်က အလွန်အားတက်စရာ ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာခရီးသွားတွေ စင်ကာပူကို ဘာကြောင့် ထပ်ခါထပ်ခါ သွားပြန်လည်သင့်လဲဆိုတာကို ပြသဖို့ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာပိုပြီး စတင်ဦးဆောင် မိတ်ဆက်သွားပါဦးမယ်” ဟု Singapore Tourism Board ၏ International Relations & Market Planning & Oceania မှ Executive Director ဖြစ်သူ Mr. John Conceicao က ပြောကြားသည်။

မြန်မာဧည့်သည်များ စင်ကာပူနိုင်ငံသို့ လည်ပတ်မှုက  တစ်နှစ်ထက်တစ်နှစ် တိုးတက်လာရာ  ၂၀၁၇ ခုနှစ်တွင် အခြားအာရှဈေးကွက်များ အားလုံးကို ကျော်လွန်၍ ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်ဟု ဆိုသည်။

Singapore Tourism Board (STB) က လာမည့် မတ်လတွင် မန္တလေးမြို့မှ ခရီးသည်များအတွက် ပထမဆုံးအကြိမ် အထူးခရီးသွားအစီအစဉ်ကို မိတ်ဆက်ပေးခြင်း၊ အဆိုတော် ဟဲလေးအား စင်ကာပူ Brand Personality အဖြစ် ခန့်အပ်ခြင်းနှင့် မြန်မာနိုင်ငံအတွက် ၂၀၁၈ ခုနှစ် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိသားစုနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် ပင်လယ်အပျော်စီး သင်္ဘောအထူးခရီးစဉ်တို့ကို မိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.